Thursday, September 23, 2021

(( ကျီးကန်းများ ))


အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာ မှေးမှိန်သွားခဲ့ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ကောလိပ်ကျောင်းအုပ်ကြီးဟောင်း မဟာဒူးရ်မားလ် (အယ်လ် အမ်အေ) က Three Legend of The Buddha ဆိုတဲ့ စာအုပ်မှာ ဒီလို ဖော်ပြ ခဲ့ပါတယ်။

“အိန္ဒိယပြည်တွင် ဗုဒ္ဓသာသနာတော် ပျောက်ကွယ်သွားရခြင်း၏ အကြောင်းများမှာ အမျိုးမျိုးရှိပါသည်။ သို့ရာတွင် ပဓာနကျသော အကြောင်းများမှာကား ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ ပညာရေးနှင့် အကျင့်စာရိတ္တ အဆင့်အတန်း နိမ့်ကျသွားမှုကြောင့်ဖြစ်လေသည်။ ရဟန်းတော်များသည် မိမိကိုယ်ရေးကိုယ်တာတည်း ဟူသော (အတ္တဟိတ) ကို အလေးဂရုပြုလာကြသည်။” လို့ ရေးသားခဲ့ပါတယ်။

အတ္တတွေ လွန်ကဲလာတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ညွှန်ပြတော် မူခဲ့တဲ့ “ပရဟိတ” လုပ်ငန်းတွေနဲ့ ရည်ရွယ်ချက်တွေကို မေ့လာတယ်။ ပိုဆိုးတာက အတုအယောင်ရဟန်းတွေ ပေါများလာပြီး ဘာသာရေးကို ခုတုံးလုပ်လာကြတာတွေပဲ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ငြင်းခုံခြင်းကိုပယ်ဖို့ ဟောကြားတော်မူခဲ့တယ်။ ကိုးကွယ်ယုံကြည်သူတွေနဲ့ ငြင်းခုံမှုတွေဖြစ်လာရင် ချမ်းသာမဲ့တော့မယ်၊ အကျိုးမဲ့တော့မယ်၊ နတ်လူတို့ စီးပွားမဲ့ပြီး ဆင်းရဲခြင်းဖြစ် တော့မယ် ဒါကြောင့် မငြင်းခုံကြပါနဲ့လို့ အရှင်အာနန္ဒာကို ပြောခဲ့တယ်။

ချစ်သား အာနန္ဒာ သာသနာတော်ကြီးမှာ အကြင်ရဟန်းဟာ

(၁) အမျက်ထွက်တတ်၏

(၂) ရန်ငြိုးဖွဲ့လေ့ရှိ၏

(၃) ဘုရားကိုလည်း ရိုသေခြင်း နှိမ့်ချခြင်းမရှိ

(၄) တရားကိုလည်း ရိုသေခြင်း နှိမ့်ချခြင်းမရှိ

(၅) သံဃာကိုလည်း ရိုသေခြင်း နှိမ့်ချခြင်းမရှိ

(၆) သိက္ခာသုံးပါး၌လည်း ပြည့်စုံစွာ ကျင့်လေ့မရှိသော ရဟန်းများသည် သံဃာ၌ ငြင်းခုန်မှုကို ဖြစ်စေ၏ လို့ ဟောကြားတော်မူခဲ့ပါတယ်။ (သာမဝါမသုတ်၊ ဥပရိပဏ္ဏာသ)

ဘုရားရှင်က သာသနာတော်ထဲက အမှိုက်တွေအကြောင်းကိုလည်း ဟောခဲ့ပါသေးတယ်။ ဘုရားရှင်က ဒုဿီလပုဂ္ဂိုလ်ဆိုတာကို ဒီလို ရှင်းပြတော်မူခဲ့တယ်။

“ယုတ်ညံ့သောအကျင့်ရှိသော

မစင်ကြယ်သည်ဖြစ်၍ ယုံမှားတွေးတောဖွယ် အကျင့်ရှိသောအမှုကို ဖုံးကွယ်သော

ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော

မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသော

အတွင်း ပုပ်သော

ကိလေသာမိုးစွတ်သော

အမှိုက်သဖွယ်ဖြစ်သောပုဂ္ဂိုလ်ဖြစ်၏” (ဥပေါသကသုတ်၊ ခုဒ္ဒက)

သာသနာတော်ကို ရဟန်းမြတ်တွေက စောင့်ရှောက်ထိန်းသိမ်းမှသာ ရေရှည်တည်တံ့နိုင်မှာပါ။ အတ္တဟိတကို အလေးပြု၊ တိုင်းပြည်ပျက်ရေးအတွက် သာသနာဖျက်တွေကို အထောက်အပံ့ပြုနေတဲ့ သူတွေကို ဘုရားရှင်က ကျီးကန်းတွေနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။

ကျီးကန်းတွေဆိုတာ သိတဲ့အတိုင်းပဲ။ ကျီးလန့်စာစားဆိုတဲ့ စကားအတိုင်းပေါ့။ သူတို့ဘဝတွေဟာ တည်ငြိမ်စွာ နေထိုင်စားသောက်ရတယ်လို့ မရှိဘူး။ မြင်တာနဲ့ဝိုင်းအာ၊ ထင်တာနဲ့ဝိုင်းအာ၊ ပေးလာအောင် ဝိုင်းအာ၊ ကျွေးလာအောင် ဝိုင်းအာနေကြရလို့ သူတို့ဘဝတွေကလည်း ဘယ်တော့မှ မငြိမ်းချမ်းဘူး။

