Thursday, November 11, 2021

🍁တာဝန် နှင့် ဝတ္တရား🍁


ကျွန်ုပ်တို့မှာ ထမ်းဆောင်ရမည့် လက်ရှိခေတ်ရဲ့တာဝန်၊ သမိုင်းကပေးတဲ့ တာဝန်‌တေွအပြင် မိမိစိတ်စေတနာ နဲ့ ယုံကြည်ချက်အရ ထမ်းဆောင်နေကြတဲ့ တာဝန်တွေရှိပါတယ်။

သို့သာ် ကျွန်ုပ်တို့လူသားတွေမှာ စောင့်ထိန်းရမယ့် လောကဝတ်၊ ဓမ္မဝတ်၊ ပုဂ္ဂလဝတ်တွေ လည်းရှိနေပြန်ပါသေးတယ်။

တာဝန်နဲ့ဝတ္တရား ရွေးချယ်စရာရှိလာတဲ့ခါ 
ဘယ်လိုဆုံးဖြက်ကြမလဲ......?
----------------------------------
ပုဂံခေတ်အပျက် စစ်ကိုင်းခေတ်အရောက် သူတစ်လူငါတစ်မင်းနဲ့ မြန်မာနိုင်ငံရေးရှပ်ထွေးနေချိန်တုန်းကပေါ့......

 á€„ဍးစဎးရသင်ကဝ္ဏ်စွဏနဲအ အသင်္ခယာစောယွန်း တို့
 á€Šá€Žá€€á€­á€Żá€›á€„á€şá€¸á€–á€źá€…á€şá€žá€ąá€Źá€şá€„á€źá€Źá€¸á€œá€Šá€şá€¸ အာဏာခြင်းပြိုင်
 á€Ąá€”ိုင်ရခဝင်စိတ်ကိုယ်စဎနဲအ ယှဥ်ပြိုင်နေကြစဥ််မှာ

ငါးစီးရှင်ကျော်စွာက အသင်္ခယာစောယွန်းကို
 á€œá€Żá€•်ကဟလဖိုအ ကျွန်ဖြစ်သူ ငခင်ညိုကို
 á€á€Źá€á€”á€şá€•á€ąá€¸á€œá€­á€Żá€€á€şá€•á€Ťá€á€šá€şá‹

အသင်္ခယာစောယွန်းကို လုပ်ကြံဖို့လာတဲ့ 
ကျွန်ငခင်ညိုဟာ အသင်္ခယာစောယွန်းကို 
လုပ်ကြံဖို့ တောထဲမှာ ၃ရက်တိတိ အစာရေစာ
အငက်ခံပြီးပုန်းအောင်းနေပြီးမှ အသင်္ခယာစောယွန်းရဲ့ နန်းတော်ထဲကိုခိုးပြီးဝင်နိုင်ခဲ့ပါတယ်။

နန်းတော်ထဲကို ရောက်ရောက်ခြင်းမှာပဲ  
မဟာဂီရိနတ်ကိုတင်ထားတဲ့ ပွဲတော်က ထမင်းဟင်းကို မြင်တာနဲ့ ဆာ‌လောင်နေတဲ့ကျွန်ငခင်ညိုဟာ 
နတ်တင်ထားတဲ့ ပွဲတော်ကိုစားလိုက်မိပါတော့တယ်။

စားသောက်ပြီးကာမှ အိပ်ပျော်နေတဲ့ အသင်္ခယာစောယွန်းကို လုပ်ကြံဖို့ချည်းကပ်ပါတယ်။
အိပ်မောကျနေတဲ့ အသင်္ခယာစောယွန်းကို အသင့်ပါလာတဲ့ ဓားနဲ့ ခုတ်ပိုင်းဖို့ရာ ဓားအိမ်ကနေထုတ်ခါနီးမှာ 
ကျွန်ငခင်ညိုဟာ ဒီလိုတွေးမိပါတော့တယ်။

"ဤမင်း၏ ထမင်းကို ငါယခုပင်စားခဲ့ရပြီ၊
 á€¤á€™á€„á€şá€¸á€žá€Šá€şá€šá€á€Żá€•á€„á€şá€„á€Ťá ထမင်းသခင်ကျေးဇူးရှင်
ဖြစ်ခဲ့ပေပြီ ထမင်းသခင်ကျေးဇူးရှင်ကို သက်သော် ငါ့၌အလွန်ပင်ဝန်လေးလတ္တံ၊ သို့သော်ငါ့၌ ဘုရင်မင်းမြတ်ကပေးလိုက်သည့် တာဝန်ကရှိသေးသည် တာဝန်မကျေခဲ့လျှင် ငါ့အရှင်သည် ငါ့အားကွပ်မျက်ပေလိမ့်မယ်၊ သို့သော် ငါ့အရှင်ကွပ်မျက်က ဒီတစ်ဘဝသာ သေရပေလိမ့်မည်၊ ထမင်းသခင်ကျေးဇူးရှင်ကို ပစ်မှားမိသော် သံသရာအဆက်ဆက် ခံရပေလိမ့်မည်" 

