Wednesday, November 10, 2021

တော်လှန်ရေးအကြောင်းပြပြီး လူတောင်မဖြစ်သေးတဲ့ အရွယ်တွေ

အရိုင်းအစိုင်းစိတ်ဝင်အောင်မြှောက်
မစို့မပို့ပေး ကြွေး...
..အဖမ်းခံ ရ အသေခံတဲ့အထဲလဲ ..အနီလော်ဘီအမျိူးတွေ
တေယာက္မပါဘူး

ကျီးလန့်စာစားနေရတဲ့ ပြည်သူဘဝ
ဟိုလူကြောက်ရ ဒီလူကြောက်ရ
ဘာမှမဆိုင်လဲ ဖောင်းဒိုင်းခံရ
ကွမ်းယာသည် ကျောင်းဆရာမ အရပ်သူ အရပ်သား
ဘုန်းကြီးမကျန်...ဆိုက်ကားသမား ဟင်းရွက်သည်အဆုံး
..မပြည့်စုံတဲ့ဘဝတွေကြားက..လူ့အသက်တချောင်းကို
တည်ကြက်လို သဘောထားပြီး
လက်တည့်စမ်းချင်နေကြတဲ့ ဦးနှောက်အခွံနဲ့
လူယုက်မာတွေရဲ့ ပြောင်းဝက ဘယ်နေ့ ကိုယ့်ရင်ဘက်က
ဦးတည်လာမလဲလို့ ..သွေးပျက်နေရတဲ့ဘဝတွေ

...လူလူခြင်းလဲ ဆုံးမလို့မရ..ဘာသာရေးနဲ့
နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး ...ဘယ်ထေရ်ကြီးဝါကြီးကမှ
သင်ပြဟောကြားလို့ နားမဝင်တဲ့
အယုက်တမာ လူ့ဗာလတွေကို...
...လောကကိုစောင့်ကျပ်တဲ့ နတ်မင်းကြီးတွေက
တနေ့တော့ တံမျက်စည်းလှည်းသလို ကြုံးထဲ့သွားပြီး
ဘယ်တော့မှ လူပြန်မဖြစ်တော့ပဲ
အဝီစိမှာ.ငရဲသစ်ငုက်တွေ ဖြစ်ကြပါစေ..

ဒီထက်ဆိုးလာစရာတော့ မရှိတော့ပါ
..ဒါ အဆိုးတကာ့အဆိုးဆုံးကာလပါပဲ
......မြတ်စွာဘုရားရှင်ရဲ့ ဓာက်တော်မွေတော်တွေလဲ
ကြွင်းကျန်နေသေးရဲ့..သာသနာလဲအခုမှ တဝက်ကျိူးမို့
...ဘုရားရဲ့ ဗျာဒိတ်တော်အရ
..ငါတို့မြန်မာပြည်ကြီး အေးချမ်းသာယာဦးမှာပါ...
.....အားတင်းထားကြပါ အမျိူးတို့
..လွတ်မြောက်ရာ အရပ်မှာ အစစအရာရာပြည့်စုံပေမဲ့
..အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာ
....ကွဲတာက မြေအိုး သုံးစားမရတော့တာက
ကျန်ခဲ့တဲ့ စလောင်းဖုံး ဆိုသလိုပဲ
.....ကိုယ့်နိုင်ငံသားတွေ ..စိတ်ဆင်းရဲနေချိန်
ကျွန်တော်လဲ တစက်မှ စိတ်မပျော်ပါဘူး

ကျန်ရှိတဲ့အချိန်မှာ မသေလို့နေရသေးရင်
ဘယ်သူတွေ ဘယ်လိုပဲ ယုက်မာကြပစေ
စိတ်ကောင်းနှလုံးကောင်းလေးနဲ့
အသက်ရှင်ရင်း တဦးကိုတဦး ချစ်ချစ်ခင်ခင်
မနာလိုစိတ်ကင်းရှင်းစွာ ....နေသွားကြပါစို့
ချစ်သော မြန်မာပြည်ဖွား အမျိူးများတို့ရေ
🙏🙏🙏

Myat Min Oo