Wednesday, September 15, 2021

🍄 “ ကိုယ့်အတတ်ကိုယ်စူး " 🍄

                           Self entrapment 

မြန်မာ့စကားပုံတွင် သတိပေးစကား အတော်များများ
ထားရှိခဲ့သည်ကိုတွေ့ရသည်၊ ရှေးလူတို့ တာဝန်ကြေ၏။

   á€œá€Šá€şá€œá€˝á€”á€şá€¸á€á€˛á€ˇá€˜á€Žá€¸ ချေးနင်း
   á€€á€­á€Żá€šá€şá€ˇá€Ąá€á€á€şá€€á€­á€Żá€šá€şá€…ူး 
   á€•န်းတိမ်မတတ် ရွှေခိုးတတ်..... စသည်ဖြင့်။

နိုင်ငံအဆင့်နိုင်ငံရေးသည် အန္တရာယ်ကြီးလှ၏
ကမ္ဘာတွင် ချေးသင့်ခဲ့သော အလယ်လွန် ဘီးများစွာရှိခဲ့ဘူးသည်
ဘုရင့်မြတ်နိုးမှုကို အခွင့်ယူ၍ အလယ်လွန်သော
နန်မတော်မယ်နု နောက်ဆုံးနိဂုံးချုပ်မလှရခြင်းမျိုးသည်
တနင့်တပိုး သင်္ခန်းစာဖြစ်သည်၊

...............

🍄  ဝင်္ကပါသို့သော နိုင်ငံရေး
       Politics likes labyrinth.

နိုင်ငံရေးသည် ဝင်္ကဘာတခုကဲ့သို့ရှိသည်
တဆင့်ချင်းတက်လာလေ... ဝင်္ကဘာတွင်းသို့
ရောက်လေသဘောဖြစ်လာသည်၊ အမြင့်ဆုံးအဆင့်
ရောက်လျင် ဝင်္ကဘာ အလယ်သို့ရောက်နေပြီဟု ယူဆနိုင်သည်၊
ပြန်ထွက်နိုင်ရန် မဟာဗျူဟာခွာစစ် Strategic exit သာ
ရှိမထားပါက အလိုအလျောက် ပိတ်မိခြင်းဟူသော
Self entrapment ဖြစ်ရတော့သည်၊ ပြောရလျင် ကိုယ့်အတတ်
ကိုယ်စူး၊ ကိုယ့်ကိုယ်ကို ကိုယ်တိုင်ကြိုးတုတ်လိုက်ခြင်းလဲ
ဖြစ်သည်၊

လောဘသားကောင်လူဖြစ်သောကြောင့်
လောဘကိုမထိမ်းချုပ်နိုင်သမျှ ကိုယ့်ကိုယ်ကို ကိုယ်တိုင်
ပိတ်မိနေကြသူများ ဖြစ်လာကြသည်၊

ထို့ကြောင့်လဲ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးလျင်
နိုင်ငံရေးထဲမှထွက်ပြီး စာပဲရေးတော့မည်ဟုဆိုခြင်းဖြစ်ဟန်
တူသည်၊ အမည်မဖေါ်လိုတော့သော်လည်း (၈၈) နောက်ပိုင်း
တကြော့ပြန်ဝင်လာသော နိုင်ငံရေးသမားဟောင်းကြီးများ၏
အသက်ကြီးမှဖြတ်သန်းခဲ့ရပုံများသည် သံဝေဂ အပြည့်ပင်။

..............

🍄  ခွာစစ် ဗျူဟာ
       Strategic exit.

* Covid-19 သည် နိုင်ငံများစွာကို ကြီးသွာနာကျင်စေလိမ့်မည်
* အင်အားမကောင်းသော နိုင်ငံခေါင်းဆောင်တို့ကို
   á€†á€˝á€˛á€á€ťá€žá€˝á€Źá€¸á€œá€­á€™á€şá€ˇá€™á€Šá€şáŠ 
* အခင်းအကျင်းသစ်နှင့် မြင်ကွင်းသစ်တို့ကိုထွက်ပေါ်
   á€…á€ąá€œá€­á€™á€şá€ˇá€™á€Šá€ş ( New normal ) ဟုသတိပေးရေးသားခဲ့ပါ၏။

တခုချင်းဖြစ်လာခဲ့ပါလေ၏၊
တသက်လုံးလက်ခံထားခဲ့သော ဘောဂဗေဒ အယူအဆ
တရပ်ဖြစ်သော Economy of scale မေးခွန်းထုတ်ခံလိုက်ရပြီ၊
စီးပွားရေးအင်အားအကြီးဆုံးသော အမေရိကန်ပင်
အလွန်အမင်း နာကျင်စွာခံစားနေရသည်၊
နိုင်ငံ (၃) ခုတို့၏ အစိုးရများပြုတ်ကျသွားခဲ့လေပြီ။
နိုင်ငံကြီးအချို့အပါ နိုင်ငံအတော်များများ ဆန္ဒပြပွဲများနှင့်
ရင်ဆိုင်နေကြ၏၊

