Sunday, November 21, 2021

စကားဦးဖို့လိုတယ် 🗣


     နိုင်ငံတကာအမည်ခံတွေ နဲ့ UN ဆိုတာတွေက န.စ.က နဲ့ NUG ဘယ်သူမှန်ပြီး ဘယ်သူက အကြမ်းဖက်နေလည်း သူတို့သိတယ်။ မသိချင်ရောင်ဆောင်နေကြတာပါ။ ဒါပေမဲ့ ကမ္ဘာ့ပြည်သူအများစုက အမှန်တရားတွေကို တကယ်ရိုးရိုးသားသားမသိကြပါဘူး။ 

     PDF တွေက မုဒိန်းကျင့်၊ လူသတ်၊ ဘုန်းကြီးသတ်၊ ခလေးသတ် ဒါလောက် ယုတ်မာမိုက်ရိုင်းနေတာကို NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန် နဲ့ လူ့အခွင့်အရေးဝန်ကြီးအောင်မျိုးမင်း တို့ ဝမ်းနည်းကြောင်းတစ်ခွန်း မပြောပါဘူး။ ဒါပေမဲ့ NUG က ကမ္ဘာ့မီဒီယာမှာ ဒီမိုကရေစီလိုလားသူကြီးတွေဖြစ်နေတယ် အခုလိုဖြစ်တာဘာကြောင့်လည်း ရှင်းရှင်းလေးသူတို့ဘက်က မီဒီယာအားကောင်းလို့ပါ။

     န.စ.က အနေနဲ့ ကမ္ဘာကြီးကို သတင်းပေးဖို့နေနေသာသာ ပြည်တွင်းမှာတောင် ဝါဒဖြန်ချီရေး မှာအလူအလဲခံနေရပါတယ်။ fb အစားထိုး apk မဖြစ်မနေလိုအပ်တာ သဘောပေါက်သင့်ပါတယ်။ လူးသန်း ၃၀ လောက်မြန်မာမှာသုံးနေတဲ့ fb ကိုအစားထိုးလိုက်ရင် အခွန်ငွေတွေရမယ်။ ဝါဒဖြန့်ရလည်းလွယ်သွားပါလိမ့်မယ်။

     ပြီးခဲ့တဲ့တစ်လ လောက်ထဲက ထန်တလန်မြို့သားတွေ အိန္ဒိယဘက် ထွက်ပြေးသွားပါပြီ။ ထန်တလန်မြို့ထဲမှာ အရပ်သားတွေမရှိသလောက်ပါပဲ။ တပ်မတော်ကို နီယုတ်အုပ်စုက လူမျိုးတုန်းသတ်နေပါတယ် စစ်ရာဇဝတ်မှုကျူးလွန်ပါတယ်ဆိုပြီး ကမ္ဘာပတ်ဝိုင်းအော်နေတာမှ မြင်မကောင်ဘူး။ ပြည်သူမရှိတဲ့မြို့ကို ဘယ်လိုလူမျိုးတုန်းသတ်မှာလည်း။
 
     အခုလိုဖြစ်ရတာတွေဟာ တပ်မတော်ရဲ့ သတင်းထုပ်လွှင့်မှုမှာ ငွေကြေးအားနည်းချက်နဲ့ အတတ်ပညာအားနည်းချက် ကြောင့်ပါ။ ငွေကိုတတ်နှိုင်သလောက် များများသုံးပြီး တစ်ခုခုဖြစ်ရင် ကိုယ်ကဦးအောင် အရင်ပြောတဲ့ အလေ့အကျင့်မွေးရပါမယ်။

     အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြတဲ့ တစ်ခုတည်းသေား အစိုးရပိုင် Website ဖြစ်တဲ့ Global New Light Of Myanmar ( https://www.gnlm.com.mm/ ) မှာ ၂၉ ရက်နေ့ဖြစ်တဲ့ ထန်တလန်မြို့ဖြစ်စဥ်ကို ၃၁ ရက်နေ့မှတင်တယ်တဲ့ အဲ့ဒီလောက်နှေးမှတော့ ခံရပြီပေါ့။ အင်္ဂလိပ်ဘာသာ Website တခုထဲနဲ့မရဘူး အနည်းဆုံး ၁၀ ခုလောက်လိုတယ် မနှမြောပဲငွေသုံးသင့်တယ်။

