Saturday, November 13, 2021

တစ်ကျော့ပြန် လာတော့မည့် စာမတတ်သူ ပပျောက်ရေး။


    နိုင်ငံရေး စစ်ရေးနှင့် သူ့ကျွန်ဘဝ တွင်ကြာမြင့်စွာနေခဲ့ရမှု များကြောင့် လွတ်လပ်ပြီးစ မြန်မာနိုင်ငံတွင် စာမတက်သူ ဦးရေ များပြားခဲ့သည်။ 
ထို့ကြောင့် မိတ္ထီလာမြို့နယ် အရှေ့စံပြ ကျေးရွာ၌ ဆရာကြီး ဦးသံဗျင်(၁၉ဝ၄-၁၉၉၇) 
ဦးဆောင်၍ စာမတတ်သူပပျောက်ရေးကို ၁၉၆၄
ခုနှစ်နွေရာသီတွင် သင်းတန်းသားကျောင်းဆရာ
လေးဦးဖြင့် စတင်ခဲ့ရာ အောင်မြင်မှုရှိသော
ကြောင့် ထိုစဥ်က ပညာရေးဝန်ကြီး ဗိုလ်မှူးကြီး 
သိုဟန် ထံသို့ တင်ပြခဲ့သည်။
       ဦးနေဝင်း ၏ မဆလ အစိုးရသည် ကောင်းမွန်သော ၎င်းအစီအစဥ်အား အကြီးအကျယ် ကူညီပံ့ပိုးလေရာ ဆရာကြီး
ဦးသံဗျင်ဦးဆောင်၍ တစ်နိုင်ငံလုံးမှ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ( ၅) သိန်းကျော်ပါဝင်ကာ လုပ်အားပေး၍ တစ်နိုင်ငံလုံး သင်ကြားပေးခဲ့ကြသည်။     
၁၉၆၄ မှ ၁၉၈၄ ထိ ဆောင်ရွက်ခဲ့သော စာမတတ်သူပပျောက်ရေး လှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံတွင် စာမတတ်သူဦးရေမှာ မပြောပလောက်သော အခြေအနေထိဖြစ်ခဲ့သည်။

ထိုအချိန်မှစ၍ အ သုံးလုံး ဟူသော ဝေါဟာရ ပေါ်လာသည်။ အရေး ၊ အဖတ် ၊ အတွက် ကို အသုံးလုံးဟူ အတိုကောက်ခေါ်ခြင်းဖြစ်သည်။
စာသင်ရာတွင် သီချင်းကဗျာများစပ်ဆို၍ သင်ကြားလေရာ...

 " ကျောင်းတတ်ချိန် " ကဗျာတွင်ပါဝင်သော 
ဝ၊ ထ၊ က၊ လ၊ သ၊ သည် ရေပန်းစားသော
ဝေါဟာရဖြစ်ခဲ့သည်။ ( ဝက်ထီးကန်လုပ်သား ဟူ၍ နောက်ပြောင်ခဲ့ကြသည်) 

ထို ကျောင်းတတ်ချိန်ကဗျာအား ဂီတလုလင်မောင်ကိုကိုနှင့် အဖွဲ့မှ သီချင်းဖွဲ့ဆို၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုပ်လွှင့်ရာ ဝ ထ က လ သ သည် ပို၍လူသိများလာခဲ့ပြီး ဒါရိုက်တာ ဦးသုခ ရိုက်သော
 " ဘယ်သူပြိုင်လို့ လှပါတော့နိုင် " 
ရုပ်ရှင်ကားတွင် ဇာတ်ဝင်တေးအဖြစ် အသုံးပြုခဲ့သည်။
မူရင်းကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်......

