Thursday, September 23, 2021

Hemp မှ Hope သို့


- ဂျပန်- မြန်မာအသင်း 
ဥက္ကဋ္ဌ H.E. WATANABE Hideo ဟာ စိုက် မွေး ဆည် 
ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် စက်တင်ဘာလ ၁၂ရက်နေ့က တွေ့ဆုံမှုလုပ်ခဲ့ပြီး 
မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဂျပန်ကပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စဆွေးနွေးခဲ့ပါတယ်။

      စိုက်ပျိုးမွေးမြူရေး Project အ  မျိုး မျိုး ပြု လုပ်မည့် အဆို ပါ ရင်း နှီး မြှုပ် နှံ မှု တွင် Hemp စိုက် ပျိုး ထုတ် လုပ် ရေး များ လည်းပါဝင်တယ် လို့ သိရှိရပါတယ်။

        လက် ရှိ Hemp ကို ဂျ ပန် နိုင် ငံ တွင် လိုင် စင်စနစ် ဖြင့် စိုက် ပျိုး တဲ့ လုပ် ငန်း များ ရှိ ပြီး 
CBD ဆေးဝါးကိုလည်း ဆေးဝါး ကုသ ရေး အတွက် ထုတ်လုပ်လျက်ရှိတယ် လို့သိရပါတယ်။

         အထက်ပါ သတင်းကောင်းဟာ အစစ အရာရာ အခက်အခဲတွေ နဲ့ ရုန်းကန်နေရတဲ့ မြန်မာ့စိုက်ပျိုးရေး လောက အတွက် ထွက်ရာပေါက်လမ်း တခုဖြစ်နေပါတယ် ။ 

           အစိုးတရပ်အနေနဲ့ ပေါ်လစီတွေကို စီမံခန့်ခွဲရာမှာ အမျိုးမျိုးသော ရှုထောင့်မျိုးစုံမှ ချည်းကပ်လေ့လာမှုတွေကို ကျယ်ပြန့်စွာ ပြုလုပ်ရလေ့ ရှိပါတယ် ။ 

      အဆိုး အကောင်း ဒွန်တွဲနေလေ့ ရှိတဲ့ သဘောသဘာဝ အရ အားလုံးထောင့်စေ့အောင် ကြံဆနေရတော့ အလျှင်အမြန် ဖြစ်ထွန်းဖို့တော့ အခက်အခဲ ရှိကြမှာ ထုံးစံပါပဲ ။ 

         ကျနော်တို့ တင်ပြထားခဲ့ကြတဲ့ Hemp တွေရဲ့ အကျိုးကို အစိုးရက လေ့လာပြီးပါပြီ ။ ယခု ဆိုရင် ဂျပန် နဲ့ ပူးပေါင်းပြီး စမ်းသပ်စိုက်ပျိုး ဖို့ စီမံပါလိမ့်မယ် ။ 

       မြန်မာတောင်သူတွေ အတွက် စျေးကွက် စျေးနှုံးက အစ သူတို့ ခိုင်မာအောင် ချိတ်ဆက် ကြရပါလိမ့်မယ် ။ ဒီတော့ နေ့ချင်းညချင်း စိုက်ပျိုးခခင့် မပေးသေးပေမယ့် မကြာမှီ စိုက်ပျိုးခွင့် ပြုလာကြပါလိမ့်မယ် ။ 

      အစိုးရအား ဝေဖန်ခြင်း တိုက်တွန်းခြင်း နဲ့  တောင်းဆိုခြင်းများ ပြုလုပ်တိုင်း ချက်ခြင်းဆောင်ရွက်ပေးနိုင်သော ကိစ္စများ အပေါ် ချက်ခြင်း တုန့်ပြန်ဆောင်ရွက်ပေးခြင်း နဲ့ ချက်ခြင်း ဆောင်ရွက်မပေးနိုင်သေးသော ကိစ္စများ အပေါ်တွင်လည်း အချိန်ကာလ တခုအရောက် ဆောင်းရွက်ပေးလာကြတာ တွေ့ရပါတယ် ။ 

       ကျနော်တို့ ပြောနေဖို့ လိုအပ်ပါတယ် ။ လုပ်ခြင်း မလုပ်ခြင်းက အစိုးရရဲ့ ကိစ္စသာ ဖြစ်ပါတယ် ။ ယုံကြည်ရမှာက ပြည်သူ့အကျိုးအတွက် အမှန်တကယ် အကျိုးခံရမယ့် ကိစ္စတွေ အကြံဥာဏ်တွေကို လစ်လျှူမရှုတာတော့ သေချာပါတယ် ။ 

         မြန်မာတောင်သူတို့ရဲ့ အဓိက ရန်သူ သွင်းအားစုစျေးနှုံးများ အပေါ် အနိုင်တိုက်ယူမယ့် Hemp စက်မှုလျှော် စိုက်ပျိုးခွင့် ရခဲ့လျှင် ဥပဒေနဲ့ အညီ ရိုးသားစွာ စိုက်ပျိုးကြဖို့ ကြိုတင် အကြံပြုထားချင်ပါတယ် ။ 

      မြေအမျိုးအစားမလို ၊ ရာသီဥတုကောင်းဆိုး မလို ၊ မြေသြဇာ မလို ၊ ပိုးသတ်ဆေးမလို ၊ ရေမလို ၊ စျေးကွက်စျေးနှုံး ခိုင်မာ အဲသလို အဖိုးတန် အပင် တရားဝင် စိုက်ပျိုးခွင့်ကို အစိုးရက ချပေးဖို့ ပြင်ဆင်နေပါပြီ ။ 

      တရားဥပဒေ နဲ့ အညီ သောက ကင်းစွာ အကြွေးကင်းစွာ အရင်းနည်းစွာ နဲ့ စိုက်ပျိုးနိုင်မယ့် Hemp နေရာမှာ ဆေးခြောက်တွေ ရောနှောစိုက်ပျိုးလို့ တရားဝင်စိုက်ပျိုးခွင့် ပြန်ပိတ်ခဲ့ရင် တနိုင်ငံလုံး နစ်နာနိုင်ပါတယ် ။

     မိမိတို့ နယ်မြေအတွင်း မဟုတ်တာ လုပ်ကြရင် သတင်းပေး ဖော်ထုတ်နေဖို့တော့ နယ်ခံ တောင်သူတွေမှာ တာဝန်ရှိပါတယ် ။ 

       Hemp ​စိုက်ပျိုးခြင်းဖြင့် ကျေးဇူးရှင်တောင်သူများ အမြန်ဆုံး ကြီးပွားချမ်းသာဖို့ အစိုးရ ကျိုးစားနေပါပြီ ။ သတင်းကောင်း အတွက် မကြာမှီကာလမှာ အတည်ပြုနိုင်ပါတော့မယ် ဆိုတာ ကြိုတင်သတင်းပေးချင်ပါတယ် ဗျာ ။

      ကိုရွှေမျိုးဝင်း

Komyo Win 

​ကျေးဇူးတင်ပါတယ်ခင်ဗျာ