Friday, September 17, 2021

နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားတဲ့ ကျမတို့ကိုးကွယ်ရာ ဗုဒ္ဓဘာသာဆိုတာ


ခရစ်ယာန်ဘာသာထက် 
နှစ်ပေါင်း ၅၀၀ ကျော် ၊ 
အစ္စလာမ်ဘာသာထက် နှစ်ပေါင်း၁၀၀၀ ကျော် စောပြီး ပေါ်ထွန်းခဲ့ခဲ့တဲ့ ဘာသာ ၊ အကောင်းဆုံးအမွန်မြတ်ဆုံးဘာသာအဖြစ် ၂၀၀၉ခုနှစ်မှာ ကမ္ဘာကအသိမှတ်ပြုခဲ့ကြတဲ့ ဘာသာတရား ဖြစ်ပါတယ်.....

ကမ္ဘာဦးလူရေ သန်း၆၀၀၀ကျော် ၇၀၀၀နီးပါးမှာဘာသာမဲ့လူဦးရေ သန်း၁၀၀၀ ရှိပြီး

 ဗုဒ္ဓဘာသာကိုးကွယ်သူမှာ သန်း၄၀၀ခန့်သာ ရှိပါတော့တယ်.........။

အသောကမင်းကြီးလက်ထက်
 "ကိုးတိုင်းကိုးဌာန''ကို သာသနာပြုစေလွှတ်ခဲ့လို့ 
အာရှတိုက်တစ်ခုလုဗုဒ္ဓဘာသာချည်းဖြစ်ခဲ့ပါတယ်..........။

သို့သော် 
ယနေ့ခေတ်အခါမှာတော့ လင်္ကာဒီပတိုင်း၊ ဟိမဝန္တာဒေသ ၊ သုဝဏဘုမ္ဗိသာ တို့မှာသာ ဗုဒ္ဓဘာသာဝင်တွေ ကျန်ရှိနေပါတော့တယ်။ 

နိုင်ငံအားဖြင့် မြန်မာနိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ လာအိုနိုင်ငံ
ကမ္ဘောဒီးယားနိုင်ငံ ၊ သီရိလင်္ကာနိုင်ငံ ဆိုပြီး 
၅ နိူင်ငံပဲ ကျန်ပါတော့တယ်

၂၀၀၈ခုနှစ် 
နာဂစ်မှာ ဒုက္ခသည်တွေကို တခြား တခြားသော ဘာသာတွေက ငွေအား လူအားနဲ့ စည်းရုံးသိမ်းသွင်းခဲ့တာ ဗုဒ္ဓဘာသာဝင် ၁၀၀၀လောက်ဟာ တခြား တခြားသော ဘာသာထဲဝင်သွားကြပါတယ်........။

 ရခိုင်မှာ ကုလား ရခိုင် အထိကရုဏ်းဖြစ်တော့ ချင်းလူမျိုး ၂၀%လောက်ဟာ တခြား တခြားသော ဘာသာသို့ ကူးပြောင်းသွားကြပါတယ်။

 ပျမ်းမျှအားဖြင့် တစ်နှစ်ကို ဗုဒ္ဓဘာသာဝင် ၅၀ ကနေ ၁၀၀ ထိဟာ တခြားတခြားသောဘာသာထဲဝင်သွားကြတယ်ဆိုတာ လေ့လာသိရှိရတော့ ကျမ အလွန်မတန်မှ တုန်လှုပ်မိပါတယ်.......

"ငါတို့အရိုး စည်းရိုးထိုး၍ ကာသင့်လျှင် ကာရမည်'' ဆိုတာ ဘောက်ကြီးဘောက်ငယ်အသွယ်သွယ်နဲ့ ဖွင့်နေရုံ အသံပြဲကြီးနဲ့ အော်ဆိုနေရုံနဲ့ မပြီးပါဘူး။ 

နှစ်ပေါင်းထောင်ချီ 
လူအား ငွေအားနဲ့ စနစ်တကျ စီမံဆောင်ရွက်ရမှာ 
ဖြစ်ပါတယ်.......။

အခုဗုဒ္ဓဘာသာဝင်အများစုဟာ အရိုးစည်းရိုးထိုးဖို့နေနေသာသာ တခြား တခြားသို့ ဘာသာများသို့ ကူးပြောင်းနေကြပါတယ်.........။

အထွဋ်အမြတ်ထားရာ
ရွှေတိဂုံစေတီတော်ပုံရိပ်ကို စတိတ်စင်မှာနင်းရဲကြသလို

ဘုရားရှေ့မှာလည်း 
ထမိန်လှန်းအက်ျ ိလှန်းနေကြပါတယ်.......။

ဗုဒ္ဓသာသနာကို 
ဦးဆောင်တဲ့ ရဟန်းသံဃာတချို့ဆိုရင်လည်း မြို့ပြနဲ့ဝေးတဲ့ ကျေးလက်ဒေသတွေ ၊ မွန်ပြည်နယ် ၊ချင်းပြည်နယ် ရှမ်းပြည်နယ်ဘက်က ကျေးရွာလေးတွေမှာဆိုရင် ဆွမ်း၊ သင်္ကန်း ၊ ကျောင်း ၊ဆေး ရှားပါးမှုကြောင့် သာသနာမပြုချင်ကြ ရှေရှည်မပြုနိုင်ကြပါဘူး........။