"​​ ကျောင်း တတ် ချိန်" 
==========
ညမှာထိန်လင်း၊ လပြည့်ဝန်းလို
 ရေးမယ်ဆိုက၊ ဝခေါ်သတဲ့ ဦးကြီးရဲ့။
 ဝကိုနှစ်လုံး၊ ပူးလျက်သုံးက ထခေါ်သဗျ၊ အဒေါ်ရ။ 
ထကိုအောက်ဖျက်၊ အသံထွက်ကို ကဆိုသတဲ့ ဦးကြီးရဲ့။
 ထစာလုံးကို၊ ဘယ်မှာအောက်ဖျက် ညာထက်ဖျက်က၊ လခေါ်သဗျ အဒေါ်ရ။ 
ထစာလုံးရေး၊ ဘယ်မှာဘေးဖွင့် ညာထက်ပွင့်ကို၊ သခေါ်သတဲ့ ဦးကြီးရဲ့။
 ဦးဦး ဒေါ်ဒေါ်၊ အခေါ်အဝေါ်၊ မလွဲချော်အောင် အော်ဟစ်ခါခါ၊ ဆိုကြပါဗျ ဝ ထ က လ သ......။

စာမတတ်သူပပျောက်ရေး အောင်မြင်ပြီးနောက်တွင်
ခေတ်သစ်တပ်မတော်အစိုးရသည် 
#စာမဖတ်သူပပျောက်ရေး ကို ဦးတည်လာခဲ့သည်။ ကျေးရွာတိုင်း စာကြည့်တိုက်ရှိရန် ကြိုးစားဆောင်ရွက်ခဲ့သော်လဲ ဒေါ်စု ဦးဆောင်သော NLD အစိုးရ လက်ထက်မှ ယနေ့ထိ စာကြည့်တိုက် စီမံကိန်းမှာ ထပ်မံ၍တိုးတတ်လာခြင်းမရှိတေ့ာပေ။

ထိုထက်ပိိုဆိုးသည်မှာ စာမတတ်ရန်ပင် ပြန်လည်၍ အားထုပ်နေသည်ကို တွေ့ရသည်။

ကူးစက်ရောဂါကြောင့် ကျောင်များ ​တစ်နှစ်ပိတ်ထားရခြင်းကို ကာကွယ်ဆေးများ ဦးစားပေးထိုးနှံခြင်းဖြင့် နစက အစိုးရမှ ဖြေရှင်းပေးခဲ့သည်။
ယခု ကလေးများ ကျောင်းတတ်နှုံး အလွန်နဲနေသည်မှာ NLD မှပေါက်ဖွားလာသော PDF 
ကြောင့် ပါသကဲ့သို့ ဝါဒမှိုင်းများ မိနေခြင်းကြောင့်လဲဖစ်သည်။ ဘားအံမြို့ မိဇံရွာတွင်
ကျောင်းပြန်ဖွင့် ပါလျက် တစ်ရွာလုံး ကျောင်းလာမအပ် ကြ။ ဗုံးခွဲ ခံရမှာ ကြောက်လို့ဟု ဆိုသည်။

နိုင်ငံရေးအခြေအနေဒီတိုင်းဆက်သွားလျှင် နောက်နှစ်ထိ ကျောင်းများ ၁၀၀ % ပြန်ဖွင့်ရန်မလွယ်။
ထိုသိုဖြစ်လျှင် ၂၀၁၉ ခုတွင် Kg တတ်ရမည့်ကလေးသည် ၂၀၂၂ တွင် ရည်းစားထားနေလောက်ပေပြီ။ ၂၀၂၀ မှ ၉ တန်းကျောင်းသားကျောင်းသူများနှင့် ၁၀ တန်းကျသော ကလေးများသည် ကျောင်းပြန်ဖွင့်ချိန်တွင် အိမ်ထောင်ကျနေသူ အများအပြားရှိနေနိုင်သည်။

ထိုသိုဆိုလျှင် ၈ နှစ် ၉ နှစ် မှ kg စတတ်ရမည့် ကလေး များ သန်းနှင့်ချီ၍ ဆုံးရှုံးနိုင်မည်ဖြစ်လေရာ ယနေ့နိုင်ငံရေးအလှုပ်အခက်အလွန် နောက် အစိုးရသည် #စာမတတ်သူပပျောက်ရေး ကို အစမှ ပြန်လုပ်ရနိုင်ဖွယ်ရှိသည်။

အဲမွန် ဒယာ
Nov/12/2021