Saturday, November 6, 2021

သို့/ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်


ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

တရားဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သားသားလုပ်ဆောင်ပေးဖို့လေးစားစွာတင်ပြတောင်းဆိုအပ်ပါတယ်။ဘက်လိုက်နေတဲ့ကမ္ဘာကြီးကို ထိုက်သင့်သည်ထက်ကျော်လွန်၍ အရေးမစိုက်သင့်တော့ပါ။ခွဲခြားဆက်ဆံမှုတွေကို အထင်အရှားမြင်နေရပါတယ်။မိမိတိုင်းပြည်နိုင်ငံအချုပ်အခြာအာဏာနှင့်မိမိလူမျိုး အတွက် နစကကိုပြတ်ပြတ်သားသားအားပေးထာက်ခံနေတဲ့မြန်မာပြည်သူလူထုကို အကြမ်းဖက်အုပ်စုများကပစ်မှတ်ထားသတ်ဖြတ်တာခံနေရပါတယ်။ အထူးသဖြင့်အကြမ်းဖက်အုပ်စုနှင့်နိုင်ငံရေးယုံကြည်ချက်ကွဲပြားသူများ|ရပ်တည်ချက်မတူသူများ |ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့်
non-CDMများကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်ခံနေရတဲ့အခြေအနေဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဘေးနှင့် နိုင်ငံရေးဘေးအန္တရာယ်ကို တပြိုင်နက်တည်းရင်ဆိုင်နေတဲ့မြန်မာပြည်သူများသည် ဘဝရပ်တည်ရေးအတွက် အင်မတန်ခက်ခဲနေတဲ့အချိန်ဖြစ်ပါတယ်။နိုင်ငံတော်အနေဖြင့် နိုင်ငံသားပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုတည်ဆဲဥပဒေနှင့်နိုင်ငံတော်ကာကွယ်ရေးရင်းမြစ်များကိုအသုံးပြု၍ အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးဖို့အလေးအနက်တောင်းဆိုလိုက်ပါတယ်။ပြည်သူမရှိပဲ နိုင်ငံမရှိ။နိုင်ငံမရှိရင်ပြည်သူမရှိ။

လေးစားလျက်
နန်းမြမြမီမီဇော်
နိုင်ငံတကာဆက်ဆံရေးပညာ
ဂုဏ်ထူးတန်းဘွဲ့
22October'2021.