     တပ်မတော်အနေနဲ့ လက်မြန်ဖို့လိုတယ် နောက်ပြီးပါးစပ်မြန်ဖို့လည်း လိုပါတယ်။

✍ ဘဦး
၃၁.၁၀.၂၀၂၁

Related Posts:

  • "ဆိတ်ဂွေးစိ"မလုပ်ရဲတာ ဘာမရှိ(အဟိ!!!)လုပ်ရဲတာနတ္ထိတဲ့စိပ်ပုတီးလည်ဆွဲနဲ့ဆိတ်ဂွေးစိကိုယ်တော်။လုပ်မလိုလိုဟုတ်မလိုလိုနဲ့မာန်သွေးကြွဟန်ရေးပြလို့သူပျော်။ဝိနည်းလွတ် သူမဆော်နိဗ္ဗာန်တော်မျှော်ငေးပို့မယ်ဆို ခဏလေးတဲ့မယားနော် ပြန်ခေါ်ချင်သေး။ဖြတ်ထုံး… Read More
  • "ပြည့်စကောလည်"ဇေယျတုပေလို့သပြေနုရယ်နဲ့မှမြတ်ပရမေလှူတိုင်းမြန်ဇမ္ဗူ  သာစေကြောင်းသန့်ကြည်လင် ချမ်းရေစင်သွန်းကာလောင်းပါရဲ့ပြုပါကြကောင်းမှုအထွေထွေ၊မြတ်တောင်းဆု  အခါခါခြွေတယ်တိုင်းဌာနီ   သာစည်ဖြိုးစေဖို့လေး။ချိန်တန်ပြီ … Read More
  • "စီးတော်မူလေး"ကနောင်က ဗုံးထွင်မင်းတုန်းက ဂွိုင်ကေးသတ္တဝါတွေ သေမယ့်ဘေးမို့မင်းဆရာ စိတ်တော်မအေးတယ်ဘုန်းဘူးတဲ့လေး။ဘရွှေက ပြည်ထူမယ်စလူက အငယ်မွေးရင်သွေးတွေ ဒုက္ခထွေးလို့ဘကြီးစိန် အသက်သွင်းတဲ့ကျားသေရဲ့ဘေး။ကျေးဇူးတော်တင်ပါဘိတာဝန်သိလို့ သူယူမာရ… Read More
  • သူများအားရအောင် အသိညဏ်မမဲ့နဲ့pdf တွေက ဗမာတွေဖြစ်တယ် တိုင်းရင်းသားလက်နက်ကိုင် ရတဲ့ အခွင့်အရေး ရမှာမဟုတ်ဘူး။ တပ်မတော်လက်နက်အင်အားနဲ့ဆိုရင် အကုန်အသေသတ် လို့ရတယ်။ အခု တပ်ကပျော့ပြဲပြဲ လုပ်နေတာတောင် pdf တွေ ခေါင်းပွင့်၊ အူပွင့် မရှုမလှဇတ်သိမ်း နေတာ ဟန်ငြိ… Read More
  • "ရွှေပြည်လမ်း"အမေက ခါတွန်အဖေက ဗျော့ကြီးတိုင်းဌာနီ ရွှေပြည်ခရီးကမှန်းခက်လှပြီး။မေချစ်တို့ ရွာလွန်ဖေချစ်တို့ ရာဇမာန်ထီးတစ်ခြမ်းဖာ တစ်ခြမ်းမာနဲ့ပျော့မနပ်ကြီး။ခါတွန်နဲ့ ရွာလွန်ဗျော့ကြီးနဲ့ မာန်ထီးစွန်းမခင် အလယ်နှင်ရွေ့ကွယ်မဇၩိမခရီး။&n… Read More