ဘုန်းကြီးကျောင်းရှိပြီး ဘုန်းကြီးမရှိလို့ သာသနာမပြန့်ပွားတဲ့ ကျေးရွာတွေ အများကြီးရှိနေတာကို တွေ့ရမြင်ရလေ့လာသိရှိရတဲ့အခါ ကျမ အင်မတန်မှ ဝမ်းနည်းမိပါတယ် ...........။

ဆင်းရဲနွမ်းပါးတဲ့ 
ပလောင်ရွာတွေမှာဆိုရင် ဘုန်းကြီးမရှိသည့်အတွက်
ရွာထဲက ဘုန်းကြီးဝတ်ချင်တဲ့သူတွေ  အလှည့်ကျ ဝတ်ကြပါတယ်.........။ 

ဒီလိုမျိုးနဲ့  သာသာဘယ်လိုရေရှည်တည်မြဲနိုင်ပါ့မလဲ။

ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေဟာ ဘုန်းကြီးမရှိတဲ့အချိန်အခွင့်အခါကို စောင့်နေတဲ့ တခြားတခြားသော ဘာသာတွေ လူအားငွေအားနဲ့ သူတို့ဘာသာပြန့်ပွားရေးလုပ်နေကြပါတယ်........။

(ဒီလိုပြောလို့
တခြားဘာသာတွေကို စော်ကားလိုစိတ်စိုးစဉ်းမှမရှိပါဘူး)

 မိမိတို့ဘာသာဝင်တွေရဲ့ အားနည်းချက်တွေကိုသာ ထောက်ပြရခြင်းဖြစ်ပါတယ်........။

ယနေ့ခေတ် 
ကျမတို့နိုင်ငံက လူအများစုရာ ကိုယ်သဘောကျရာ နိုင်ငံရေးပါတီတစ်ခုလောက်တောင် ဘာသာ သာသနာကို တန်ဖိုးမထားကြတော့ပါဘူး

 ဘာသာမရှိဘဲ 
နိူင်ငံကြီးရှိနေတာ ဘာလုပ်လို့ရမှာလဲ.........။(စဉ်းစားစေချင်ပါတယ်)

အိမ်နီးချင်း အင်ဒိုနီးရှားနိူင်ငံဆိုရင်လည်း နိုင်ငံသာရှိတယ် ဗုဒ္ဓဘာသာဝင်တွေ မရှိကြတော့ပါဘူး........။

အဒေီ ၇ ရာစု
သီရီဝီဇယမင်းလက်ထက်မှာ ဗုဒ္ဓသာသနာနေလို လလိုထွန်းကားခဲ့တဲ့ နိုင်ငံဟာ 

အေဒီ ၁၃ရာစုကနေ ၁၆ရာစု
နှစ်ပေါင်း၃၀၀လောက်အတောအတွင်းမှာ အစ္စလာမ်တွေဂျီဟတ်လုပ်ခြင်းကိုခံခဲ့ရပါတယ်.........။ 

ဗုဒ္ဓဘာသာ ဘုရင်ကို 
နန်းချပြီး အစ္စလာမ်ဘာသာ ဘုရင် ဆူလတန်မွတ်စလင်က အာဏာသိမ်းယူလိုက်ပါတယ်

ပေ ၄၉၀ပတ်လည်ရှိ 
ကမ္ဘာ့အကြီး ဘောဓောဗုဒ္ဓေါစေတီတော်ကြီးလည်း  
ဖျက်စီးခံခဲ့ရပါတယ်..........။

ယခုအခါ
အင်ဒိုရှားနိုင်ငံမှာ 
အစ္စလာမ်ဘာသာ ၈၇%
ခရစ်ယာန်၁၀% ၊
ဟိန္ဒူ ၂% ၊ 
ဗုဒ္ဓဘာသာဝင်က ၁%ပဲ ရှိပါတော့တယ်...........။

ကိုယ့်ဘာသာ ကိုယ့်သာသနာ အကျိုးမသယ်ပိုးလို့ သာသနာပြနိ့ပွားအောင် အဓွန့်ရှည်အောင် မလုပ်နိူင်ခဲ့လို့ ၊ စည်းလုံးညီညွတ်မှုမရှိဘဲ ၊ ဘုန်းကြီးကျောင်းသွား ၊ ဥပုသ်စောင့်၊ တရားနာရုံလောက်နဲ့ပဲ 

