Thursday, September 23, 2021

USDP ပါတီဝင်များ လုံခြုံရေးနှင့် ရပ်ရွာလုံခြုံရေးအတွက် ရရာလက်နက်စွဲကိုင်ပြီး ခိုင်မာသော ခံစစ်နည်းဗျူဟာကို အသုံးပြုရန် ဦးလှဆွေ တင်ပြ


ဂန့်ဂေါ၊ စက်တင်ဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဂန့်ဂေါခရိုင်တာဝန်ခံ ဦးလှဆွေက ပါတီဝင်များ လုံခြုံရေးနှင့် ရပ်ရွာများလုံခြုံရေးကိစ္စအတွက် ပါတီဥက္ကဋ္ဌထံ တင်ပြထားသည်။

ဦးလှဆွေရဲ့ တင်ပြချက်မှာဆိုရင် အာဏာလက်မဲ့ဖြစ်နေသော NLDပါတီ၏ လက်အောက်ခံ CRPH, NUG, PDF အကြမ်းဖက်အုပ်စုသည် ရှက်ကန်ကန်သောအားဖြင့်  လက်နက်မဲ့ နိုင်ငံဝန်ထမ်းများ၊ သက်ကြီးရွယ်အိုအငြိမ်းစားဝန်ထမ်းများနှင့် မိမိတို့ပါတီဝင်များကို အကြောင်းမဲ့ လက်လွတ်စပါယ် သတ်ဖြတ်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုသို့သော NLD အကြမ်းဖက်သမားများက သတ်ဖြတ်ရန် လာရောက်စဉ် လက်နက်ကိုင်၍ ပြန်လည်ခုခံရန် ပြင်ဆင်ထားသော ကျေးရွာများသို့ ဝင်ရောက်နိုင်ခြင်းမရှိကြောင်း၊ လူအုပ်စုအားကို ဝင်ရောက်လာပါကလည်း ငြိမ်းချမ်းမှုကိုလိုလားသော ပြည်သူများ၏ ခုခံစစ်ကသာ အနိုင်ရအောင်မြင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်၍ မိမိတို့သည် ရရာလက်နက်စွဲကိုင်ပြီး Strong Hole Defence Strategic ခိုင်မာသော ခံစစ်နည်းဗျူဟာကို အသုံးပြုသွားရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြထားသည်။

ထိုသို့ဆောင်ရွက်ရာ၌ မိမိတို့နီးစပ်ရာ ရပ်ကွက်/ ကျေးရွာ/ အုပ်စုအုပ်ချုပ်ရေးမှူး/ မြန်မာနိုင်ငံရဲတပ်ဖွဲ့/ တပ်မတော် တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများသို့ အသိပေးထားပြီး လက်ုလပ်သေနတ်၊ တူမီး၊ ခါးချိုး၊ ဓား၊ လှန်၊ လေးမြား၊ ဝါးချွန်၊ လက်လုပ်မိုင်းမှ အစ စနစ်တကျ ကိုင်ဆောင်၍ အကြမ်းဖက်သမားများကို တုန့်ပြန်ကာကွယ်သွားရန်နှင့် ထိုသို့ ခုခံခြင်းအတွက် ဥပဒေကြောင်းအရ ဖြစ်ပေါ်လာမည့် အခက်အခဲများကို ခရိုင်တာဝန်ခံ ဦးလှဆွေကိုယ်တိုင် ပါတီဝင်များဘက်မှ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဦးလှဆွေကိုယ်တိုင်လည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲများနှင့်အတူ အကြမ်းဖက်သမားချေမှုန်းရေးဆောင်ရွက်ရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ပါတီဝင်များ ထပ်မံ၍ အနိုင်ကျင့် သတ်ဖြတ်ခြင်း လုံးဝမခံရစေရေးအတွက် ရဲ၊ တပ်မတော်နှင့်အတူ လက်နက်ဖြင့် ညကင်းစောင့်ခြင်း၊ လမ်းလုံခြုံရေးဆောင်ရွက်ခြင်း၊ လက်ဦးမှု ရယူ ချေမှုန်းခြင်းတို့ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အကယ်၍ မိမိပါတီဝင်များ ထပ်မံ၍ တိုက်ခိုက်မှု ရှိလာပါက အကြမ်းဖက်ပါတီဝင်များကို လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးထားကြရန် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးထံသို့ တင်ပြထားခြင်းဖြစ်သည်။

NLDအကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် USPD ပါတီဝင် (၃၀၀) ဝန်းကျင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး နေအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေရင်းမှ စားသောက်နေထိုင်ရေး အခက်အခဲ ကြုံတွေ့နေရသော ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။

https://t.me/MyanmarNationalPost
#MyanmarNationalPost