ကျွန်ငခင်ညိုဟာ ဒီလို တွေးပြီး ဓားအိမ်ထဲမှဓားကို 
ထုတ်ချီသွင်းချီနှင့် စဥ်းစားနေပါတော့တယ်...။
နောက်ဆုံးမှာတော့ ငခင်ညိုဟာ အသင်္ခယာစောယွန်းရဲ့ ပတ္တမြားဓားကိုသာယူခဲ့ပြီး ပြန်ထွက်လာပါတော့တယ်။

ဒီနေရာမှာ ကျွန်ငခင်ညိုရဲ့ စိတ်အတွေးကို 
သုံးသပ်မိပါတယ်။

နိုင်ငံရေးအရ မဖြစ်မနေ အသင်္ခယာစောယွန်းကိုလုပ်ကြံဖို့ရာ တာဝန်ရှိပါတယ်။
သို့သော် တစ်လုတ်စားဖူးသူကျေးဇူးကို ငခင်ညိုသိတယ်၊ ဒါဟာ "ဓမ္မ" ကိုသိခြင်းပါ။

အသင်္ခယာစောယွန်းကိုမလုပ်ကြံခဲ့လျှင်လည်း အရှင်သခင်ရဲ့ အမျက်တော်ရှပြီး ကွပ်မျက်ခံရမှာပါ။

အသင်္ခယာစောယွန်း မသေခဲ့လျှင် မိမိ၏နယ်မြေကို 
အသင်္ခယာစောယွန်း လာပြီးမသိမ်းပိုက်နိုင်ဟူ၍ 
မပြောနိုင်ပါ။

သို့သော် ကျွန်ငခင်ညိုမှာ အသိရှိတယ် ပညာရှိတယ် 
သံသရာတစ်ဆုံးထိ အကျိုးယုတ်ရမယ့် အရေးကိုမြင်တယ်။

လည်ပင်း‌ပေါ်ကျလာမယ့်အရှင်သခင်ရဲ့ ဓားကိုလည်းမြင်ပါတယ်...။

ဒါကြောင့် ရန်သူဘုရင် အသင်္ခယာစောယွန်းရဲ့ 
ဓားကိုသာယူခဲ့ပြီး....၊သတ်လိုက သတ်နိုင်ခဲ့တယ် သို့သော် ကျေးဇူးတရားကို ထောက်၍ မသတ်ခဲ့ခြင်းသာ ဖြစ်တယ်ဆိုတာ သက်သေအရာနဲ့ ရန်သူဘုရင်ရဲ့ဓားကို အရှင်သခင်ဘုရင်ကို ဆက်သလိုက်ပါတယ်။

အိပ်ယာနိုးလို့ ဓားပျောက်နေတာသိရင် ရန်သူဘုရင်
 á€Ąá€žá€„á€şá€šá€á€šá€Źá€…á€ąá€Źá€šá€˝á€”á€şá€¸á€œá€Šá€şá€¸ သဘောပေါက်ပါလိမ့်မယ်ပေါ့....။

ဒီအချင်းရာတွေက သမိုင်းမှာတော့ ထည့်ရေးမထားပါဘူး သို့သော်မိမိအနေနဲ့ သုံးသပ်မိခြင်းသာဖြစ်ပါတယ်။

ယနေ့ခေတ်အချိန်ခါမှာ

နိုင်ငံရေးကွဲလွဲမှု ယုံကြည်မှုကွဲလွဲမှုဖြင့် သာမာန်ကျေးဇူးရှိဖူးသူမဆိုထားနဲ့ အနှိုင်းမဲ့ကျေးဇူးရှိတဲ့
 á€Ąá€”á€”á€šá€á€‚á€­á€Żá€á€şá€¸á€á€„á€şá€–á€źá€…á€şá€á€˛á€ˇá€†á€›á€Źá€€á€­á€Ż တပည့်ကလုပ်ကြံ၊
မိဘကို သားသမီးကစော်ကား၊ရဟန်းသံဃာကိုပင် အရှင်မထားပဲ သတိပညာကင်းမဲ့ကာ အဓမ္မနဲ့ တာဝန်ထမ်းနေပြခြင်းတွေဒုနဲ့ဒေးပါပဲ...။

ဒီလိုလူတွေတွေဟာ `ကျွန်' တစ်ယောက်ရဲ့ အတွေးမြင် ပညာ ဓမ္မလောက်သော် မှ ဂုဏ်သိက္ခာ မရှိတာ ထင်ရှားလွန်းလှပါတယ်...။

မိမိရန်ငြိုးထားသူက ဆရာဖြစ်နေတယ်၊မိဘဖြစ်နေတယ်၊သံဃာဖြစ်နေတယ် ကျေးဇူးရှိဖူးသူဖြစ်နေတယ်ပဲထားပါတော့ ကျွန်ငခင်ညိုလိုရွေးချယ်ပြီး ပညာပြလို့မရနိုင်ဘူးလား၊ မိမိဒီလိုတွေးမိပါတယ်...။