ဘုရားရှင်က

“ချစ်သားရဟန်းများတို့ အရှက်မရှိသော ရဟန်းမည်သည်ကား ကိုယ်နှုတ်နှလုံး ကြမ်းကြုတ်၏။ ကျီးနှင့်တူသည် ဖြစ်၍ နှစ်ဆယ့်တစ်ပါး အပြားရှိသော မရှာမှီးအပ်သည်ကို ရှာမှီးခြင်းဟူသော (အနေသန) ၌တည်လျက် ချမ်းသာစွာ အသက်မွေးရပေ၏။ အရှက်အကြောက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်ကား ဆင်းရဲငြိုငြင်စွာ အသက် မွေးရပေ၏” လို့ မိန့်တော်မူခဲ့ပါတယ်။ (ဓမ္မပဒ၊ စူဠသာရိရဟန်းဝတ္ထု)

ရဟန်းမြတ်တွေနောက်ရောက်ပြီး ရဟန်းတုတွေ ရှေ့တန်းတက်လွန်းရင် သာသနာကွယ်မှာ စိုးမိတယ်။ ကိုယ်ကျိုးအတွက် သာသနာတော်ကို ခုတုံးလုပ်နေသူတွေ ထွန်းကားလာရင်လည်း သာသနာကွယ်မှာ စိုးမိတယ်။

(ယနေ့မနက် ဖတ်မိတာလေးတွေကို သူတော်ကောင်း မိတ်ဆွေတို့အား မျှဝေပါတယ်)

တင်ညွန့်

၁၉.၆.၂၀၁၉


Related Posts:

  • နိုင်ငံရေး တိုက်စစ် ကစားကွက်       ဒီရက်ပိုင်းမှာ နစက ရဲ့ ထူးခြားတဲ့ တိုက်စစ်ကစားကွက်တွေ ဆက်တိုက် တွေ့လာရပါတယ် ။        ပထမဆုံး ပြည်တွင်း တိုက်စစ်အဖြစ် သမိုင်းမှန်ရေးသားပြုစုရေး အဖွဲ့ ဖွဲ့စည်းကြောင်း ကြေငြာလိုက်တယ် ။ ဘာကြောင့် ဖွဲ့ရသလဲ ဆိုရင် NUG လက်စေ… Read More
  • အခါမနှောင်းမှီ အလာကောင်းဖြစ်နိုင်ပြီ         Bill Richardson ဆိုတာ ရခိုင်ဘဂ်လီအရေး ကော်မရှင်အဖွဲ့ဝင်အဖြစ် ကိုဖီအာနန် လက်အောက် မှာပါဝင်ခဲ့သူဖြစ်ပါတယ် ၊၊ အဲဒီ အဖွဲ့က. နှုတ်ထွက်တယ်ဆိုပြီး Statement တစောင်ထုတ်ပြန်ခဲ့ပါတယ် ၊၊      "ဒေါ်စုကြည် ရဲ့ ကော်မရှင်ဟာ ဖုံ… Read More
  • လုပ်တတ်ဖို့ပဲ လိုတယ်           ထီမရောင်းရလို့ အခွန် နည်းနေသတဲ့လား....?          လျှပ်စစ်မီတာခ မပေးကြလို့ အခွန် နည်းနေသတဲ့လား....?        အရောင်းအဝယ် ပျက်နေကြလို့ အခွန် နည်းနေသတဲ့လား.....?        ခင်ဗျားတို့က ဘာတွေ ပူနေကြတာလဲ ဗျာ.....    ရွှေအုန်း… Read More
  • စိတ်ကူးရေစီး နဲ့ ကျနော်လူညံ့         ကျနော်ငယ်စဥ်က ကလေးတွေ စုပြီး ဘောလုံးကစားတဲ့ အခါ ကိုယ့်စိတ်ကူးပေါက်ရာ ကစားတတ်တယ် ၊ ဘောလုံးလိမ်တာ လူပေးတာပေါ့ ။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ နိုင်တာများသဗျ ။       တနေ့တော့ ရပ်ကွက် လက်ရွေးစင် ရောက်လာပြီး နည်းစနစ်တွေ ပြ… Read More
  • သရဝက် (ပြည်ပြေး) ဖတ်ဖို့......စိန်မာတင်ကျွန်းကိုလွတ်လပ်ရေး မရမှီ အောင်ဆန်းအက်တလီ စာချုပ်စဥ်ကတည်းက ပါမလာပဲ ဆုံးရှုံးခဲ့ရတာကို မသိပဲ ဦးသိန်းစိန်လက်ထက်ကျမှ အမှုရှုံးလို့ ပေးလိုက်ရတယ် ဆိုပြီး သမိုင်းမသိပဲ တိုးရစ်ဂိုက် နဲ့ စာရေးဆရာ လုပ်စားနေတဲ့ သရဝက် (ပ… Read More