••• •••
ဆဲ တာကို နေ့စားလိုက်ပြီး
အဆင့်မရှိတဲ့
တစ်လုံးချိုင့်ပါးစပ်တွေက
ပုဒ်ပြတ်ငှားပြီး
စောင့်နေလို့ ပြောတာ မိရွှေရေ။
*** ဘာလဲ
ပြောနေကြ ဓာတ်ပြားဟောင်းကြီး
အဘေဘာမ
ဆင်ခြေထောက်မ
တပ်ကုန်းမ
ခက်လိုက်တာ မိရွှေရေ
ဘွဲ့တွေကများလွန်းတော့
ပြောတဲ့ လူတွေကိုကြည့်တော့
သေခါနီး စာရေးဆရာရယ်
လေထိုးကျွတ်ဖာတဲ့ သူရယ်
လမိုင်းမကပ်တဲ့ မော်ဒယ်မရယ်
ဟင်္သာကိုးသောင်းလို ဘဝပျက်မဲ့
အသားထဲက လေက်တွေရယ် စုံလို့ပေါ့
သိပ်မရှာရပါဘူး တန်းတွေ့တာပဲ။
နောက်မှ ရုပ်နဲ့တကွ ပြပေးမယ် မိရွှေရေ။
* မအားဘူး မိရွှေရေ
ဒီမှာလည်း
သူများစိုက်ခင်းထဲ ဝင်စားနေတဲ့
နွားရိုင်းတွေကို
နေ့ကော ညကော မောင်းထုတ်နေရတယ် မိရွှေရေ။
* အမြဲတမ်းမှတ်ထား
ညီမလေးက
ရွှေနဲ့စပြီး ဆင်ခြေထောက်တိုတော့
ဗုဒ္ဓဟူးနံဆိုတော့ ရွှေပဲလေ
ညီမလေး ခြေထောက်က ရွှေခြေထောက်ပဲပေါ့
သတိနဲ့သွား
သတိနဲ့သွားနော်
တန်ဖိုးရှိတဲ့ ခြေထောက်နဲ့
အဆင့်မရှိတဲ့ ပါးစပ်တွေနင်းမိမှာစိုးလို့။ ။ ။
#လက်ရုံး