နိုင်ငံရေးကို ဓမ္မအမြင်နဲ့ဆုံးဖြက်မယ်ဆို
ဘဝတစ်ဆုံးအပြင် သံသရာအဆုံးထိ အကျိုး အပြစ်ကို ကြည့်တက်ဖို့လိုမယ်ထင်ပါတယ်...။

ကျွန်ငခင်ညိုဘာတွေဆက်ဖြစ်လဲ၊စေခိုင်းသူ ငါးစီးရှင်ကျော်စွာဘာပြောလဲ ကြည့်ကြဦးစို့...။

ကျွန်ငခင်ညိုတစ်ယောက်
အသင်္ခယာစောယွန်းကို မလုပ်ကြံပဲ ဓားကိုသာယူပြီး အရှင်သခင် ငါးစီးရှင်ကျော်စွာကို ဖြစ်‌ေကြာင်းကုန်စင်‌ေပြာပြပြီးအရိုးသားဆုံးဝန်ခံကာ ဓားကိုအပ်နှင်းပါတယ်...။

ဒီအချိန်မှာ ငါးစီးရှင်ကျော်စွာသာ သာမန်ပုဂ္ဂိုလ်တစ်ယောက်သာဆို

"ဟယ်ကျွန်စုတ် တသက်လုံးနင့်ကို ထမင်းကျွေးလာတာ ငါ့ရဲ့ကျေးဇူးထက် တစ်ခါပဲစားဖူးတဲ့ ထမင်းရှင်ကိုကျေးဇူးတင်နေသလား "ဆိုပြီး သန်လျက်နဲ့ပိုင်းချလိုက်မယ်ထင်ပါတယ်၊
သို့သော် ငါးစီးရှင်ကျော်စွာသည် ဒီလိုမတွေးခဲ့ပါ၊
"ငါ့ကျွန်ငခင်ညိုသည် တစ်ခါသာစားဖူးသော ထမင်းရှင်ရဲ့ကျေးဇူးကိုသိတက်၏၊ ငါကဲ့သို့ တသက်လုံး သူ၏ သားမယားပါမကျန် ကျွေးမွေးထားသူသာဆိုလျှင် ပြောစရာမရှိအောင် ကျေးဇူးသိတက်ပေလိမ့်မည်" ဆိုပြီး အပြစ်မတင်တဲ့အပြင် ဆုလာဘ်တွေပါ ပေးသနားချီးမြှင့်လိုက်ပါတယ်...။

ဒီနေ့ခေတ် လူငယ်လေးတွေကို မိဘ၊ဆရာ၊သံဃာ၊ခင်ပွန်းကြီးဆယ်ပါးပါမကျန် လုပ်ကြံဖို့စေခိုင်းသူတွေ အားပေးသူတွေသိထားသင့်တာက

အနန္တကျေးဇူးရှင်ကိုတောင် လုပ်ကြံပစ်မှားဖို့ ဝန်မလေးသူဟာ ကျေးဇူးပင်မရှိတဲ့ စေခိုင်းသူ အားပေးသူတို့အပေါ်မှာ မလုပ်ကြံ မပြစ်မှားဘူးလို့ အာမမခံနိုင်ပါဘူး
နောက်တစ်ခုကအပေါင်းသင်းမိတ်ဆွေ၊မိဘ၊ဆရာ၊ခင်ပွန်းကြီး ၁၀ပါး အပေါ်မှာတောင် သစ္စာ မစောင့်သူတို့ဟာ မနေ့တနေ့ကမှ သိကျွမ်းဝင် ပေါင်းသင်းဆက်ဆံ ဆရာလုပ်နေတဲ့ သူတွေအပေါ်မှာ သစ္စာရှိပါမည်လို့
 á€Ąá€Źá€™á€™á€á€śá€”á€­á€Żá€„á€şá€•á€Ťá€˜á€°á€¸...။

တိုင်းပြည်တာဝန်၊ ဘုရင့်တာဝန်၊ ကျွန်တစ်ယောက်ရဲ့တာဝန်ကို လောကဝတ် ဓမ္မဝတ် နဲ့ ကျေပွန်ခဲ့တဲ့ 
ကျွန်ငခင်ညို မှားလား? မှန်လား?

သားသမီးဝတ်၊တပည့်ဝတ်၊သာဝကဝတ်
 á€€á€­á€Żá€–္ဏက်ဖဝက်ပဟဎး.... ယုံကြည်ချက်ရဲ့တာဝန်ကိုသာထမ်းတဲ့ Generation X,Y,Zတွေကရော ဓမ္မလား...? အဓမ္မလား......?

မိတ်ဆွေတို့ရော 
ဘယ်လိုထင်ပါသလဲ?
ဘယ်လိုမြင်ပါသလဲ?
Commentမှာ ဆွေးနွေးငြင်းခုန် ရန်ဖြစ်သွားလို့ရပါတယ်.....

#Thazin_Oo


Related Posts: