Friday, November 5, 2021

လက်မည်း ကွင်းဆက် ရှာပုံတော်


           တနေ့က မိုးသွေး ခေါ် ဆေးသမား ခေါ် ချာတိတ် ရဲ့ ပို့စ် တခု တွေ့လိုက်တယ် ။ 

https://m.facebook.com/story.php?story_fbid=10226406336495910&id=1568264287

         အဲဒီထဲမှာ NUG ရဲ့ လုပ်ဆောင်မှုတွေကို ဝေဖန်ထားတယ် ။ နစက ကျောင်းပိတ်ထားရတဲ့ လေးလ အတွင်း NUG က ပညာရေးအက်ရှင် ဘာတွေ လုပ်ထားသလဲ တဲ့ ။ 

       ပြည်သူတွေကို

 မီတာမဆောင်ရေး 
 ကျောင်းမတက်ရေး 
 ဧည့်စာရင်း မတိုင်ရေး  

        နှိုးဆော်ထားတယ် ။ NUG က အစားထိုးဖို့ ဘာတွေ ပြင်ဆင်ထားလဲ ဆိုပြီး တန်ပြန်ဝေဖန်ရေး လုပ်လိုက်ပါတယ် ။ 

       သနားစရာ နီပိတ်လေးတွေက မိုးသွေးကို ဘယ်သူမှန်း မသိပဲ ဆဲတဲ့သူက ဆဲ ၊ ငတုန်းလို့ ပြောတဲ့သူက ပြော နဲ့ အံမယ် သစ္စာဖောက်ဆိုတာ လုပ်ကြသေးတာ ဗျာ ။ 

       အဲဒီကောင် မိုးသွေးက ၈၈ မှာ အဖမ်းခံရတော့ အသက်အငယ်ဆုံး ဒါကြောင့် သူ့ကို ချာတိတ်လို့ ခေါ်ကြတာ ။ နောက် အပြင်မှာ ဆေးအလွန်သုံးတဲ့ ဆေးသမားမို့ ဆေးသမားလို့ အမည်ပြောင် ထပ်ရတယ် ။ 

        ၂၀၂၁ မတိုင်မှီ NLD လက်ထက်မှာ INGO အယောင်ဆောင် ပြည်ဖျက် အဖွဲ့တွေထဲက ဦးဇော်ဇော် ရဲ့ နိုဗိုတယ် ဟို​တယ် အထပ် တထပ်လုံးကို နှစ်ပေါက်ပေးငှားပြီး မြန်မာလူငယ်တွေကို ဖျက်ဆီးခဲ့တဲ့ အောင်ဒင် ရဲ့ INGO ၊ ပေါင်းကူးDr ကျော်သူ ရဲ့ အဖွဲ့ ၊ မြအေး အဖွဲ့ ၊ မင်းကိုနိုင် အဖွဲ့ တို့ နဲ့ အတူ ကျနော် အမှတ်မမှားရင် ယောမင်းကြီး ဇရပ်ဆွေးနွေးပွဲ ဆိုပြီး တပ်မတော်အပုပ်ချပွဲတွေကို နိုဗိုတယ်မှာ အခန်း ငှားပြီး လုပ်ခဲ့တာ မိုးသွေး ပဲ ဗျ ။ 

          အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားရေးအတွက် GZ ဆိုပြီး စတင်မြှောက်ပေးခဲ့တာ မိုးသွေးပဲ ။ အစောက အဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေ အတွက် ပြည်ပထောက်ပံ့ကြေးရအောင် တောင်းယူကြရာမှာ မိုးသွေးတို့ရဲ့ ထောက်ခံချက်ပါ ရမှ ပေးသဗျာ ။

      အဲဒီထဲမှာ မှ မိုးသွေး နဲ့ အောင်ဒင်တို့က သပိတ်ကာလတွေမှာ လူအုပ်ထဲထိ လိုက်ကြည့်ပြီး အကဲခတ် အမှတ်ပေး ထောက်ပံ့ကြေး ပေးကြသဗျ ။ တူညီဝတ်စုံတွေနဲ့ ခမောက် ဦးထုပ် ဗီနိုင်း တွေက သူ့လူ ငါ့လူ ခွဲပြီး ငွေတောင်းကြဖို့ စီစဥ်ထားတဲ့ အကွက်တွေပါပဲ ။ 

      ထားပါ ပြောချင်တာက အခု NUG ကနေ ဒေါ်လာ သန်း ၈၀၀ ရှာပြီး PDF အတွက်မပါ တဲ့ အခြားလုပ်ငန်းတွေ ပညာရေး CDM အတွက် သုံးမယ် ၊ ငွေတိုက်စာချုပ်လည်း ရောင်းမယ်ဆိုတာ အလကား မဟုတ်ဖူး ဗျ ။ သက်တမ်း နှစ် နှစ် ဆိုတာ သူတောင်းစားသက် ရှည်အောင် ပြောနေတာပါ ။

        အစောက ပြောထားတဲ့ မိုးသွေး ခေါ် ဆေးသမား အချက်ပြပို့စ်တင်ထားလို့ အကြောင်းသိ NUG အဖွဲ့က ဂယောင်ခြောက်ခြား ထလုပ်တဲ့ အကွက်ပါပဲ ဗျာ ။

       မိုးသွေးတို့အုပ်စု မထောက်ခံလို့ ထောက်ပံ့ကြေးမရရင် ငတ်ပြီလေ ။ ဒီတော့ မိုးသွေး အောင်ဒင် တို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို နစက နောက်ကြောင်းလိုက် ရှင်းနိုင်ရင် NUG ထောက်ပံ့ကြေးလမ်းကြောင်း အထစ်အငေါ့ သေချာပေါက် ဖြစ်သွားပါမယ် ။

       ပြည်တွင်း ပြည်ပကနေ အလှူခံနေတာကတော့ မဖြစ်စလောက် ရကြမှာပါ ရေရှည်လည်း မလွယ်ပါဘူး ။ မြန်မာတွေက သိတဲ့အတိုင်းပဲ ပြည်ပမှာ လုပ်နေရတာလည်း လုပ်ခစားများပါတယ် ။ ပြည်တွင်းကတော့ ငတ်နေတာ များပါတယ် ။ အလှူခံပို့စ်တွေမှာ ဘယ်လောက်လှူပါမယ် ဘာညာ ဆိုတာတွေက အလံရှူးတွေ များပါတယ် ။ 

          နောက်ကွယ်က လက်မည်းတွေကို နစက တို့ထိဖို့ ခက်ခဲပါတယ် ။ သို့သော် လက်မည်းတွေ နဲ့ ချိတ်ဆက်ပေးနေတဲ့ မိုးသွေးတို့လို ကွင်းဆက်တွေကို နစက အာရုံစိုက်ပြီး ဖျက်တောက်ဖို့ လုပ်သင့်ပါပြီ ။ ဒီကောင်တွေ အများအားဖြင့် ပြည်တွင်းမှာပဲ ခိုအောင်းပြီး လှုပ်ရှားမှုတွေ အပေါ် အကဲဖြတ်လေ့ ရှိပါတယ် ။ 

         အကောင်းဆုံးက မူးယစ်ဆေးကနေ မိုးသွေးရဲ့ သဲလွန်စလိုက်ရင် ရနိုင်ပါတယ် ။ 

       တဆက်တည်း ဒီနေ့ ဖြစ်ခဲ့ရတဲ့ ဆရာမ ကိစ္စပြောချင်ပါတယ် ။ မူလတုန်းက CDM ဆရာမ ဖြစ်ပါတယ် ။ လင်သားမရှိ သမီးလေး နဲ့ နှစ်ယောက်ပဲ ရှိသတဲ့ ။ NUG က CDM တွေ မထောက်ပံ့တော့ အဆင်မပြေလို့ အလုပ်ပြန်ဝင်ပါတယ် ။ 

       သူ့ကို သတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားကြတယ် ။ ဒီနေ့ သတ်သွားတယ် သတ်တဲ့သူက တရပ်ကွက်ထဲနေ သူ့တပည့်တဲ့ ။ 

         နစက ကနေ လုံခြုံရေးမလုပ်ပေးနိုင်လို့ အသတ်ခံရတယ် ဘယ်လို တာဝန်ယူမှာလဲ.... ? မပြောဘူးလား ကျောင်းတွေ ဖွင့်ရင် ဒါတွေ ဖြစ်မယ်လို့...... ? အစရှိတဲ့ ပို့စ်တွေ မြင်ရပါတယ် ။ 

       မှန်ပါတယ် နစက တာဝန်ပါပဲ ။ ဒီအတွက်လည်း ကျန်ခဲ့တဲ့ သမီးလေးအတွက် ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းရပါမယ် ။ 

      တချို့ကတော့ လူသတ်သမား မိပြီ ဆိုတော့ သေပြီးမှ ဖမ်းမိတာ ပြန်ရှင်မှာလား တဲ့ ၊ မသေခင် ကာကွယ်ပေးရမတဲ့ ။ ဟုတ်တာပေါ့ ကဲ ကျနော် တချက်လောက် မေးချင်ပါတယ် .....

