အတုမရှိဂျာနယ်မှာ ဆရာမန္တလေးသားရဲ့ ဝေဖန်စာ တစ်ပုဒ်ကို ဖတ်ခဲ့ရပါတယ်။ ၂ဝ၁၅ မတ် လထုတ် 'ဝိဘဇ္ဇပဲ့တင်သံ'စာအုပ်မှာ အ ရှင်ထာဝရ(ခေတ္တ နော်ဝေနိုင်ငံ)ရေးသားခဲ့တဲ့ 'ခေတ်နဲ့အညီ လက်ခံဖို့ အရေးကြီးပြီ'ဆိုတဲ့ ဆောင်းပါးကို ဝေဖန်ထားတာပါ။
ဆရာမန္တလေးသားရဲ့ တုံ့ပြန်ချက်ကို ထောက်ခံ
သောအားဖြင့် အရှင်ထာဝရရဲ့ အရေးအသားတွေကို ဆက်လက်ဝေဖန် ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ထုံးစံအတိုင်း 'သံဃာတွေဟာ ကိုယ့်အလုပ် ကိုယ်မလုပ်'ဆိုတဲ့ စွပ်စွဲချက်နဲ့ တာထွက်လာတယ်။ သံဃာ့အလုပ် သံဃာ့တာဝန်ကို အပြည့်အဝနားမလည်ရှာတဲ့ အချို့သောသံဃာတော်များကလည်း ဒီစကားမျိုး ပြောခဲ့ဖူးပေါင်း များလှပေပြီ။
သံဃာဆိုတာ ဗုဒ္ဓဘုရားရှင်နဲ့ အမြင်တူ အကျင့်တူမှ သံဃာလို့ ခေါ်နိုင်တယ်။ သံဃာတော်များအနေနဲ့ သံဃာ့အဖွဲ့အစည်းကို ထူထောင်ခဲ့တဲ့ မိမိတို့ရဲ့ အဘဘုရား ဘာလုပ်သွားသလဲ ဆိုတာ ခြေရာကောက်မိဖို့ လိုပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် သာသနာတော်မြတ်ကြီးကို ကာကွယ် စောင့်ရှောက်ခဲ့ရတဲ့ အစဉ်အလာတွေကို သတိပြုကြစေချင်ပါတယ်။ အောင်ခြင်း ရှစ်ပါးဇာတ်တော်တွေမှာ ဗုဒ္ဓမြတ်စွာဘုရားဟာ အနုနည်းရော အကြမ်းနည်းပါသုံးပြီး သာသနာကို ဖျက်ဆီးလာသူ မှန်သမျှတို့အား ဆုံးမကာကွယ်ခဲ့ပုံတွေကို တွေ့ရပါလိမ့်မယ်။
နာဠာဂီရိဆင် မိုက်ကြီးကို မေတ္တာတရားဖြင့် အနုနည်း နဲ့ အောင်နိုင်ခဲ့သော်လည်း နန္ဒောပနန္ဒ နဂါးမင်းကြီးကျတော့ ထောင်းထောင်း ညက်ညက်ကြေအောင် အကြမ်းဖက်ပြီး ဆုံးမခဲ့တယ်မဟုတ်ပါလား။ ကမ္ဘာလောကကိုသာမက
တာဝတိံသာနတ်ပြည်ကြီးကိုပါ အမိုက်မှောင်နဲ့ ဖုံးလွှမ်းထားတဲ့ နန္ဒောပနန္ဒနဂါးမင်းကို အရှင်ရဋ္ဌပါလ၊ အရှင်ဘဒ္ဒိယတို့အပြင် သားတော်ရာဟုလာကိုယ်တိုင် ဆုံးမပါရစေလို့ မြတ်စွာဘုရားထံတော်မှာ ခွင့်ပန်လျှောက်ထား ကြတယ်။
သံဃာတော်တွေ တာဝန်သိသိ သစ္စာရှိရှိနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာနော်။
နဂါးမင်းကြီးက သံဃာနဲ့သာသနာကို ဖျက်ဆီးနေချိန်၊ လောကကြီးကို
