Tuesday, September 21, 2021

နောင်လာမည့် မျိုးဆက်တွေအတွက်


     အခုလိုခေတ်ကာလကြီးမှာ NLD တွေရဲ့ လူသတ်၊ ဘုန်းကြီးသတ်၊ လသားခလေးပါသတ်၊ ဗုံးခွဲ၊ မီးရှို့ အကြမ်းဖက်မှုပေါင်းစုံ နဲ့ ကုန်စျေးနှုံးကြီးမှု၊ အလုပ်အကိုင်ရှားပါးမှုတွေကို ပြည်သူတွေခံနေကြရပါတယ်။ အခုလိုအဖြစ်တွေ မဖြစ်ဖို့ နောက်ထပ် NLD လို နိုင်ငံရေးအုပ်စုမျိုးမပေါ်အောင် ကျနော်တို့ကာကွယ်ကြရပါမယ်။ နောင်မျိုးဆက်တွေကို ကျနော်တို့ခံစားရတဲ့ဒုက္ခမျိုး မခံစားစေချင်ပါဘူး။ 

     NLD တွေအခုမှ ယုတ်မာတာမဟုတ်ပါဘူး အနှစ် ၃၀ လုံးယုတ်မာခဲ့ကြတာပါ။ ဦးသန်းရွှေခေတ်မှာ မြန်မာပြည်ကို နိုင်ငံခြားနဲ့ပေါင်းပြီး ကမ္ဘာမှာမြောက်ကိုရီးယားပြီးရင် ဒုတိယအကြီးဆုံး စီးပွာရေးပိတ်ဆို့မှုကြီး လုပ်ခဲ့တာ NLD ပါပဲ။ ဦးသိန်းစိန်ခေတ်မှာ NCA ကို တိုင်ရင်းသားလက်နက်ကိုင်တွေ အလျှင်စလို လက်မှတ်မထိုးဖို့ မြန်မာပြည်မငြိမ်းချမ်းအောင် တိုက်တွန်းခဲ့တာ ဒေါ်စုကြည်ပါပဲ။ ဒေါ်စုချစ်အုပ်စု နဲ့ မျိုးချစ်အုပ်စုဆိုပြီး ပြည်သူ ၂ ချမ်းကွဲတာ မျိုးစောင့်ဥပဒေကို လူ့အခွင့်အရေးနဲ့ မညီဘူးဆိုပြီး ဒေါ်စုကြည်ပြောလိုက်လို့ ပြည်သူချင်စတင် သွေးကွဲလာတယ်လို့ ကျနော်ယူဆတယ်။ 

     သူတို့အစိုးရဖြစ်လာတော့ တိုင်းပြည်ဒုက္ခရောက်အောင် ကိုဖီအာနန် အကြံပေးကော်မရှင်ခေါ်တယ် ၊ ဂျိုးဖစ်ရှာ ၊ ရှောင်တာနယ် နဲ့ နိုင်ငံခြားအကြံပေးအမည်ခံ ထောက်လှန်းရေး ၉၀ ကျော်ခေါ်တယ် ၊ တနိုင်ငံလုံးကို ICJ မှာတရားခံဖြစ်အောင်လုပ်တယ် ၊ မြန်မာလူမျိုးပျောက်အောင် နိုင်ငံခြားသားကလေးမွေးစားခွင့် ဥပဒေလုပ်တယ် ၊ တိုင်းပြည်ကိုဇရပ်ဖြစ်အောင် ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ လက်ခံရေး စာချုပ်မှာ လက်မှတ်ထိုးတယ်။ 

     အစိုးရမဖြစ်ခင် အပြစ်ပြောဖို့ခက်ပေမဲ့ အခု သူတို့အစိုးရလည်းလုပ်ဖူးပြီ လက်နက်လည်း ကိုင်နေပြီ။ အနှစ် ၃၀ စာသူတို့ရဲ့ ယုတ်မာမှုအချက်အလက်တွေ နဲ့ သူတို့ကိုအပြစ်တင်လို့ရပြီ။ သူတို့အကြောင်း ကျောင်းသင်ခန်းစားတွေထဲမှာ ထဲ့ရေးရမယ်။ ဆောင်းပါးရေးယုံ စာအုပ်ရေးယုံးနဲ့ မလုံလောက်ပါဘူး ရုပ်သံ video အထောက်အထားတွေနဲ့ Documentary film တွေ အစိုးရစရိတ်နဲ့ ထုပ်လုပ်ဖို့လိုပါတယ် ကျောင်သင်ခန်းစာအနေနဲ့ ခလေးတွေကိုပြရမယ်။ 

