Saturday, November 20, 2021

စပါးဗိုက်ကြီးချိန်


          ကျနော်တို့ တောရွာလေးထဲ တည်းခိုအိမ်ဆီရောက်တော့ စားသောက် နားနေတုန်း ကျနော့် နားထဲမှာ မကြားရတာ ကာလအတော်ကြာပြီ ဖြစ်တဲ့ ရေကျသံ သဲ့သဲ့ ကြားလိုက်ရပါတယ် ။ 

       ဒါနဲ့ ရေတံခွန်သံကြားတယ် စမ်းချောင်းရှိလားလို့ မေးကြည့်တော့ အိမ်ရှေ့ဖက်က လျှိုထဲမှာ ရှိသတဲ့ ။ ဒါနဲ့ ကျနော်လည်း သွားကြည့်မိတော့ လေးပေလောက် ပဲ မြင့်တဲ့ ရေတံခွန်သေးသေးလေးနဲ့ ကြည်လင်နေတဲ့ စမ်းချောင်းလေး တွေ့ရလို့ စိတ်ချမ်းသာမိပါတယ် ။ 

       ဒီလို ရေမြေတောတောင်တွေ နဲ့ ကွာဝေးနေရတာ ကာလအတန်ပြီမို့ ရွာပတ်လည် လျှောက်ကြည့်အုံးမယ်ဗျာ လို့ ပြောလိုက်တော့ အိမ်ရှင် အမျိုးသမီးက ပြောသဗျ

"ဆရာရေ စပါးခင်းတွေဖက် သွားကြည့် ဒီအချိန်က စပါးဗိုက်ကြီးချိန် ဆိုတော့ အနံ့လေးက မွှေးနေတာပဲ ''

 "ဟမ်.... ဘယ်လို စပါးဗိုက်ကြီးချိန်လဲ ဗျ ''

"သြော် အနှံနုလေးတွေ ထွက်စဆိုတော့ အနံ့မွှေးနေတာ ပြောတာပါ''

        ဟုတ်ပါ့ဗျာ စပါးခင်းတွေ အလယ်မှာ လမ်းလျှောက်တော့ တကယ်ကို မွှေးရနံ့တွေ သင်းပျံ့နေလေရဲ့ ။ 

         လိုင်းကမမိလို့ အမြန်ပြန်ချင်တာ နဲ့ ရည်မှန်ရာ တောင်ကျောပေါ်တက်ကြပြီး ကျောက်နမူနာ စုဆောင်း GPS ဖတ်ပြီး အမြန်ပြန်လာကြပါတယ် ။ 

        လမ်းမှာပဲ မဂ်လာဖုန်းသတင်း ကြားရပါပြီ ။ အဖျက်သမား ဇေယျာသော် ဖမ်းမိပြီတဲ့ ။ 
လိုင်းမိတဲ့နေရာရောက်တော့ အငမ်းမရ ဖတ်ကြည့်မိသလောက်တော့ ရန်ကုန် PDF တွေ အပြေးအလွှား ပုန်းအောင်းကြဖို့ ကြိုးစားကြတဲ့သတင်း နဲ့ ဖမ်းမိတဲ့ မဂ်လာသတင်းတွေ ဖတ်ရလို့ ဝမ်းသာမိပါတယ် ။ 

       ဘာပဲပြောပြော ဇေယျာသော် နဲ့ ဂျင်မီကို မိလိုက်တာကတော့ PDF တွေ ဘဝပျက်ဖို့ ပိုမြန်သွားရပါပြီ ။ 

     နီပိတ်ကလေးသွေးပျက်နေတော့ စိတ်မပျက်ဖို့ အားတင်းကြဖို့ ဆက်တိုက်ကြဖို့ နီပိတ်လော်ဘီတို့ လှုံ့ဆော်နေကြလေရဲ့ ။ သူတို့က ပြည်ပထွက်ပြေးပြီး မြှောက်ပေးနေကြတာ ရီစရာပါပဲ ။ 

