ဘာမှမတုံ့ပြန်နိုင်တဲ့သူကို
လက်နက်နဲ့နှိပ်ကွပ်နိုင်ခဲ့တာဟာ
သူရဲကောင်းတွေတဲ့လား။
နောက်ဆုံး ဆွမ်းလုပ်လေးတောင်
စိတ်ဖြောင့်ဖြောင့်နဲ့
ဘုဉ်းပေးမသွားခဲ့ ရရှာတဲ့အဖြစ်၊
တွေးကြည့်တော့ ရင်နင့်စရာ။
စွပ်စွဲမှုသက်သက်နဲ့
ထင်မြင်ယူဆချက်ကလေးကလည်း
သာသနာရဲ့အသက်တွေကို
အမှည့်ချွေချွေဖို့ အရမ်းကိုလွယ်နေပြန်တယ်။
မင်းတို့မှန်ပါတယ်...
မင်းတို့ဟာ ဓမ္မဝါဒီတွေပါ၊
ဓမ္မလမ်းစဉ်ရဲ့ကျင့်စဉ်တွေထဲမှာ
ရဟန်းသံဃာတွေရဲ့အသက်တွေပါ
နှုတ်ယူပစ်ရမယ်ဆိုတဲ့ ကမ္မဋ္ဌာန်းကို
စီးဖြန်းနိုင်ပါတယ်။
အပ်တိုတစ်ချောင်းတောင်
ကိုယ်မှာမဆောင်ထားပါဘူး၊
လူမပြောနဲ့တိရစ္ဆာန်တစ်ကောင်တောင်မှ
သတ်ဖြတ်ခွင့်မရှိပါဘူး။
နိုင်ငံရေးဂျီဟတ်က
ပွဲလန့်တုန်းဖျာဝင်ခင်းနေတာကို
ဝမ်းပမ်းတသာဖြစ်နေကြတဲ့
သူတော်စင်တွေကိုလည်း ကြည်ညိုပါတယ်။
ဓမ္မရဲ့ကျည်ဆံတွေ
အလှူခံပေးသွားကြတဲ့
ညီတော်/နောင်တော်များ
ရောက်ရာဘုံဌာနကနေ
အေးချမ်းစွာ ဆက်လက်သာသနာပြုနိုင်ကြပါစေ။
Credit
ပြန်လည်မျှ ဝေပါသည်။