အမှောင်ချထားချိန်မှာ သံဃာတော်တွေဟာ ဆွမ်းစားကွမ်းစား တရားလည်း ဟောမနေပါဘူး။ ဂန္ထဓုရ ဝိပဿနာဓုရ တွေလည်း လုပ်မနေပါဘူး။ ဒီအချိန်မှာ သံဃာ့အလုပ်က နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမဖို့ပဲ။ ဒါ့ကြောင့် သံဃာတော်တွေက သူဆုံးမပါရစေ၊ ငါဆုံးမပါရစေနဲ့ အလုအယက်
လျှောက်ထားကြတာ။
နောက်ဆုံးမှာ မြတ်စွာဘုရားက တန်ခိုးအရာမှာ ဧတဒဂ်ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန်ကို ရွေးချယ်လိုက်တယ်။
'ချစ်သား- သွား ဆုံးမချေ'တဲ့။
ဘုရားကိုယ်တိုင် တာဝန်ပေးစေခိုင်းခဲ့တာပါ။
အရှင်ဘဒ္ဒိယတို့ဆိုရင် အရှင်မောဂ္ဂလာန်လောက် တန်ခိုးအင်အား မကြီးထွားလေတော့ နဂါးမင်းကို မှတ်လောက်သားလောက် ဆုံးမနိုင်မှာမဟုတ် ဘူး။ နဂါးမင်းကြီးမှာလည်း ခြွေရံသင်းပင်းတွေက နည်းလှတာမဟုတ်ဘူး။ နဂါးထုခေါင်းဆောင်ကြီး၊ သူလော်ဘီ လုပ်ထားတဲ့ မိစ္ဆာအင်အားစုတွေကလည်း ရှိနေသေး၊ သာသနာနဲ့ သံဃာတွေကို နှောင့်ယှက်ဖျက်ဆီးတာ 'နဂါးအခွင့်အရေး'ပဲလို့ အကြောင်းပြချင် ပြနေဦးမှာ။
ဒီတော့ အရှင်မဟာမောဂ္ဂလာန်ဆိုတဲ့ သံဃာရဲ့အားကို ဘုရား ယုံတော်မူတယ်။ ကြည့်စမ်းပါဦး၊ အရှင်မောဂ္ဂလာန်ကြီး ဆုံးမလိုက်ပုံများ၊ နဂါးမင်းကို ငရုတ်ဆုံထဲ ထည့်ထောင်းသလို မြင့်မိုရ်တောင်ကြီးနဲ့ ကြိတ်ချေပစ်လိုက်တာ။
ဘုရားရဟန္တာကြီးတွေကိုယ်တိုင် သာသနာကို အဲဒီလို ကာကွယ်စောင့်ရှောက်ခဲ့တာပါ။ အဲဒီလိုသာ မကာကွယ်မစောင့်ရှောက်နိုင်ခဲ့ရင် သံဃာ့မျိုးဆက် အညွန့်တက်လာစရာအကြောင်း မရှိဘူး။ အရှင်ထာဝရတို့၊ အရှင်ဇဝနတို့၊ ဓမ္မဂင်္ဂါ တို့ စသည်ဖြင့် ဝိဘဇ္ဇအရေခြုံ သံဃာတွေ ပေါ်လာစရာအကြောင်း မရှိဘူး။
ဗုဒ္ဓဘုရား ကိုယ်တော်တိုင်မှသည် ခေတ်အဆက်ဆက် ယနေ့ထိတိုင်
သံဃာတော်တွေ ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့ကြလို့ (ဝါ) သာသနာကို ကာကွယ်စောင့်ရှောက်ခဲ့ကြလို့ ဒီနေ့ သံဃာမျိုးဆက် ရှင်သန်နေတာပါ။ အရှင်ထာဝရက ဒီလို ရေးခဲ့ပါတယ်။
'အဓိကအနေနဲ့ မဘသအဖွဲ့ကြီးရဲ့ မလျော်ညီတဲ့ အပြုအမူလုပ်ရပ်တွေကြောင့် နိုင်ငံတကာ အသိုင်း
