ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့
စိတ်နေစိတ်ထား သဘောသဘာဝ
မတူတာလေးကို သွားမြင်ရတယ်။
အခွင့်အာဏာကို ခိုင်မာ တောင့်တင်းအောင်
လုပ်ချင်ရင် တိတ်တိတ်နေ၊
တိတ်တိတ်နေရင် အာဏာတည်မြဲတယ်လို့
ဗိုလ်ချုပ်ကြီး ဒီဂေါလ်က ပြောခဲ့ဖူးတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သတိပြုကြည့်လိုက်
သူက တိုင်းပြည်ကို စကားနည်းနည်းပဲ
ပြောသွားတာ မြင်ရလိမ့်မယ်။
သူ့ရင်ထဲက hero က ဗိုလ်ချုပ်ကြီး
ချားလ်ဒီဂေါလ် ဖြစ်နိုင်တယ်။
နိုင်ငံအရေးဆိုတာ နိုင်ငံရေးသမားတွေရဲ့
လက်ထဲကို ဝကွက်အပ်ရလောက်အောင်
စိတ်မချရဘူးဆိုတဲ့ စကားလေးကို ချားလ်
ဒီဂေါလ်က ပြောခဲ့တယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်လဲ
နိုင်ငံရေးကနေ ထွက်ခွာတဲ့အချိန်မှာ
တပ်မတော်သား၂၅ ရာခိုင်နှုန်းကို
လွှတ်တော်ထဲမှာ ထားခဲ့တယ်။
အမေရိကန် သမတကြီး ကူးလစ်သည်လဲ
စကားနည်းရမယ်ဆိုတာ ကောင်းကောင်းသိတယ်။
ကြီးကျယ်တဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့
လူဖြစ်လာရတဲ့သူတွေမှာ ဒီအရည်အချင်းဟာ
မွေးရာပါအရည်အချင်းတစ်ခု ဖြစ်နေသလားး
စကားတွေဟာ အတွေးအခေါ်ကို အရည်ပျော်ပြီး
အားနည်းစေသလို သတ္တိကို လျော့ပါးသွားစေတယ်။
လိုအပ်တဲ့ အာရုံစူးစိုက်မှုကို ပျက်ပြယ်စေတယ်။
ဘိုနာပတ်သည်လဲ အင်မတန်စကားနည်းတဲ့သူ
ဖြစ်နေတယ်။
ရစ်ချလျူးက- လူတစ်ယောက်ဟာ တိုင်းပြည်တစ်ပြည်ကို မှန်ကန်စွာ ကောင်းမွန်စွာ အုပ်ချုပ်နိုင်ဖို့ စကားနည်းနည်းပြောပြီး များများနားထောင်ရမယ်လို့ ပြောခဲ့ဖူးတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စာအင်မတန်ဖတ်တဲ့
ပုဂ်ဂိုလ်တစ်ယောက် ဖြစ်သလို တိုင်းပြည်ကို စကား
နည်းနည်းပဲ ပြောပီး အလုပ်အများကြီး လုပ်သွားတာ
ကတော့ ငြင်းမရတဲ့ အမှန်တရား....
ဥပမာ- တပ်ပိုင်းဆိုင်ရာကိုပဲ ပြောမယ်။
နိုင်ငံတည်ဆောက်ရေးပိုင်းက မြင်ရတဲ့အပိုင်းတွေ
ဖြစ်သလို ကမ္မည်းမော်ကွန်းတွေကြည့်ရင်
သိနိုင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး လက်ထက်မှာ တပ်အသစ်တွေ
အများကြီး တိုးချဲ့ခဲ့တယ်။ တပ်မအသစ်တွေ
အများကြီး ဖွဲ့စည်းတည်ထောင်ခဲ့တယ်။
ဗိုလ်ချုပ်မှူးကြီး က မြေပုံပေါ်ကကြည့်တယ်။
သူက မြန်မာနိုင်ငံအနှံ့သွားပီး
မြေပြင်မှာလက်တွေ့ကွင်းဆင်းပြီး
အကောင်အထည်ဖော်ပေးရတယ်။
ဆွေးနွေးလို့ရတယ်လို့ ဆိုတယ်။
အခြားတဘက်ကနေ သိအောင် လုပ်တယ်လို့
ပြောဖူးတယ်။
သူသည်လဲ အမျိုးဖြစ်နေလို့
ဒီအကြောင်းအရာအချို့
ပြောပြတာပေါ့...