- ကမ္ဘာပေါ်မှာ လူမသတ်ခင် ကြိုတင်ဖမ်းမိတဲ့ နိုင်ငံ ရှိသလား သိချင်ပါတယ် ။ 

- နောက် ဒီအချိန်မှာ ကျောင်းဖွင့်လို့ အသတ်ခံရတယ်ဆိုပြီး ဂေဖန်နေသူတွေကို တချက်မေးပါမယ် ကျောင်းတွေ ပိတ်ထားတဲ့ လေးလတာ ကာလမှာရော အသတ်မခံရဘူးလား ဗျ ။ 

        အခုဟာက တဖက်က ပျော်နေကြတဲ့ လူသတ်တာကို အားပေးကြတဲ့ အကုသိုလ် အစုအဖွဲ့ ။

        အခုဒီဖက်က ကျောင်းမဖွင့်စေချင်လို့ မူလကတည်းက ဝေဖန်နေတဲ့ အမျိုးသားရေးသမား အချို့က ဒါတွေ ဖြစ်လာရင် ပြောလိုက်မဟဲ့ ဆိုပြီး မောင်းတင် စောင့်နေကြတဲ့ အဖွဲ့ ၊ မိမိ မှန်ကြောင်း သက်သေပြချင်လို့ ဖြစ်ပါစေတောင် ဆုတောင်းနေတဲ့ သူတွေ ရှိပါတယ် ။ 

         ဒီတော့ ဒီလိုတွေ ဝေဖန်နေတော့ ဘာတွေပြောင်းသွားမလဲ တွေးကြည့်မိပါတယ် ။ ကျနော့်အတွေ့အကြုံအရတော့ သိပ်ထူးထူးခြားခြား ပြောင်းသွားဖို့ အကြောင်းမမြင်ပါဘူး ။ 

      နစကသည် ပြည်သူတွေ ထောက်ပြဝေဖန်တဲ့ အချက်တွေကို သူလုပ်ပေးဖို့ ဆန္ဒရှိရင် နောက်ပြီး လုပ်ပေးနိုင်ရင် လုပ်ပေးလိုက်တယ် ။ ဆန္ဒမရှိရင် သို့မဟုတ် သူ့ရဲ့ မူဝါဒ ချမှတ်ပြီး ဖြစ်နေရင် သူလမ်းသူလျှောက်နေမှာပါပဲ ။ 

......ဒီတော့ ကိုယ့်လူအချင်းချင်း စိတ်ဓာတ်ခွန်အားပေးကြပါ ၊ ဖေးမကြပါ ၊ ဖြစ်သင့်တာ လုပ်သင့်တာ နဲ့ သူတို့လုပ်ပေးနိုင်လောက်တဲ့ ကိစ္စတွေကို တောင်းဆိုကြပါ ။ ကံကောင်းရင် ကိုယ်တေင်းဆိုတဲ့ ကိစ္စ ဆောင်ရွက်​​ပေးလာပါလိမ့်မယ် ။ တပ်ချုပ်ကြီး ဆဲနေလည်း အပိုပဲလို့ ယူဆပါတယ် ။ 

          လောလောဆယ် ဖြစ်နေတဲ့ စစ်ကိုင်း ချင်း ကိစ္စတွေ ကြည့်လိုက်ပါ ။ တပ်က သူ့စစ်ဆင်ရေး ပလန် အတိုင်း ရှင်းနေတယ် ၊ အခုလောလောဆယ် သိရသလောက် ရွှေဘိုဖက် ရှင်းနေတယ် ။ ရှင်းတဲ့နေရာမှာ နောက်တကြိမ် ပြန်မကြည့်ရအောင် ရှင်းတယ် ။

      သတင်းမထုတ်ပြန်ဖူး ၊ အဆက်အသွယ် မလုပ်ရဖူး ဒါ သူ့မူပဲ ။ တခုသေချာတာကတော့ စစ်ဆင်ရေး နယ်မြေအတွင်းက ဘာသတင်းမှ မကြားရလေ ခင်ဗျားတို့မျိုးချစ်တွေ ဝမ်းသာရတဲ့ ကိစ္စတွေ ဖြစ်နေလေပဲ ဆိုတာ တွေးထားကြပါ ။ 

        လောလောဆယ် အခြေအနေက စစ်ကြောင်းတွေဟာ ဂရပ်ကွက် တကွက်ချင်း ရှင်းထုတ်နေရတယ် ၊ ဇောင်းထနေတဲ့ ဂန့်ဂေါ ဘာညာ နယ်တွေ အလှည့်မရောက်သေးဘူး ၊၊ အချိန်ကျရင် ရောက်လာမှာပါပဲ ။ 

        ကိုရွှေမျိုးဝင်း