Saturday, September 25, 2021

ထိုင်းနိုင်ငံတွင် pdf(၁၀)ဦး အဖမ်းခံရ


ပွဲစားကို တစ်ဦးလျင်ဘတ် ၁၈,၀၀၀ ပေးပြီးထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ကြိုးပမ်းခဲ့တဲ့ pdf၁၀ ဦး ၂၀၂၁ စက်တင်ဘာလ ၂၄ ရက် (ယနေ့) ၉ နာရီခန့်က ကန်ချနဘူရီခရိုင်၊ ဘန့်ကောင်ကျေးရွာ၌ ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဖမ်းဆီးရမိခဲ့တဲ့ ကျား ၃ ဦး မ ၆ ဦးတို့ကို‌မေးမြန်းကြည့်ရာ ၄တို့ဟာ ပွဲစားအကူအညီဖြင့် ဖမ်းဆီးခံခဲ့ရတဲ့ နေရာကို ရောက်လာတာဖြစ်ကြောင်းဖြေပါတယ်။ ပွဲစားက လာခေါ်မယ်ဆိုပြီး မက်လုံးပေးပြီးစွန့်ပစ် သွားရာက 

၄င်းတို့အားလုံးဟာ ယင်းနေရာမှာ ၄ ရက်တိတိဘာမှ မစားခဲ့ရပဲ ဘယ်အချိန်ပွဲစားက လာခေါ်မလဲဆိုတာ စောင့်စားနေခဲ့ရတာလို့ဆိုပါတယ်။ 

ကနဦးသတင်းအရ ဖမ်းဆီးရမိခဲ့တဲ့ ၁၀ ဦးကို ရဲစခန်းတွင်ချုပ်နှောင်ထားပြီး ဥပဒေနည်းလမ်းအရမြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

#Credit