မြောက်ကိုရီးယား ခရီးစဥ်မှာ ပါဝင်သလို
လက်ရှိတော့ ၇၀ တန်း လူကြီးတွေပေါ့...
ဆိုလိုချင်တာက ကဏ္ဍတစ်ခုတာဝန်ထမ်းဆောင်ရသူတောင် သူ့ကဏ္ဍနဲ့ ပတ်သက်ရင် တော်တော်လေး
အမောင်းခံရတယ်။
အလုပ်အင်မတန်လုပ်ရတယ်။
#သမိုင်းကြောင်းတွင် အလုပ်မပါသည့်
အပြောသာများသည့် သမိုင်းကြောင်း
မဖြစ်ရန် အရေးကြီးကြောင်းကို
၄.၄.၉၅ မှ ၁၃.၄.၉၅ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊
မန်းလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်
ပြည်နယ်ခရီးစဥ်အတွင်း လမ်းညွှန်မှာကြားခဲ့တယ်။
သူက သူ့သမိုင်းကို စကားနည်းနည်းပဲပြောပြီး
လုပ်ဆောင်ချက်နဲ့ သက်သေပြခဲ့တယ်။
နေပြည်တော်ကြီးနဲ့ စေတီကြီးက ဘယ်သူမှ
ဖျောက်ဖျက်လို့မရတဲ့ သမိုင်း
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
အဂ်လိပ်နန်းရင်းဝန်ကြီး ဝီလျံပစ်ရဲ့ရှေ့မှာ
နိုင်ငံရေးသုခမိန်၊ နိုင်ငံရေးခေါင်းဆောင်
ဆိုတာ ဘယ်လိုအရည်အချင်းမျိုးတွေ
ရှိအပ်တယ်ဆိုတာကို ဆွေးနွေးကြတယ်။
တစ်ယောက်က ဝီရိယ၊ တစ်ယောက်က
ခွန်အားဗလ၊ တစ်ယောက်က စကားပြော
ကောင်းတဲ့ ဝစနလက်ာရအတတ် စသဖြင့်
သန်ရာသန်ရာ ပြောကြတယ်။
သည်တော့ နန်းရင်းဝန်ကြီးဝီလျံပစ်က
ဒါတွေ တစ်ခုမှ မဟုတ်ဘူးတဲ့...
နန်းရင်းဝန်တစ်ယောက်အဖို့ အရေးအကြီးဆုံး
အရည်အချင်းကတော့ စိတ်ရှည်မှု ဖြစ်သတဲ့...
လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ်ကို သတိထားကြည့်ရင်
အင်မတန်စိတ်ရှည်တဲ့ ပုဂ်ဂိုလ်ဖြစ်နေတာ မြင်ရလိမ့်မယ်။
ဘယ်လောက်ထိ စိတ်ရှည်သလဲဆို ဆယ်စုနှစ်တစ်ခုလုံး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်
နေပေမယ့်
ပွဲဆူတဲ့ စကားလုံးကို ၂၀၂၀ ရွေးကောက်ပွဲ နီးမှပဲ
ပြောခဲ့တယ်။
ဒီ့အပြင်သူပြောဖူးတာက တိုင်းပြည်ဦးဆောင်သူ
အမှားများပါက နိုင်ငံအတွက် အန်တရယ်ရှိနိုင်တယ်
ဆိုတဲ့ စကားကို ၂၀၁၉ မှာ ပြောခဲ့ဖူးတယ်။
ထိုနည်းတူ ပြည်ပရောက် မြန်မာတွေ ပြန်ခေါ်ဖို့
ပြောတဲ့အချိန်မှာလဲ သူကိုယ်တိုင်ပဲ စိတ်ရှည်ကြောင်း ဝန်ခံခဲ့တယ်။
နန်းရင်းဝန် ဝီလျံပစ်က
လူတွေရဲ့ အကြောင်းကို စဥ်းစားတဲ့နေရာမှာ
မသိမိုက်မဲမှုကိုလည်း ထည့်တွက်ရမယ်လို့
ဆိုတယ်။
ဥပမာ ဖေဖော်ဝါရီလ နောက်ပိုင်းမှာ ဖမ်းမိတဲ့
သူတွေကို ပြန်လွှတ်ပေးတာတွေရှိတယ်။
သူ့ရဲ့စိတ်ရှည်သည်းခံမှုကို ကျနော်တို့အားလုံး
မြင်တွေ့ပြီးသား ဖြစ်တဲ့အတွက် အားမလိုအားမရ
ဖြစ်နေကြတာပဲ မဟုတ်လားးး
တကယ်တော့ ကျနော်တို့က
သာမန်နိုင်ငံသားတစ်ယောက်
သူက ဒီနိုင်ငံရဲ့ နန်းရင်းဝန်ကြီး ဖြစ်နေတာ...