အဝိုင်းမှာ မျက်နှာပျက်စရာတွေနဲ့ အလွန့်ကို
များပြားနေပြီဖြစ်ပါတယ်။ အမုန်းတရားတွေကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ လှုံ့ဆော်
ဟောပြောရမယ့်အလုပ်ဟာ သံဃာတွေရဲ့ အလုပ်မဟုတ်ပါဘူး'
(ဝိဘဇၨ၊ စာ-၈၇)
မဘသအဖွဲ့ကြီးရဲ့ မလျော်ည်ီတဲ့ အပြုအမူ
လုပ်ရပ်တွေဆိုတာ ဘယ်လို ပေတံ ဘယ်လိုစံနဲ့ တိုင်းပြီး ပြောလိုက်တာလဲ။ ခရစ်ယာန်တွေလည်း သူ့သာသနာ သူကာကွယ်စောင့်ရှောက်နေတာပဲ။ နှစ်ပေါင်း နှစ်ရာလောက်ကြာတဲ့ ခရူး ဆိတ်စစ်ပွဲကြီး ဆင်နွှဲပြီးတော့တောင် ခရစ်ယာန်ဘာသာကို ကာကွယ်စောင့်ရှောက်ခဲ့ကြတယ်။ အစ္စလာမ်ဘာသာဝင်တွေလည်း ဂျီဟတ်စစ်ပွဲကြီးတွေနဲ့ သူတို့ဘာသာကို ကာကွယ်စောင့်ရှောက်ရုံမက တိုးချဲ့နေတယ်။
မဘသမှာ စစ်တပ်ကြီးတွေ မရှိပါဘူး။ မဘသဟာ အကြမ်းဖက်အဖွဲ့အစည်း မဟုတ်ပါဘူး။
အမျိုး ဘာသာ သာသနာကို
ကာကွယ်စောင့်ရှောက်ပါလို့ ပြောဆိုစည်းရုံး လှုပ်ရှားနေတာ နိုင်ငံတကာ
အသိုင်းအဝန်း ဘာမျက်နှာပျက်စရာလိုသလဲ။
နိုင်ငံတကာက ကူညီပါဆိုပြီး ပိုက်ဆံချေး ထားတာလည်း မရှိ၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ မဘသကြားမှာ ဘယ်လိုကတိကဝတ်တွေမှ မရှိ၊ နှောင်ကြိုးတွေမရှိ၊ အပေးအယူမရှိ။
မဘသဟာ အစိုးရလည်းမဟုတ်၊ နိုင်ငံရေးပါတီ
လည်း မဟုတ်၊ နိုင်ငံတကာအဖွဲ့အစည်းမျိုး လည်းမဟုတ်။ မဘသဟာ ဘာအရှုပ်အ ရှင်းမှမရှိတဲ့ အင်မတန်ရိုးစင်းတဲ့ အဖွဲ့အ စည်းဖြစ်တယ်။ မဘသအဖွဲ့ကြီးခမျာ ခရစ်ယာန် အစ္စလာမ်အဖွဲ့ကြီးတွေလောက် မကြီးကျယ်ရှာပါဘူး။
ရိုးရိုးလေးပါ။ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ကြ၊ ဒါပဲ လုပ်ပါတယ်။ ကိုယ့်သာသနာကိုယ် ကာကွယ်စောင့်ရှောက်တာ ဘာမျက်နှာပျက်စရာလိုသလဲ။ ပျက်ချင်းပျက်ရင် နိုင်ငံတကာအသိုင်းအဝန်းဆိုတာကြီးကပဲ မျက်နှာပျက်ရုံမက ရှက်လည်းရှက်သင့်တယ်။
နိုင်ငံတကာအသိုင်းအဝန်းဆိုတာ ခရစ်ယာန်နဲ့ အစ္စလာမ်နိုင်ငံတွေပေါင်းဖွဲ့ထားတာပဲ။ ပေါင်းသာပေါင်းနေကြတယ်၊ သူတို့ချင်းလည်း တည့်တာမဟုတ်ဘူး။ မတည့်တာမှ ဗုံးတွေ
