Saturday, September 25, 2021

တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆောင်ရွက်ခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆို


မှတ်ချက်။   ။နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

သတင်းထုတ်ပြန်ချက်

Annual Ministerial Meeting on the Responsibility to Protect အမည်ရှိ အစည်းအဝေးကို ၂၀-၉-၂၀၂၁ရက်တွင် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ ကျင်းပခဲ့ပြီး၊ Global Center for Responsibility to Protect (GCR2P) အဖွဲ့က ယင်းအစည်းအဝေးကို ဦးဆောင်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရှိရသည်။ အဆိုပါအစည်းအဝေးသို့ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသည့် ကျော်မိုးထွန်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လုပ်ဆောင်နေသည့်အတွက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG ခေါ် အဖွဲ့ကို ကိုယ်စားပြု၍ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်၍ ၎င်း၏ ပါဝင်တက်ရောက်မှုသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်းနှင့် ၎င်းကိုယ်တိုင်သည်လည်း အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ထင်ရှားသည့် အထောက်အထားပင်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်သည်။ ထို့အပြင် ၎င်း၏ မိန့်ခွန်းတွင် အစိုးရဆန့်ကျင်သည့် အသိုက်အဝန်းမှ မမှန်မကန် အခြေအမြစ် မရှိ သည့် စွပ်စွဲချက်များပါဝင်ပြီး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေသည့် လက်ခံနိုင်ဖွယ်မရှိသော အချက်အလက်များပါဝင်နေသည်။

၎င်းကို ပါဝင်တက်ရောက်ခွင့်ပြုသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး ယင်းသို့ ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်အားပေးရာရောက်ကြောင်း သတိပေးအပ်သည်။ သို့ဖြစ်၍ ယင်းကဲ့သို့ တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆောင်ရွက်ခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်

#PeopleMedia #MOFA


Related Posts:

  • လုပ်ကွက်ဆိုတာ         ကိုစိုးတယောက် မနက်လင်းတာနဲ့ စပ်ဖြီးဖြီးလုပ်ပြီး ရောက်လာပါတယ် ။ "ရော့ စားထား သောက်ထား ဒေါ်လာစားကြီး ဆိုတော့ ဖားထားရအုံးမယ် ''"လုပ်ပြီ မနေ့က တခြားဟာ ရေးမလို့ အဲဒါ ပြန်ရှင်းရတာ နဲ့ မရေးဖြစ်တာ ''"ဘာရေးမလို့လဲ ကွ''"အိမ်သု… Read More
  • ဆိုရေးရှိလို့ ဆိုပါရစေ...... မနေ့က Myat Tun Oo အကောင့်ကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရရှိခဲ့တဲ့ ဆုတံဆိပ်ဟာ လက်နက်ဖောက်သည်ဆု ပါဆိုပြီး စွတ်စွဲရေးသားထားပါတယ်။နောက်ပြီး ရုရှားနိုင်ငံ ပရိုတိုကောအရဆိုပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ချိုးချိုးနှိမ်နှိမ်ရေး… Read More
  • နစက ရှေ့နေများသို့                   ကျနော့်ပိုစ်က တုန့်ပြန်ရမယ့် မန့်တခု အတွက် ဖြေရှင်း မေးမြန်းချက်လေးပါ ။        ဆရာ ကိုမျိုးဝင်း ခင်ဗျား… နစက'ကြီးရဲ့ လက်တွေ့ ဖြေရှင်း နေရတဲ့ 'စိမ်ခေါ်မှု တွေကိုလည်း ခင်ဗျား အနေနဲ့ နားလည် ပေးသင့်ပါတယ်။(မှန်တ… Read More
  • မရေးလို့ မဖြစ်တော့ဖူး- ကိုမျိုးဝင်းရေအန်တီလဲတိုက်ရိုက်ဝေဖန်ပါရစေ။နစကအစိုးရရဲ့ရှေ့နေတော့မဟုတ်ပါဘူး။အန်တီလဲမြင်းခြံသူပါ။မြင်းခြံသူမို့ကိုယ့်မြို့သားအကြောင်းသိပါတယ်။- တစတစနဲ့ကိုမျိုးဝင်းကတပ်ချုပ်ကြီးကိုအထင်သေးလာပြီ။(ရိုးရိုးသားသား ပြောရရင် အထင်သေးတဲ… Read More
  • ပြဿနာဇစ်မြစ် ဘူးနွယ်များ        ရန်ကင်း ကလေးဆေးရုံမှာ လက်ထောက်ဆရာဝန် ၇၀ ဝန်းကျင်ရှိပါတယ် ။ နှစ်ယောက်ပဲ လုပ်ငန်းခွင် ပြန်ဝင်ကြတယ် ။ နောက်ပြီး နှစ်ရက်လုပ် သုံးရက်နားစနစ် နဲ့ အလုပ်ကြိုးစားပြနေတဲ့ စနစ်လို့ ကြားသိရတယ် ။ ဒီတော့ ကလေးလူနာ အနည်းငယ်ပဲ လက်ခံန… Read More