      ဘာပဲပြောပြော ကျနော် တောရွာလေးက ကြားခဲ့ရတဲ့ ဝေါဟာရအသစ် စပါးဗိုက်ကြီးချိန်မို့ ရနံ့လေးတွေ သင်းပျံ့နေသလို ယခုလဲ အယုတ်မာ PDF ခေါင်းတွဲတွေ ဖမ်းမိတဲ့ မဂ်လာသတင်းကြောင့် တည်ငြိမ်အေးချမ်းမှု ဗိုက်ကြီးချိန် ရောက်နေပါပြီ ။ မကြာမှီ အေးချမ်းမှု ရနံ့များ သင်းပျံ့လာတော့မှာ မြေကြီးလက်ခတ်မလွဲပါပဲ ဗျာ ။

      ကိုရွှေမျိုးဝင်း

(တချို့ ကာတွန်းဆရာတွေက ဒဲ့ထိတယ်ဗျ)

Related Posts:

  • ထားတဲ့စေတနာသူတို့မောင်နှမကိုသိကြမှာပါအစ်ကိုဖြစ်သူ ဘီလီယံနာကြီးသက်ဆင်ရှင်နာဝတ်ထရာ အာဏာအသိမ်းခံရတယ်၊တိုင်းပြည်ကို ဖျက်မသွားခဲ့ဘူး၊ညီမဖြစ်သူ ယင်လတ်ဝန်ကြီးချုပ်ဘဝမှာတခါအာဏာအသိမ်းခံရတယ်၊တိုင်းပြည်ကိုဖျက်မသွားခဲ့ပြန်ဘူး၊မြန်မာပြည်မှာမဲမသမာမှု… Read More
  • ဝေဝေနု ကိုလျှော့တွက်ထားပါသလား ? ချိန်သားကိုက်ပေါ်လာတာ အကြောင်းမဲ့ဟုထင်နေပါသလား ? ******************************ဝေဝေနု ဟားဗက် ကျောင်းဆင်း နိုင်ငံတကာဥပဒေပညာရှင်ဖြစ်***********************************ဝေဝေနု လက်ထဲ မှာယင်းတို့အလိုကျ ရေးဆွဲပြီးသား အခြေခံဥပဒေ… Read More
  • အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (33)         ICJ ကနေ တရားစွဲတယ် ဆိုတဲ့ နို့တစ်လဲ ပို့လိုက်ရော NLD က ရှေ့နေပါ ငှားပြီးပြီ ဆိုတဲ့အကြောင်း ၂၄ နာရီ အတွင်း သတင်းထုတ်ပြန်ခဲ့ပါတယ် ။       NLD ပါ​တီရဲ့ ဥပတိရုပ် ပျက်လောက်တဲ့ … Read More
  • မော်စကိုမှာ သတဲ့လမင်းကြီးအမိမြန်မာပြည် ပြန်ရောက်လာပါပြီပူတင်က လေယဉ်ပြန်လှည့်ခိုင်းပြီးဖမ်းစီးတော့မယ်ဆိုတဲ့  လမင်းကြီးဆီးချိုတက်လို့ လေယဉ်ပြန်လှည့်သွားတယ်ဆိုတဲ့ လမင်းကြီး              US က ဘိန်းရာဇာလို့ စွပ်စွဲပြီးလေယဉ်အဆင်း စီးဖမ်းတော့… Read More
  • USတို့ စိတ်ပူစရာမလိုတဲ့ တောတွင်း လူသတ်ပွဲ(#ဒါ မျိုး ကို ကျေနပ်တယ်မလား?#ဒါမျိုး လုပ်ချင် နေကြတယ် မဟုတ်လား?#ကိုယ်အိမ်မှာ ပဲ ကြက်ဖလုပ်လို့ ရမယ်#သူများအိမ်ရောက်ရင် ကြက်မပဲ##ဘယ်သူ တွန်ရဲသလဲ...ပြောကြည့် လိုက်...)#COPY Speak Outဒီနေ့မနက်က လူငယ်လေးတွေကို ရိုက်နှက်နေတဲ့… Read More