တဝုန်းဝုန်းကြဲ၊ စစ်ပွဲကြီးတွေ ဆင်နွှဲတဲ့အထိ ရက်ရက်စက်စက် အရှက်မရှိ ချနေကြတာ၊
ဂျော်ဒန်ဘုရင်က တတိယကမ္ဘာစစ်ကြီးဖြစ် နေပြီလို့တောင် ဆိုတယ်။
ကမ္ဘာကြီး မီးဟုန်းဟုန်းတောက်နေတာ ဗုဒ္ဓဘာသာကြောင့် မဟုတ်ဘူး။ မဘသက အဲဒီ ကမ္ဘာစစ်မီးတွေ ဗုဒ္ဓဘာသာဝင်တွေဆီ ကူးစက်မလာအောင် ကာကွယ်ပေးရုံ သက်သက်သာ၊ ရှက်စရာကောင်းတာ ကမ္ဘာစစ်မီးကို ဖန်တီးနေသူတွေပဲ။
ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးအောင် ဖျက်ဆီး နေမှတော့ မျက်နှာပျက်တယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝန်းက ဘယ်သိလိမ့်မလဲ။
အဲဒီလို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေနဲ့ ရှုပ်ထွေးနေတဲ့ နိုင်ငံတကာ အသိုင်းအဝန်းအတွက် မဘသကဆောင်ရွက်နေတာ မဟုတ်ဘူး။
စော်ကားခံနေရတဲ့ ဖျက်ဆီးခံနေရတဲ့ ဗုဒ္ဓဘာသာဝင်ပြည်ထောင်စုတိုင်းရင်းသားတွေ
အတွက် တတ်အားသမျှဆောင်ရွက်နေတာ၊
ပြည်သူတွေကြားမှာတော့ မဘသက ဆရာ တော်သံဃာတော်တွေဆိုရင် အားကိုးလှပေါ့။ အစိုးရနဲ့ လူထုခေါင်းဆောင်ဆိုသူတွေ ဘယ်သူ့မှ အားမကိုးရတော့ ဆရာတော် သံဃာတော်တွေကိုပဲ အားကိုးရရှာတာပေါ့။ ဒီတော့ မဘသသံဃာတော်တွေဆိုတာ (နိုင်ငံတကာမှာ မျက်နှာပျက်ချင်ပျက်၊ ကြိုက်သလောက်ပျက်) ပြည်သူကြားမှာတော့ မျက်နှာပွင့်လိုက်တာ။
သြော်- မဘသဆရာတော် သံဃာတော်များ အဘဘုရားရှင်ရဲ့ လမ်းစဉ်အတိုင်း သာသနာတော်ကြီးကို ကာကွယ် စောင့်ရှောက်နေကြတာပါလား။ ဗုဒ္ဓ ဘုရားရှင်က မာရ်နတ်ကို'အယုတ်တမာ' လို့ပြောတာ အမုန်းစကားပြောတာလား။ သာသနာကို ကာကွယ်စောင့်ရှောက်တာလား။
မဘသ သံဃာတော်များဟာ ဘုရားပြောသလို ပြောနေကြတာပါ။ ဘုရားကာကွယ်သလို ကာကွယ်နေကြ ရှာတာပါ။
'အခုတော့ မဘသအဖွဲ့ကြီးဖွဲ့ပြီး မျိုးစောင့်
ဥပဒေရေးဆွဲပြီး လွှတ်တော်မှာ အတည်ပြုပေးဖို့ နိုင်ငံရေးပါတီတွေကို ဖိအားပေးနေတာဟာ သံဃာရဲ့အလုပ် မဟုတ်ပါဘူး'တဲ့။ (စာ-၈၈)
သံဃာရဲ့အလုပ်က နယ်ချဲ့ဗြိတိသျှ တွေကိုတောင် မောင်းထုတ်ခဲ့တယ် လေ...။
