- PDF တွေက တပ်မတော်ကို မဖြုတ်နိုင်ဘူးဆိုတာကို NUG က သိတယ်။
- သို့သော်
၁။ PDF နဲ့ ပွဲဆူအောင်လုပ်မယ်
၂။ နိုင်ငံတကာတပ်တွေ ဝင်လာအောင် ပုံဖော်မယ်
ဆိုတဲ့ ပုံစံနဲ့ လစ်ဗျားပုံစံကို မျှော်မှန်းတယ်။
၃။ တိုင်းရင်းသားလက်နက်ကိုင်တွေကိုတော့
- နိုင်ငံတကာတပ်တွေ ဝင်လာချိန် ပူးပေါင်းရန်
- စိတ်ကြိုက် ဖက်ဒရယ်နဲ့ မြှူဆွယ်ရန်
မြန်မာ့တပ်မတော်ကို လျှော့တွက်ကြလွန်းတယ်။
၂၀၁၅ ခုနှစ်တုန်းက
ကျွန်တော် စစ်ဘက်အဆင့်မြင့်သင်တန်းတစ်ခုမှာ
"လစ်ဗျားနိုင်ငံသို့ အနောက်အုပ်စုမှ ဝင်ရောက်
စွက်ဖက်ခြင်းနှင့် မြန်မာ့နိုင်ငံရေး၏ အနာဂတ်
အလားအလာအား လေ့လာသုံးသပ်ခြင်း" ဆိုတဲ့
ခေါင်းစဉ်နဲ့ စာတမ်းတစ်ခုတင်ဖူးတယ်။
မြန်မာနိုင်ငံကို လစ်ဗျားလို ပုံဖော်ဖို့က မဖြစ်နိုင်ကြောင်း
အထောက်အထား အကိုးအကားများစွာနဲ့
သုံးသပ်တင်ပြခဲ့ဖူးတယ်။
သို့သော် -
- ကိုဆိုဗိုလို အရေးအခင်းမျိုးကိုတော့ မြန်မာနိုင်ငံ
အနောက်မြောက်ဒေသမှာ အကောင်အထည်
ဖော်လာနိုင်ကြောင်း၊
- တရုတ်တို့၏ ပုလဲကုံးဗျူဟာနဲ့ ဝါဆော-နေတိုးရဲ့
စစ်အေးတိုက်ပွဲ ပြီးကတည်းက ပစ်ပယ်ထားတဲ့
ပစိဖိတ်သမုဒ္ဒရာအား အီရတ်အရေးအခင်းပြီးနောက်
အမေရိကန်တို့ ပြန်လည်စိတ်ဝင်စားလာမှုတို့ကြောင့်
ထိပ်တိုက်တွေ့ကြမည့်နေရာထဲမှာ မြန်မာနိုင်ငံ
အနောက်မြောက်ဒေသလည်း ပါလာနိုင်ကြောင်း
အကျဉ်းချုပ်သုံးသပ်တင်ပြခဲ့ဖူးတယ်။
ဖြစ်လာတာပဲ။
ယခု အရေးအခင်းမှာလည်း မြန်မာ့တပ်မတော်ရဲ့
ပါးနပ်မှုကြောင့် နိုင်ငံတကာတပ်များ ဝင်မရတော့ဘဲ
PDF တွေသာ အကြမ်းဖက်အဖြစ် ပုံဖော်ခံခဲ့ရတယ်။
သံခင်းတမန်ခင်းမှာ အောင်မြင်မှု ရခဲ့ပြီးနောက် အခု
ဆောင်းဦးဝင်စမှာပဲ အကြမ်းဖက်နှိမ်နင်းရေး
ခေါင်းစဉ်အောက်ကနေ PDF တွေကို ရှင်းလင်း
လာခဲ့ပြီ။
ထောက်ပံ့ပေးနေတဲ့ အဓိက ဒေါက်တိုင်တွေကို
ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီ။
မြန်မာ့တပ်မတော် ဆိုတာ လွတ်လပ်ရေးရပါပြီ
ဆိုကတည်းက လက်နက်ကိုင်မျိုးစုံတွေ၊
နိုင်ငံရေးပါတီမျိုးစုံတွေက တိုက်ခိုက်သမျှကို
ကြံ့ကြံ့ခံလာတဲ့ အဖွဲ့အစည်းပါ။
ဒီလောက်လွယ်နေရင် သူပုန်ပတ်လည်ဝိုင်းနေတဲ့
နိုင်ငံမှာ ဗကပ ခေတ်ကတည်းက မြန်မာ့တပ်မတော်
ပျက်တာကြာပေါ့။
အရေးအခင်း အစကတည်းက ကျွန်တော်ပြောဖူး
ပါတယ်။
- ခေတ်အဆက်ဆက် ဘယ်တုန်းကမှ အောင်မြင်မှု
မရဖူးတဲ့ တော်လှန်ရေး လမ်းရိုးလမ်းဟောင်းကနေ
ခွဲထွက်ပြီး။
- ဥပဒေအရ ရင်ဆိုင်ဖြေရှင်းခြင်းကသာ
ရွေးကောက်ပွဲအသစ်နဲ့ ဒီမိုကရေစီခေတ်ကို
အမြန်ဆုံးပြန်ရောက်ပါလိမ့်မယ်လို့။
မြန်မာ့တပ်မတော်ကို ဖြုတ်မယ်ဆိုတဲ့
- တရုတ်အထောက်အပံ့အပြည့်အဝရခဲ့တဲ့
ဗကပနဲ့ သူ့တပ်တွေလည်း ပျက်စီးခဲ့ရတာပဲ။
- ဦးနုရဲ့ ပြည်ပြေးအစိုးရနဲ့ ပြည်ချစ်တပ်တွေလည်း
ပျက် စီး ခဲ့ရတာပဲ။
- ဦးစိန်ဝင်းရဲ့ NCGUB ပြည်ပြေးအစိုးရနဲ့
ABSDF တပ်တွေလည်း ပျက်စီးခဲ့ရတာပဲ။
- အခု NUG နဲ့ PDF တို့သည်လည်း မကြာမီပေါ့။
အခုတော့ -
စစ်ရေးလေ့ကျင့်ခန်း ပုံစံနဲ့ ထိုင်း-မြန်မာနယ်စပ်ထိ
ရောက်လာတဲ့ အမေရိကန်တပ်တွေလည်း ပြန်ပြီ။
"နိုင်ငံတကာကို အားမကိုးနဲ့။ ကိုယ့်အားကိုယ်ကိုးပြီး
ဆက်တိုက်ကြ" ဆိုတဲ့ ပြည်ပရောက် ပန်ဆယ်လိုရဲ့
စကားကို ယုံကြည်နေတဲ့ ပြည်တွင်းအကြမ်းဖက်
တွေကတော့ အရိုးတောင်လိုပုံကြဦးမည်။
ဘဝတွေ ပျက်စီးကြဦးမည်။
ရွေးကောက်ပွဲ အသစ်ကို နှောင့်နှေးကြန့်ကြာအောင်
လုပ်နေသမျှတော့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သက်တမ်းက
ရှည်လျားနေပါလိမ့်ဦးမည်။
Credit Ko BaMg