အခြေအနေက In the heart of labyrinth ဟူသည့်
ဝင်္ကဘာအလယ်သို့ရောက်နေသည့်အချိန်၊ ကိုယ့်ဖါကိုယ်
လှောင်ပိတ်မိနေသည် အခြေအနေ Self entrapment မျိုး
ဖြစ်နေ၏၊

ရိုးရိုးသားသား တက်လာသူတို့ပင်လျင် အခြေအနေ၏
တွန်းပို့မှုကြောင့် entrapped ဖြစ်နေလျင်၊ ဆန်းဆန်းပြားပြား
ဖြစ်သူတွေအတွက် သပွတ်အူ ဖြစ်၊ ကကြိုးရှုပ်ဖြစ်မည်မှာ
မေးစရာမလိုတော့ချေ၊

..............

🍄  ဘယ်သူတွေ ဘာပြောနေကြလဲ ?
        Who say what ?

ခေါင်စဉ်တခုတပ်ပြီးမြန်မာနိုင်ငံနှင့်တပ်မတော်ကို ဖိအားပေး ဖျက်ဆီးနေကြသော အဝေးရောက်အချို့တို့ ဘာပြောနေကြ
ပါသလဲ ? 
နိုင်ငံတကာဖိအား၊ မြန်မာနိုင်ငံဖျက်ဆီးနိုင်ရေးအတွက်
တပ်မတော်နှင့် အစိုးရကို မည်သို့ Cornering လုပ်နေကြပါသလဲ

စိုးရိမ်စရာ အခြေအနေတခုသို့တော့ တွန်းပို့ခံနေရပြီဟု
မြင်ပါသည်၊ လူပုဂ္ဂိုလ်အချို့သည်၎င်း၊ နိုင်ငံသည်၎င်းး
Entrapped ဖြစ်မှန်းမသိ ဖြစ်လာခဲ့ချေပြီ။

ဘာကြောင့်ဖြစ်ရသနည်း
ဘယ်သူ့ကြောင့်ဖြစ်ရသနည်း
မည်သို့ဖြေရှင်းပါမည်နည်း

UWSA ဗိုလ်သင်တန်းဖွင့်ပွဲကိုတွေ့လိုက်ရပြန်သည်
စိတ်မသက်သာလှ၊ ခန္ဓာကိုယ်ခုခံအားနည်းသည့်အခါ
ရောဂါတို့ တိုးဝင်လာသည့်သဘောဖြစ်သည်၊
One of self entrapments ဟုယူဆသော်ရ၏၊

.............

🍄  သမိုင်းအမွေ
       Legacy.

ပဲပြုတ်သယ်၏ မိသားစုအပေါ်ထားခဲ့သော သမိုင်းအမွေသည်
နောက်မျိုးဆက်တို့၏ သမိုင်းသင်ရိုးညွှန်းတန်းဝင်မဖြစ်နှိုင်
သော်လည်း၊ နိုင်ငံတခုကို ဦးဆောင်ခဲ့သူတို့၏ သမိုင်းကား
သင်ရိုးတ်ု့တွင် မထဲ့ချင်၍မရပြန်။

ငတ်တလှည့်၊ ပြတ်တလှည်ကို အချိန်ကကုစားပေးနိုင်သော်လဲ
သမိုင်းအမဲစက်ကိုမူ ဖြောက်ဖျက်မရတတ်ချေ၊
ခေတ်သည် ယခင်ကလိုမဟုတ်တော့၊ မည်သိုဖုံးဖုံး ကွယ်မရ
ခေတ်ဖြစ်သည်၊ နည်းပညာရပ်တို့ကြောင့်၎င်းး၊ သုတေသန
အမြင်ရှိ ပညာတတ်တို့ကြောင့်၎င်း အမှန်တရားသည်
ရှေးကလို လှည့်ဖြားလို့မရတော့ချေ၊

အမွေကောင်းထားခဲ့နိုင်မလား ?
ကိုယ့်ကိုယ်ကို မေးရန်လိုသည်

ချေးမနင်းမီ ဘီးလည်ကောင်း၏
ကံကုန်၊ စန်းကျသောအခါ ချေးနင်း၏
ထို့ကြောင်း ဘီးတိုင်း အလည်မလွန်သင့်
အလည်လွန်ခဲ့ပါလျင်လည်း အကောင်းဆုံးသော
အဖြေတခုကို ရှာထားသင့်သည်၊

ပြောသာပြော၊ ရေးသာရေး အားကရှိသည်မဟုတ်
နောက်ဆုံး မြေတဝက်မြိုမှသိကြမည့်ပုံ။

.................

🍄  နပိုလီယံနှင့် ဝါတာလူး
        Napoleon and Waterloo.

