"သဉ္ဇာဝင့်ကျော်က လှလို့ပြတာပဲ
ဘာဖြစ်လဲ ဆရာမရယ်"
( ဆယ်တန်းကျောင်းသူတစ်ဦး
"ဆဲတာ သူများပစ္စည်းခိုးတာမှ
မဟုတ်တာ မရှက်ပါဘူး ဆရာမ"
( ဆယ်တန်းကျောင်းသားတစ်ဦး )
ယနေ့
ကျွန်မရဲ့ ပညာဒါနက
ကြည့်မြင်တိုင်မြို့နယ်ထဲက
အခြေခံပညာ
အထက်တန်းကျောင်း
တစ်ကျောင်းမှာပါ။
ဆယ်တန်းကျောင်းသားတွေကို
Physics ပုစ္ဆာတွေ
တွက်ပြနေစဉ်မှာ
နောက်ဘက်တန်းနားက
" ငါ… မသား"လို့
ပြစ်ပြစ်နှစ်နှစ် ဆဲလိုက်တဲ့
အသံကိုကြားမိတယ်။
ဖြတ်ကနဲလှည့်အကြည့်
ကျောင်းသားချင်း စနောက်ရင်း
ဆဲလိုက်တာပါတဲ့။
"သားရယ် မဆဲရဘူးလေ။
ဆဲတယ်ဆိုတာ
မိမိကိုယ်တိုင်အတွက်သာမက
မိဘရော ဆရာကိုပါ
သိက္ခာကျစေတယ်။
ရှက်ပါကွယ်" လို့
ကျွန်မပြောလိုက်တော့
"မရှက်ပါဘူး ဆရာမရယ်…
ဆဲတာ သူများပစ္စည်း
ခိုးတာမှမဟုတ်ပဲ" တဲ့
"ဟင်… မင်းပြောပုံက
သဉ္ဇာဝင့်ကျော်လိုပါလား "လို့
ပြောလိုက်မိတော့
မိန်းကလေးတန်းဘက်က
ကျောင်းသူတစ်ယောက်က
" ဆရာမကလဲ
သဉ္ဇာက လှလို့ပြတာပဲ
အနုပညာလေ"တဲ့။
"NO NO ဒါအနုပညာမဟုတ်ပါ။
အနူ မ တောင်
ဒါမျိုး မပြပါဘူးကွယ်" လို့
ပြန်ပြောမိတော့
"အနူ မက လှမှ မလှပဲတဲ." လေ။
ကျွန်မ နားတွေ ခေါင်းတွေ
ထူပူလာတဲ့အထိ
စိတ်ထဲ ထောင်း ကနဲ
ခံစားလိုက်ရတယ်။
"ကောင်းပြီ …
အခုပြောနေတဲ့ သမီးလေးက ၁၆နှစ်။
သဉ္ဇာဝင့်ကျော်က ၃၀ကျော်နေပြီ။
သမီးက
သူ့ထက် ပိုလှတယ်။
သိပ်ကို လှပါတယ် သမီး။
လာပါ။
ဆရာမ ဘေးကို လာပါ။
လှလို့ ပြတာပဲဆို လာပြပါ" လို့…
ကျွန်မ သူမမျက်လုံးကို
သေချာ စိုက်ကြည့်ပြီး
လှမ်းခေါ်လိုက်တယ်။
တစ်တန်းလုံး
အပ်ကျသံကြားရလောက်အောင်
တိတ်ဆိတ်သွားပါတယ်။
"လာပါ…
ဒီတစ်တန်းလုံးက
ကျောင်းသူတွေ
အကုန်လှကြပါတယ်။
လာပါ။
ပြချင်သလား?
ပြရဲသလား?" ဆိုတော့
ရင်ဖုံးအင်္ကျီ အဖြူလေးတွေပေါ်
လက်ကလေးတွေ ယှက်လို့
"မပြချင်ပါ
မပြရဲပါဘူးဆရာမ"တဲ့။
"မှတ်ထား
လောကပါလတရားနှစ်ပါးဆိုတာ
သိသလား" ဆိုတော့
"မသိပါ"တဲ့။
"ဟီရိ သွတပ်ပ"
"မကောင်းမှုပြုလုပ်ရန် ရှက်ခြင်း
ကြောက်ခြင်း" လို့။
"အသိစိတ် များလေ
လူ့အဆင့်အတန်း မြင့်လေ။ "
"လောကပါလ တရားကို
လိုက်နာလေ
မိမိနဲ့ မိမိဝန်းကျင် တိုးတက်လေ။"
"ခွေးသားပေါက်လေးတွေကို
နို့တိုက်နေတဲ.
ခွေးမိခင်ဟာ
နို့ကြီးတွေ
ဘတ်လတ် ပြူး နေပေမယ့်
အဝတ် ဝတ်ရကောင်းရယ်လို့
သိလည်းမသိ။
ဝန်းကျင်ကလည်း
ခွေးကို အဝတ် ဝတ်ထားရမယ်လို့
သတ်လည်း မသတ်မှတ်။
သူက တိရစ္ဆာန်level."
"လူဖြစ်ပါလျှက်
လှလို့ပြတာပါဆိုပြီး
ဖုံးကွယ်သင့်တဲ့ အရာတွေကို
ပြသနေတာ
အနုပညာမဟုတ်
အရှက်မဲ့တာ"လို့။
သူတို့လေးတွေအားလုံး
အတွေးကိုယ်စီနဲ့
ငြိမ်ကျသွားကြတယ်။
ငယ်သွေးကြွလို့
လှတဲ့ အလှတွေထဲမှာ
ရှက်သွေးဖြာချိန် အလှက
အလှဆုံးပါပဲလို့။
အတန်းထဲကအထွက်မှာ
ကျွန်မ ကျောင်းရုံးခန်းကိုဝင်ပြီး
ကျောင်းအုပ်ဆရာမကြီးကို
အကြောင်းစုံပြောပြလိုက်မိတယ်။
ကိုယ်ကျင့်သီလ
စာရိတ်တကို
အထူးမြှင့်တင်ပေးနိုင်ဖို့။
ကျောင်းသူ
ကျောင်းသားလေးတွေရဲ့
အသိတွေကို
အဆုံးအမတွေနဲ့
ပြောင်းလဲပေးနိုင်ဖို့။
ကျွန်မတို့ ဟောပြောပွဲတစ်ပွဲ
လုပ်ဖြစ်တော့မယ်ရှင့်လို့။
ယနေ့ …
ရင်မောသည်။
မျက်ရည်ဝဲသည်။
အိမ်ရောက်တော့
ကျွန်မ ငိုမိသည်။
#အေးသန္တာထက်
မေတ္တာ လင်္ကာ ပညာရေး
ပရဟိတအသင်း