Monday, November 15, 2021

အကြမ်းဖက် PDFသင်တန်းတက် ရောက်မည့်သူများအား ဖမ်းဆီးရမိ...


မြဝတီ၊နိုဝင်ဘာ ၁၂

ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီ
မြို့နယ်၊ဝေါလေမြို့တွင် အများပြည်
သူနှစ်မြို့ခြင်းမရှိသော ပြည်တွင်း 
မတည်မညိမ်ဖြစ်စေရေးနှင့် ဆူပူ
အကြမ်းဖက်မှုများဖြစ်ပေါ်စေရေး 
ရည်မှန်းဦးတည်သည့် အကြမ်းဖက်
သင်တန်းတက်ရောက်ရန် လာရောက်
သော အကြမ်းဖက် PDF များအား 
နိုဝင်ဘာလ ၁၂ရက်နေ့ မွန်းလွဲ ၁နာ
ရီခွဲခန့်က ဝေါလေမြို့အဝင် စစ်ဆေး
ရေးဂိတ်၌ ဖမ်းဆီးရမိခဲ့သည်။

မြဝတီမြို့နယ်ဘက်မှ ဝေါလေမြို့ဘက်သို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့NDO တပ်မဟာ (၆)၊ တပ်ရင်း (၁၆) မှ တပ်သားအဆင့်ရှိ လေးခို (ခ) မန်းစော၏ ခေါ်ဆောင်လာမှုဖြင့် အကြမ်းဖက်သင်တန်းတက်ရောက်ရန် လာရောက်ကြသော အသက် (၁၈) နှစ်မှ (၂၄) နှစ်ကြားရှိ ရန်ကုန်တိုင်းဒေသကြီးမှ (၆) ဦးနှင့် မြဝတီမြို့နယ်နေ (၃) ဦး၊ ယာဉ်မောင်းတစ်ဦး စုစုပေါင်း (၁၁) ဦးတို့အား ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည် (၁၇) တောင့်၊ အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် ဝေါလေမြို့၊ နယ်မြေရဲစခန်းတွင် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#သူရိယနေမင်း