စစ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ
လူတွေရဲ့ မိုက်မဲမှုကို တွေ့ရလိမ့်မယ်လို့
အမြဲမျှော်လင့်ထားတယ်။
သာမန်မသိမိုက်မဲမှုမျိုးဖြစ်ခဲ့ရင် အဲဒိမိုက်မဲမှုကို
စိတ်ရှည်စွာ သည်းခံကျော်လွှားဖို့လည်း အဆင်သင့်
ပြင်ထားတယ်။
သူ့ရဲ့အယူအဆတွေကို တလွဲနားလည်သွားကြလိမ့်မယ်
ဆိုတာကို သူကြိုတင်သိတယ်။
စိတ်ရှည်မှုဟာ နန်းရင်းဝန်တစ်ယောက်အတွက်သာ
လိုအပ်ရုံမက လူတွေကို ခေါင်းဆောင်ရတဲ့ သူတိုင်းမှာ
လိုအပ်တဲ့ အရည်အချင်း ဖြစ်တယ်လို့ ဝီလျံပစ်က ဆိုတယ်။
Hardpower အကြီးအကဲဆိုသော်လည်း
နိုင်ငံအုပ်ချုပ်တဲ့အပိုင်းမှာ softpower
အားသန်တာကို မြင်ရတယ်။
ဥပမာ လက်နက်ကိုင် လမ်းစဥ်ကို မလိုလားဘူးဆိုတဲ့
ပြောကြားချက်ကို မီဒီယာတွေရဲ့ ဖော်ပြမှုတွေနဲ့အတူ
ကျနော်တို့ အားလုံးမြင်တွေ့ကြားသိပြီးပါပြီ။
သူက ဂန်ဒီ ရဲ့ အဟိံသ လမ်းစဥ်
လက်ရှိ nug က မော်စီတုန်းရဲ့ ကွန်မြူနစ်လမ်းစဥ်
softpower ရဲ့ရလာဒ်က ချက်ခြင်းအဖြေမထွက်ပဲ
ရေရှည်မှ သိသာလာတာမျိုး...
စီးပွားဖျက်မှုနဲ့အတူ
အခက်အခဲတွေကြားထဲကနေ
ဘယ်လိုရုန်းထွက်လာမလဲ....
သူသည်လဲ ဘာသာသာသနာနှင့်အတူ
တိုင်းပြည်ကိုဝိုင်းပြီး ဖျက်ဆီးနေတဲ့ကြားက
စကျင်ဆင်းတုတော်ကြီး တည်ထားကိုးကွယ်မှု
ဆောင်ရွက်နေကာ သမိုင်းကို အကောင်းဆုံး
ပုံဖော်နေတယ်လို့ ပြောလို့ရတယ်။
==========================
ဒီပုဂ်ဂိုလ်ကြီး ၂ ဦးစလုံးမှာ တူညီတာလေး
တစ်ခုရှိတာကို သွားမြင်မိတယ်။
၂၀.၉.၉၄-၂၆.၉.၉၄ နေ့ထိပြုလုပ်တဲ့
နဝတ ဒုတိယလေးလပတ်အစည်းအဝေးမှာ
ပြောကြားခဲ့တဲ့ အမှာစကားလေးက
တိုင်းပြည်တာဝန်ကို မိမိတို့ယူထားသည်မှာ
အခွင့်အရေးရယူရန် မဟုတ်ပဲ၊
တိုင်းပြည်နှင့် လူမျိုးအတွက် တိုးတက်အောင်
ဆောင်ရွက်ဖို့ဖြစ်သည်ကို မမေ့ကြရန်လိုကြောင်း
ပြောခဲ့ဖူးတယ်။
ထို့အတူ လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ်သည်လဲ
မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်၊
အစိုးရချမ်းသာရန် မဟုတ်ပဲ
တိုင်းပြည်ချမ်းသာရန် ဆောင်ရွက်
နေခြင်းဖြစ်သည်လို့ ပြောခဲ့တယ်။
ခေါင်းဆောင်ဖြစ်လာတဲ့သူတွေမှာ
တူညီတာလေး တစ်ခုက
အများအတွက် ငါ ဆိုတဲ့ စိတ်ကလေး
ဖြစ်နေတာကို သတိပြုမိတယ်။
Credit-ko lay nge