မျိုးစောင့်ဥပဒေသာ မပြဋ္ဌာန်းနိုင်ရင် တစ်မျိုးသားလုံး ဘာသာခြားတွေရဲ့ ကျေးကျွန်တွေဖြစ်ကုန်မှာပေါ့။ ဗုဒ္ဓဘာသာကြီးလည်း ပျက်စီးပျောက်ဆုံးသွား တော့မှာပေါ့။ သံဃာရဲ့အလုပ်က
တိုင်းပြည်လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မီးကြီး တောက်လောင်နေချိန်(၁၉၅ဝ-၆ဝ ကြား) ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးတွေကို ဦးဆောင်ခဲ့တယ်ဆိုတာလည်း သတိရလိုက်ပါဦး။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ပြီး ဗိုလ်မှူးချုပ်ကျော်ဇော တို့လို ပုဂ္ဂိုလ်ကြီးတွေပင်လျှင် သံဃာတော်များရဲ့ သြဝါဒကို မလွန်ဆန်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ ရှိနေဆဲပါ။ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့ တံဆိပ်တော်(လိုဂို)ဟာ 'ဗောဓိညောင်တော်'ပါ။ နိုင်ငံတကာမှာ မျက်နှာပျက်စရာ
တစ်ကွက်မှမရှိဘဲ အင်မတန် ဂုဏ်တက်စရာ ဖြစ်ခဲ့တယ် မဟုတ်ပါလား။
မဘသက မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးအတွက် ပြည်သူလူထုရဲ့အားကိုယူပြီး တောင်းဆိုနေတာပါ။ ဘယ်ပါတီကိုမှ ဖိအားပေးတာ မရှိဘူး။ ပါတီတွေကသာ ပြည်သူလူထုကို တကယ်အလုပ်အကျွေးပြုချင်တယ်ဆိုရင် ပြည်သူလူထု တောင်းဆိုနေတဲ့ မျိုးစောင့်ဥပဒေကို အလေးအနက်ပြုရမှာပါ။ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးကို အပြိုင်အဆိုင် လုပ်နေတာလို့ အရှင်ထာဝရက စွပ်စွဲပြန်ပါတယ်။ (စာ-၈၉ ရှု)
မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး တောင်းဆိုလှုပ်ရှား
မှုများဟာ အမျိုးသားပညာရေး ဥပဒေပြဋ္ဌာန်းရေး ကျောင်းသားသပိတ်လောက် မပြင်းထန်ပါဘူး။ ကျောင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသား ပညာရေးဥပဒေပြဋ္ဌာန်းရေးဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေပြင်ဆင်ရေးကို အပြိုင်အဆိုင်
လုပ်နေတာလား၊ လမ်းလွှဲ ပစ်တာလား။ ဝိဘဇ္ဇဉာဏ် ရင့်သန်စွာနဲ့ စဉ်းစဉ်းစားစား သုံးသပ်စေချင်ပါတယ်။
အရှင်ထာဝရက 'မဘသအဖွဲ့အနေနဲ့ မိမိလူမျိုးကို တကယ်ချစ်တယ်ဆိုရင် စစ်ကျွန်ဖြစ်နေတဲ့ ဆင်းရဲတွင်းထဲက ဒကာ ဒကာမတွေရဲ့ဘဝကို ဗုဒ္ဓအဆုံး အမနဲ့အညီ အရင်ဆုံး ကယ်တင်နိုင်အောင်ကြိုးစားရမှာပါ'တဲ့။ (စာ-၈၉)