တိုက်တိုင်းအောင် ၊ ပြည်သူ့ထောက်ခံမှု အပြည့်ရခဲ့သော
နပိုလီယံကို ဝါတာလူးစစ်မတိုက်ရန် ဝိုင်းတားခဲ့၏၊
မာန်တက်နေသော နပိုလီယံလက်မခံခဲ့၊

ဝါတာလူးသည် နပိုလီယံ၏ ကံတဆစ်ချိုး၊ ဘဝအကွေ့
တခုဖြစ်သွားသည်၊ ဝါတာလူးစစ်ကို နပိုလီယံ မရှုမလှ
ရှုံးနိမ့်ခဲ့၏၊ နောက်ဆုံး အကျဉ်းသားဘဝရောက်ခဲ့သည်အထိ
အချိုးအကွေ့ကကြမ်းတမ်းခဲ့သည်၊

ယနေ့ မြန်မာတို့ရင်ဆိုင်နေရသော
ဗိုင်းရပ်စ်၊ 
ပြည်ပဖိအားနှင့် 
(၅) နှစ်မျှကျဆင်းနေသော
စီးပွားရေးစသည်တို့၏ အစုအပေါင်းအကျိုးဆက်သည်
Second Waterloo သဏ္ဏာန်နှင့်တူသည်ဟု တင်စား
နိုင်ပါလိမ့်မည်၊

တိုင်းပြည်သည်၎င်း၊ လူပုဂ္ဂိုလ်တို့သည်၎င်း
ဝင်္ကဘာတခုထဲသို့ရောက်နေပြီး၊  ခြံရံဝိုင်းပါတ်ထားသော
စစ်ကိုရင်ဆိုင်နေရသည်နှင့်တူနေ၏၊

ဘယ်သူမပြု မိမိမှုသာဖြစ်သည်
အဆင်ခြင်မဲ့သော ကကြိုးရုပ် ခြေရှုပ်ခြင်းနှင့်လည်းတူပြန်သည်
အရှိန်မထိမ်းနိုင်တော့သော အလည်လွန်ဘီး
မရှောင်သာတော့ပဲမိုင်းနင်းတော့မည်ကဲ့သို့လဲရှိပြန်သည်။
Strategic exit သည်သာ ရွေးချယ်စရာဟုလဲမြင်ပါသည်။

နေဇင်လတ် ( 15.9.20 ) 🍄


Related Posts:

  • မြန်မာလူမျိုး စစ်စစ်ဆိုရင် ဗုဒ္ဓသာသနာကို မဖျက်ပါ။အမျိုး ဘာသာ သာသနာကို စောင့်ရှောက် ကာကွယ်ကြဖို့/အမျိုးသားတိုင်းရဲ့ တာဝန်ဖြစ်သည်။ (Hnin)😏😏သိဖို့👉👌👌👈👈#Credit… Read More
  • "ပုဂံ" ဘုရားအဆူ၃၀ ပါ။ဘုရားပုံနဲ့ ဘုရားဘွဲ့တော်လေးတွေတွဲတင်ပေးပါဆိုလို့တင်ပေးလိုက်ပါတယ်ဖူးမြှော်နိုင်ကြပါစေ။#Credit… Read More
  • ရုရှားနိင်ငံတွင် ကျင်းပမည့် Army Game 2021တွင် ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့သည် Crew 1 ပထမပွဲစဥ်ကို22. 8 .2021 ရက်နေ့ မော်စကို စံတော်ချိန် 10:00မြန်မာစံတော်ချိန်  13:30 နေ့လည်တစ်နာရီခွဲမှာပထမ ဆုံးပွဲစဥ်အနေနဲ့Myanmar 💚Mali 💙Kyrgyzstan 💛Laos ❣ယှဥ… Read More
  • အောင်ပါလေထီ ဆုမဲလက်မှတ်များအား အပြည့်အဝ ထုတ်ယူခွင့်ပြု့မည်ထီလက်မှတ်ရောင်းရငွေ ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ခွဲဝေပေးမည့်အပြင် ထီဆုငွေများကို ကန့်သတ်ချက်မထားဘဲ အပြည့်အဝ ထုတ်ယူခွင့်ပြုသွားမယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက ဩဂုတ်လ ၁၈ရက်နေ့၌ သတင်းထုတ်ပြန်ထားပါတယ်။#PeopleMedia #ထီ #ပြည်တွင်း… Read More
  • #စာတစ်လုံးဘုရားတစ်ဆူ ပါ မှတ်သားထားကြပါ ဓမ္မမိတ်ဆွေတို့....🙏 နမော ဗုဒ္ဓဿ 🙏" အက္ခရာဘုရားရှိခိုး "🙏 က 🙏ကကြီးဟူသည်ကားကိလေသာ မာန်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။🙏 ခ 🙏ခခွေးဟူသည်ကားခန္ဓမာန်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။🙏 ဂ 🙏ဂငယ်ဟူသည်ကားဂုဏ်တော်ကိုးပါးနှင့် á€•ဟည်အစုလတ္ဏ်မူသ္ဏမဟ‌ Read More