ဒီနေ့ ဆံတော်ရှင်ကျိုက်နဲရေလယ်ဘုရား မှာ ပင်လယ်လှိုင်းနဲ့ လူ ၅၀ ခန့် ပါသွားခဲ့ရပါတယ် ။
ပင်လယ်ထဲက နတ်လမ်းလို့ ခေါ်တဲ့ သောင်ခုံကနေတဆင့် သွားကြရာမှာ ဝါးလုံးတန်း နဲ့ လမ်းကို ကာရံထားပါတယ် ။ ရေတက်လာချိန်မှာ မသွားကြဖို့ တင်းကျပ်စွာ တားမြစ်ခြင်း မပြုခဲ့ကြပါဘူး ။
လူအုပ်လိုက်ကြီး တိုးခွေ့သွားကြရာမှ အကာဝါးတန်း ပြုတ်သွားပြီး လူ ၅၀ ခန့် ပင်လယ်လှိုင်းနဲ့ ရေစီးချောင်းထဲ ပါသွားရပါတယ် ။ ယခုလောလောဆယ်
- အမျိုးသား (၃)လောင်း
- အမျိုးသမီး (၁၂)လောင်း ဆယ်ယူရရှိထားပြီး ယောကျာ်းလေးထဲမှာ ၉ နှစ်အရွယ် ကျားတဦး နဲ့ သံဃာတပါး ပါနေပါတယ် ။
- ပျောက်ဆုံးသူ (၃၀)ခန့်ရှိနေ၍ ဆက်လက်ရှာဖွေနေဆဲ လို့ သတင်းတွေတက်လာပါတယ် ။
ဒီသတင်းကိုပဲ NLD အမတ်တယောက်က ဝမ်းသာအားရ အကုသိုလ်စိတ် အပြည့်နဲ့ တင်ထားတာကို နီပိတ်တွေက အဆိုပါ ဘုရားဖူး ပုဂ္ဂိုလ်များအပေါ် သရော်စော်ကား လှောင်ပြောင် ဝမ်းသားနေကြတဲ့ မန့် တွေနဲ့ အကုသိုလ် အဆစ်တောင်းနေကြပါတယ် ။
တကယ်တန်းကျတော့ သနားစရာကောင်းလောက်အောင် လူစိတ်ပျောက်သွားတဲ့ နီပိတ်လေးတွေပါပဲ ။ တချိန်က လူသားခြင်း စာနာဖို့ တို့ ၊ လူ့အခွင့်အရေးတို့ ဘာတို့နဲ့ လုပ်စားလာတဲ့ အယောင်ဆောင်တွေရဲ့ အတွင်းစိတ်တွေ ဖော်ပြနေကြတာပါပဲ ။
နီပိတ်တွေဟာ သူတို့ အကုသိုလ်နဲ့သူတို့ လူလိုသူလို မသွားရဲ မစားရဲ မအိပ်ရဲတဲ့ ဘဝတွေနဲ့ သိမ်ငယ်စွာ ရှင်သန်နေရပြီး လူတောမတိုးတဲ့ ဘဝနဲ့ ရပ်တည်နေရပါပြီ ။
ဒီတော့ သာမန်ပြည်သူတွေ ပျော်ရွှင်နေတာ ၊ စည်ကားသိုက်မြိုက်စွာ ပုံမှန်အတိုင်း သွားလာ လုပ်ကိုင် စားသောက်နေကြတာကို မနာလိုကြတော့ပါဘူး ။
ယခင် သီတင်းကျွတ် လပြည့်မှာ ပထမဆုံး ထွက်လာကြတဲ့ ဘုရားဖူး ပြည်သူတွေကြောင့် ရှော့ရသွားတဲ့ နီပိတ်လေးတွေဟာ မနာလိုစိတ်တွေ ဖုံးဖိမရအောင် ဆဲဆို ကြိမ်းမောင်း ခြိမ်းခြောက်နေကြတာ အားလုံး အသိပါပဲ ။
သူတို့ဘာသာ လေထဲကနေ တိုင်းပြည်ပျက်နေသယောင် လော်နေပေမယ် ပြည်သူတွေက သူတို့ကို အရေးမလုပ်တော့ပဲ ပုံမှန်အတိုင်း လုပ်ကိုင်စားသောက်နေကြပါပြီ ။ ရန်ကုန်မြို့ထဲမှာ ကြည့်လိုက်ပါ စိတ်ညစ်လောက်အောင် ကားတွေ ပြန်ပိတ်နေပါပြီ ။
ပြီးခဲ့တဲ့ အဖိတ်နေ့က ကျနော်ကိုယ်တိုင် ခရီးထွက်ခဲ့ပါတယ် ။ Zero မိုင် မှာ ရှိတဲ့ ရွှေပုလ္လင်ဆိုင် ထိုင်စရာမရလို့ မစားခဲ့ရပဲ ၃၉ ရောက်အောင် သွားကြရတယ် ။ ၃၉ မိုင်မှာလည်း လုံးဝ ထိုင်စရာ မရပါဘူး ။
နောက်ဆုံး သပြေရိပ်မှာ သွားကြတော့ ထိုင်လို့ရတယ် မနက်စာ အကုန်ပြတ်လပ်တဲ့ ရောင်းပြီးနေပြီ ။ ဆီဆမ်းနဲ့ ကြက်ဥကျော်ပဲ ရတော့တယ် ။ လူတွေ ခရီးထွက် စည်ကားနေတာ လက်တွေ့မြင်ခဲ့ရတာပါပဲ ။
လမ်းတလျှောက်ရှိ မြို့ငယ်လေးတွေ ရွာငယ်လေးတွေမှာလဲ ခါတိုင်းလို အက အခုန် အတီး အမှုတ်တွေ နဲ့ ပျော်ပွဲလေးတွေ ဖန်တီးနေကြတာ တွေ့ခဲ့ရပြန်ပါတယ် ။
ပြောချင်တာက ပြည်သူအများစုဟာ PDF လည်း စိတ်မဝင်စားကြတော့ပါဘူး ။ အချို့ဒေသ အနည်းငယ်ကလွဲရင် မကြာခင် ပုံမှန်အတိုင်း အေးချမ်းသွားပါလိမ့်မယ် ။ ဒါကတော့ ကျနော်ကိုယ်တိုင် ရောက်ခဲ့တဲ့ ဒေသတွေရဲ့ လက်ရှိမျက်မြင် အနေအထားတွေပါပဲ ။
လော်ဘီအားတွေကြောင့် နယ်ကလူတွေက ရန်ကုန်ကို မငြိမ်းချမ်းဖူးထင်နေပြီး ရန်ကုန်ကလည်း နယ်တွေမှာ မငြိမ်းချမ်းဖူး ထင်နေကြတာပါ ။ စစ်ကိုင်း ၊ ကယား ၊ ချင်း ကလွဲရင် အားလုံးနီးပါး ပုံမှန်ဖြစ်နေကြပါပြီ ။
ယခုလို ဝမ်းနည်းဖွယ် ကျိုက်နဲ ဘုရားဖူးဖြစ်စဥ်အတွက် အကုသိုလ်ယူနေကြသော နီပိတ်တွေ အတွက် သူတို့ရဲ့ အကုသိုလ်စိတ်အတွက် သူတို့ပဲ အမြန်ဆုံးနိဂုံးချုပ်ရတော့မှာပါလို့ သတင်းကောင်း ပေးချင်ပါတယ် ဗျာ ။
ကိုရွှေမျိုးဝင်း