၁၈.၉.၁၉၈၈ မှာ တနိုင်ငံလုံး မင်းမဲ့စရိုက်ဆူပူမှုတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်ပါတယ်။ တကယ်တော့ ဆူပူမှုမဟုတ်ပါဘူး လူတစုတဖွဲ့ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခံရတယ်ဆိုတာ Genocide (လူမျိုးတုံးသတ်ဖြတ်မှု) ဖြစ်တယ်။
၁၈ ရက်နေ့ အာဏာသိမ်းတယ် ဆိုပေမဲ့ တကယ်နှိုင်နင်တာ စက်တင်ဘာ ၁၉ ရက်နေ့ဖြစ်တယ်။ ဗိုလ်ချုပ်မှူးကြီးစေားမောင် ဟာ Genocide ကို ကျည်အစစ်နဲ့ နှိမ်နင်းခဲ့တယ်။ ၃ ရက်လောက်နဲ့ တနိုင်ငံလုံး ငြိမ်ကျသွားတယ် ဒါပေမဲ့ နောက် ၁၀ နှစ်လောက်အထိ ကရင်ပြည်နယ်မှာ ၈၈ အရှိန်နဲ့ တိုက်ပွဲတွေဆက်ဖြစ်နေခဲ့တယ်။
၈၈ မှာ တပ်ကလုပ်တာ မှားလာဆိုတော့ လုံးဝမမှာဘူး အဲ့ဒီခေတ် မြန်မာတပ်မတော်က အင်အားနည်းပါတယ် တိုင်းပြည်ကလည်း ဆင်းရဲပါတယ် အရံငွေ ဒေါ်လာ ၈သန်းပဲ ရှိပါတယ်။ ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်မှာ တရုတ်တပ်တွေ မြန်မာပြည်ထဲဝင်ဖို့ အသင့်ဖြစ်နေပြီ မြန်မာရေပိုင်နက်မှ အမေရိကန်စစ် သင်္ဘောတွေ ရောက်နေပြီ။ တိုင်းပြည်ငြိမ်အောင် မထိန်းနှိုင်ရင် ကိုရီးယားလိုနှစ်ခြမ်းကွဲပြီ။
တိုင်းပြည်ကိုကယ်တင် ခဲ့တဲ့ လုပ်ပုံကိုင်ပုံ ပြတ်သားတဲ့ ဗိုလ်ချုပ်မှူးကြီးစေားမောင်ကို ကျေးဇူးတင်ပါတယ်။ ( ၈၈ ဆိုတာ ကျနော်မှတ်မိတဲ့အရွယ် မဟုတ်သေးပါဘူး ၈၈ အကြောင်း စာဖတ်ပြီးတော့ပဲသိပါတယ် )
ဘဦး (၁၉.၉.၂၀၂၁)