     နောင်အနှစ် ၃၀ ဆိုရင် နွေဦးတော်လှန်ရေးဆိုတဲ့ အကြမ်းဖက်မှုကြီးထဲမှာ ပါခဲ့သူတွေ ပါခဲ့ကြောင်းပြန်ပြောဖို့ ရှက်ရလောက်အောင် ကျနော်တို့တွေ ပညာပေးဖို့လိုပါတယ်။

     ဘဦး (၁၆.၉.၂၀၂၁)


Related Posts:

  • အမှန်တရားက ဖိနပ်စီးနေချိန် မုသားက ကမ္ဘာပတ်နေပြီအခုထန်တလန်ကိစ္စလည်း ပြည်ဖျက်မီဒီယာတွေရဲ့ မဟုတ်မမှန်သတင်းတွေကြောင့် သတင်းအမှားတွေ ပျံ့နေပြီ...မသိရင်စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့၊ မီးရှို့လို့ပဲ ထန်တလန်မြို့က အိမ်တွေ မီးလောင်သွားသလိုလိုနဲ့ မဟုတ်တမ်းတရားတွေဖွနေကြ တယ်... အဖြစ်မ… Read More
  • ထန်တလန်မီးလောင်မှုရဲ့ တရားခံ ဘယ်သူလဲတစ်ခုခုမကောင်းတာ ဖြစ်လာပြီဆိုတာနဲ့ စစ်တပ်ကိုပဲ တဖက်သပ်အော်နေကြသလိုပဲ အခုထန်တလန် မီးလောင်မှု ကိစ္စမှာလဲ ဓာတ်ပုံတွေ ချက်ချင်းရိုက်ပြီး စစ်တပ်က လုပ်တာဆိုပြီး အော်နေကြပြန်ပီ ဟားခါးနဲ့ ထန်တလန်ကြားက သီးမစ်တံတားကို PDF CNA CNF တွေ … Read More
  • စစ်ကိုရှောင်ရှားပါထန်တလန်မြို့လေးမှာ ခုလိုစစ်မီး‌လောင်နေတာ နိုင်ငံတော်ကို ချစ်မြတ်နိုးသူတိုင်း စိတ်ထိခိုက်ခံစားရပါတယ်။စစ်ဆိုတာ မဖြစ်ကြတာ အကောင်းဆုံးပါ။တကယ်လို့ NLDများ ဖြစ်ချင်သလို ပြည်ပကျူးကျော်စစ်ကြီး ဖြစ်ခဲ့ရင် တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတ… Read More
  • ဒေါက်တာမနာမ်တူးဂျာနှင့် ကျွန်တော်၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရတက်လာသောအခါ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည်။လူစီးရထားများမိုင်းခွဲခံရသည်။ချစ်ခြင်းမေတ္တာကို အကြမ်းဖက်သူသည် ဘုရားသခင်ကို အကြမ်းဖက်သူဖြစ်၏ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးလ… Read More
  • ▪️ထိုးကျွေးခံရတာက နင်တို့မှအစစ်။▪️PDF လောက်ကတော့      စစ်တပ်က မမှုတာကို NUG ကသိတယ်။     ဒါကြောင့် ငွေရှိပေမယ့် PDF ကို မထောက်ပံ့ဘူး။     မပြည့်စုံသေးမှန်းသိပေမယ့် D Day ခေါ်ချပစ်တာ     PDF တွေကိုတမင်ပေးသေထားတာ။▪️မယုံရင်ကြည့်လိုက် ထန်တလန်ပုံရိပ်တွေနဲ့     နိ… Read More