တရား နဲ့ ဓား
လဲ မလားတဲ့
ငါမှ ငရဲ မသွားရဲတာ
အသက် နဲ့ အရှက်
လဲ မလားတဲ့
ငါမှ မျက်နှာ မပြောင်ရဲတာ
သိက္ခာခါ နဲ့ ရိက်ခါ
လဲ မလားတဲ့
ငါမှ မမိုက်ရဲတာ
အမှန်တရားနဲ့ မျှတမှုကို
ဓမ္မ နဲ့ လဲယူမယ် လို့
ကြွေးကျော်နေသူတွေက
အမှန်တရားနဲ့ မျှတမှုကို
ကျည်ဆန် တွေနဲ့
ရှာဖွေ လဲလှယ်နေတဲ့ အခါ
မမှန်ခြင်းတွေ
မမျှတခြင်းတွေသာ
ပိုပို တိုးလာတယ်
လိုချင်တာ ရဖို့
အသက်စွန့်ထားတယ် ပြောပြီး
အနန္တောအနန္တဂိုဏ်းဝင်ပါ မချန်
သူတပါး အသက်တွေကို
လူသား မဆန်စွာ
ရက်ရက် စက်စက်
နှုတ်ပစ် နေတာက
စွန့်လွတ်ထားပါတယ် ဆိုတဲ့
အသက်တွေ အတွက်
ဘာများ
ပိုပြီ တန်ဖိုးမြင့်မားလာစေမှာလဲ?
အသက်စွန့်ထားတဲ့သူတောင်
အသက်သေမှာ ကြောက်လို့
လက်နက်ရှိသူချင်း မျက်ကွယ်ပြု
လက်နက်မဲ့သူ သက်သက်ကို
တစ်ဖက်သတ် ပစ်မှတ်ထား
တိုက်ခိုက်သတ်ဖြတ် နေတာဟာ
ပညာပြည့်ဝ သတ္တိရှိခဲ့ကြတဲ့
သူရဲကောင်းတွေရဲ့
ကျင့်စင် မဟုတ်ဘူးဆိုတာ
သူရဲကောင်းတွေရဲ့ သမိုင်း
တခါလောက် ဖြစ်ဖြစ်
ပြန်လှည့် ဖတ်ကြည့်စေချင်တယ်
လောက နိယာမ
ဓမ္မ နိယာမတွေ
ကိုယ့် အတ္တဆန္ဒ နဲ့
တထပ်တည်း မကျတိုင်း
အမြင် မတူသူကို
ရန်မူ ရန်လိုနေရင်
လိုချင် ရချင်
ဖြစ်ချင် တာတွေက
မှိန်သထက် မှိန်
ဝေဝါးသထက် ဝေဝါးနေဦးမှာ
ကိုယ် ညံ့လို့
လောကကြီး နဲ့
လိုက်လျောညီထွေစွာ
ကကွက်ထွင် ကကွက်ဆင်
မက,ပြတတ်တာကို
လောကကြီးက
ရန်သူသာပဲ လို့
ထင်နေ မြင်နေရင်
အရှုံးကြီး ရှုံးနေဦးမယ်ဆိုတာ ....😔😔😔😔😔
အရှင်ကေသရိန္ဒ