Thursday, November 4, 2021

ကလေးအထာလေးတွေပါ

ထန်တလန်ဆိုတာ လက်တလောဟော့နေကြတဲ့ issueတစ်ခုပါ ကျုပ်တို့မြန်မာနိုင်ငံမှာတင် မဟုတ်ဘူး
ကမ္ဘာကိုပါရိုက်ခတ်သွားလိမ့်မယ်လို့ ယူဆပါတယ်
ဒါပေမယ့် ပြဿနာ အရင်းခံက အလွန်ရိုးစင်းလှတယ်လို့
မြင်သာနေပါတယ်
ထန်တလန်ဟာ ခရစ်ယာန် အများစုရှိရာမြို့ကလေးတစ်ခုပါ ၉၀% ရှိမယ်လို့ ကြားမိပါတယ်
CDF တွေဇောင်းကြွတဲ့ နယ်မြေပါ တလောကလည်း
ခရစ်ယာန် ဓမ္မဆရာ တစ်ဦးကို
စစ်တပ်က သတ်ပါတယ်ဆိုပြီး
သတင်းထွက်ခဲ့တာ မကြာသေးပါဘူး
အဲ့တုန်းကလည်း သံအမတ်တွေ သင်းအုပ်တွေက စာတွေ ထုတ်ခဲ့ကြပါတယ် ဒါပေမယ့်
ကြီးကြီးမားမား ဖိအားမရှိခဲ့ပါဘူး အဲ့တော့ ဖိအားတစ်ခု လိုအပ်နေတာပေါ့
ယနေ့ နစက ကို ထောက်ခံလာတာက တရုတ်
ရုရှားပါ တရုတ်နဲ့က ဆက်ဆံရေး အင်မတန်ကောင်းနေတော့ ဆန္ဒပြပွဲတွေမှာ တရုတ်ဆန့်ကျင်ရေးလုပ်ခဲ့ကြတာ အမှတ်ရမိကြမှာပါ တရုတ်
စက်ရုံတွေမီးရှို့ခဲ့တယ် တရုတ်ကပြား ကြယ်စင်ကို ပစ်မှတ်ထားခဲ့ကြတယ် ဒါတွေက သူတို့ရဲ့ နည်းလမ်းဟောင်းကြီးပါ
အာဆီယံမှာ ဗုဒ္ဓဘာသာနိုင်ငံတွေ ငြိမ်နေကြပေမယ့်
ခရစ်ယာန် နိုင်ငံ ဒူတာတေး
က ပြတ်သားတဲ့ အမြင်တွေ
ပြခဲ့တယ်
အမေရိကန်အပါအဝင် ခရစ်ယာန်နိုင်ငံတွေက မြန်မာကို ဖိအားပေးမှု နဲနေတယ်
ဘာလို့လည်းဆိုတော့ နစကရဲ့အလီဘိုင်နဲ့ သူခိုးဖမ်းတဲ့ အကွက်က အရမ်းလှနေခဲ့လို့ပဲ
ဥပဒေကြောင်းအရ ဘယ်နိုင်ငံကမှ ဝင်ပြီးဖိအားပေးလို့မရတော့ လူ့အခွင့်အရေးဖက် လှည့်ကြရတယ် အဲ့သည်မှာ
နိုင်ငံရေးထက် ဘာသာရေးက
ပိုထိရောက်လိမ့်မယ်ဆိုတာ တွေးကြပုံပါပဲ
မြို့ဖျက်လို့ အကျိုးမရှိတဲ့ နစက တော့အတတ်နိုင်ဆုံးထိမ်းသိမ်းလုပ်ဆောင်ကြရပေမယ့် NUG,PDFအတွက်ကတော့ ဒီလို များများဖြစ်လေ
အကျိုးရှိလေပါဘဲ
နစက နဲ့ မြန်မာနိုင်ငံအတွက် ပြဿနာ မီးပွားလေးတစ်စဟာ
တကယ်တမ်းကတော့
ပြည်ဖျက်ပုဆိန်ရိုးတို့ ရွေးချယ်ခဲ့တဲ့ ဒုတိယ
ကြယ်စင်လို့ပဲ မြင်သာနေပါတယ်
Credit