စစ်ကျွန်ဘဝက လွတ်မြောက်အောင် ကယ်တင်ရမှာက လူထုခေါင်းဆောင်လို့ဆိုတဲ့ နိုင်ငံရေးပါတီတွေရဲ့တာဝန်၊ မကယ်တင်နိုင်ရင် နိုင်ငံရေးအရ ရှုံးမယ်၊ လူထုခေါင်းဆောင်ဘွဲ့ကို ခံယူ မနေနဲ့တော့။
မဘသက 'ဘာသာခြား ကျွန်'ဘဝက
လွတ်မြောက်အောင် ကြိုးစားမယ်။ ဗုဒ္ဓဘာသာဝင်တွေ ဘာသာခြားကျွန်ဘဝက မလွတ်မြောက်ရင် မဘသကို ညံ့တယ်လို့ပြောပါ။ အသုံး မကျဘူး၊ အချည်းနှီးပဲဆိုပြီး ဆဲချင်ဆဲ ဆိုချင်ဆို ကြိုက်သလို တုံ့ပြန်ပါ။
စစ်ကျွန်ဘဝကလွတ်အောင်လုပ်ရမှာက နိုင်ငံရေး
သမား/ခေါင်းဆောင်တွေရဲ့တာဝန်၊ ဘာသာခြား
ကျွန်ဘဝက လွတ်မြောက်အောင်လုပ်ရမှာက မဘသရဲ့တာဝန်။
ဒီလို ခွဲခြားနားလည်စေချင်တယ်။
မဘသက ကိုယ့်အလုပ်ကိုယ် လုပ်နေတယ်။ နိုင်ငံရေးပါတီ/လူထုခေါင်းဆောင် ဆိုသူတွေက ကိုယ့်အလုပ်ကိုယ် မလုပ်တဲ့အပြင် မဘသကို လာလာပြီးခလုတ်တိုက်ရုံမက အပြုတ်တိုက်ဖို့ ကြိုးပမ်းနေတယ်။ အဲဒီတော့ နိုင်ငံရေးစကားတွေ အမြှုပ်ထအောင်ပြောနေသူတွေဟာ
ဘာသာခြားရဲ့ကျွန် ဖြစ်ချင်သလားလို့ပဲ
မေးလိုက်ချင်ပါတယ်။
စစ်ကျွန်ဘဝဆိုတာ တစ်နေ့မှာ လွတ်မြောက်နိုင်တဲ့ မျှော်လင့်ချက်ရှိသေးတယ်။ ဘာသာခြားကျွန်ဘဝကို တစ်တိုင်းပြည်လုံး ကျရောက်သွားပြီဆိုရင် ဘယ်တော့မှ
မျှော်လင့်ချက်မရှိတော့ဘူး။ ဘာသာ သာသနာ၊ တိုင်းပြည်နဲ့လူမျိုး အားလုံး သေဆုံးသွား
မယ့်အခြေအနေ၊ ကျွန်ရဲ့အောက်
သဘောက်ဘဝကို ရောက်သွားတော့မယ် လို့ မှတ်လိုက်ပါ။
မဘသက ဓမ္မဝိနယလမ်းစဉ်အတိုင်း ချီတက်နေတာဖြစ်လို့ စစ်အာဏာရှင်တွေရဲ့ ဒေါက်တိုင်ဘဝနဲ့ ဘယ်တော့မှ အသုံးချခံမှာမဟုတ်ဘူး။ အရှင်ထာဝရ တို့သာလျှင် ဘာသာခြား လူမျိုးခြားတို့ရဲ့ ဒေါက်တိုင်ဘဝမျိုး အဖြစ်ဆိုးနဲ့ မကြုံရအောင် ကြိုးစားရပ်တည်ကြပါလို့ လျှောက်ထားချင်ပါတယ်။
မောင်သွေးချွန်
"မဘသ(ဗဟို) Online Media"မှ ကူးယူမျှဝေသည်
လေးစားစွာဖြင့် ... စစ်သူကြီး(or)သုတနောင်၏Post အားကူးယူ ဖော်ပြခြင်းသာဖြစ်သည်။
ပါရမီ ဖြည့်ဘက် မျှဝေသည်