ပေါ့ပေါ့နေ ပေါ့ပေါ့တွေးခဲ့ကြလို့ အသာနေခဲ့ကြလို့ အသေနာခဲ့ကြတာပါ.........။

ဒီနေ့ ကျမတို့နိုင်ငံမှာလည်း တနေ့တခြား ဘာသာခြားတွေဝါးမြိုတာခံနေရပါပြီ........။

 အသာနေရင်တော့ 
အင်ဒိုနီးရှားလိုပဲ  အသေနာကြမှာပါ ။ ကိုယ့်တစ်မျိုးသားလုံး ဘာသာတစ်ခုလုံး ကိုယ့်နောင်လာနောက်သားအားလုံး အသေနာကြရမှာပါ........။

ဗုဒ္ဓဘာသာဝင်အားလုံး 
အသိနဲ့ သတိ ရှိသင့်ကြပါပြီ။ 

Nldလည်း ဗုဒ္ဓဘာသာ 
USDPလည်း ဗုဒ္ဓဘာသာမို့ ဘာသာ သာသနာအကျိုးကို ညီညာသယ်ပိုးကြဖို့လိုပါပြီလို့

က္မ မပုတု 
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဝေဖန်အကြံပြုလိုက်ရပါတယ်........။

🙏🙏🙏ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု🙏🙏🙏 

#မပုတု
😍😍😍😍😍

Related Posts:

  • သမိုင်းဝင် သမိုင်းတွင်မည့်စာ ၂ စောင် ( ဒေါ်စု ကြည်ရဲ့ယုတ်မာမှု ချိန်ကိုက်ဗုံး နဲ့ တပ်မတော်ရဲ့ စေတနာ ) ယနေ့အနီကင်းမဲ့ ဇုံထဲက ပြည်သူအများစု အလွန်ပျော်ကြရတဲ့ ကာလပဲ ဖြစ်ပါတယ် ။ တိုက်ဆိုင်စွာပဲ ပြည်သူတွေ သိခွင့်မရတဲ့ နှစ်ဖက်ခေါင်းဆောင်တွေက ပြည်သူတွေ အတွက် ရည်စူးပြီး စာတ စောင်စီ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ် ။ သူတို့ရေးခဲ့တဲ့ စာတွေရဲ့ … Read More
  • " မောင်မလာ မောင်သာငတ် " " မောင့်နေရာ လူမပြတ် "     ' MRTVက ဝန်ထမ်းတချိူ့ CDMလုပ်သွားကြလို့ ထုတ်လွင့်မှု့တွေ ရပ်ဆိုင်းသွားအောင် စစ်အစိုးရ ဘာမှမလုပ်နိုင်အောင် ရည်ရွယ်ချက်နဲ့ လုပ်ကြတယ်။       ကိုယ့်ဘဝရပ်တည်ဖို့ ဂုဏ်သိက္ခာရှိတဲ့ အလုပ်ကိုစွန့်ခွါပြီး လေထဲက ထောက်ပံ့နေတဲ့ NUG C… Read More
  • " ခွေးစိတ်ဓာတ်နဲ့ နိုင်ငံရေးဖျာဝင်ခင်းနေတာလား "- အင်ဘန်လ ဆိုတဲ့အကောင်ဟာ  ငြိမ်ချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စကစမှ  အင်အားသုံးဖြိုခွင်းနေတာတွေ ဆက်လက်လုပ်  ဆောင်ရင် ဆန္ဒပြပြည်သူတွေဘက်ကနေ  ရပ်တည်ပြီး စစ်တပ်ကို တိုက်ခိုက်သွားမယ်ဆိုလို့  ကျုပ်ကလည်း ဒီပိုစ့်ကို ရေးတင်ရခြင်းပါ… Read More
  • နောက်မကျသေးပါဘူး။အခု အိမ်စောင့် အစိုးရကြုံရတဲ့ အခြေအနေက၅၇ လောက်တော့ မဆိုးဘူး။၈၈ ထက်တော့ ပိုဆိုးတယ်။အရှေ့က ကိစ္စ တွေမှာကပြည်တွင်းသူပုန်ပြည်ပ က ဗကပ နဲ့ UG တွေလောက်ဘဲ ပါတယ် ဗ်။အခု နစက ကြတော့ အလွန်ကြီးမား တဲ့အပြည်ပြည်ဆိုင်ရာအဖျက်ကိုဘက္စုံကတိုက္တာ… Read More
  • အဘတို့ အတွက် ခေါင်းလောင်းသံ           ဒီနေ့ ဖောက်ခွဲရေး သမား ၅ ဦး ဗိုလ်တထောင် ၄၄ လမ်း တိုက်ပေါ်ကနေ ထွက်ပြေးရင်း ခုန်ချ သေသွားကြပါတယ် ။ တယောက် အရှင်မိတယ် ။       ခုန်ချခဲ့တာ ကျား ၄ မ ၁ တဲ့ ။ တာဝန်ခံ ရဲအရာရှိက … Read More