Thursday, September 30, 2021

#ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်ခရိုင်တွင် #ပထမဆုံးတစ်ပါးတည်းသောရက်ရက်စက်စက်မီးရှို့အသတ်ခံရသော #ဆရာတော်သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာဇောတအကြောင်း


ဆရာတော်ဟာ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြင်းပြင်းလာတဲ့ 
ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပေမဲ့ 
သာသနဘောင်ထဲ၀င်ရောက်တဲ့အချိန်မှစပြီး
ဝေးလံတဲ့ဒေသမှာ ကြမ်းတမ်းခက်တန်မူ့တွေကို ရင်ဆိုင်ပြီး ချင်းပြည်နယ်မှာ သာသာနာပြုနေတဲ့ ဆရာတော်တစ်ပါးပါ 
လုပ်ရက်တဲ့ လူတစ်စုဟာ 
ဆရာတော်ကို အရှင်လတ်လတ်ကားနဲ့တူတူမီးရှို့သတ်ဖြတ်ပြီးနောက်
ဆရာတော်ပါလာတဲ့ အလှူရှင်တွေလှူထားတဲ့ ငွေ သိန်းဆယ်ဂဏန်းကျော် နှစ်ဆယ်နီးပါး နှင့်အတူ ဆရာတော့်ပိုင်ဆိုင်တဲ့ ဖုန်းနှင့် Laptopကိုယူသွားကျပါတယ်
ခုဆို မီးရှို့သတ်ဖြတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော့်ခန္ဓာကိုယ်ရုပ်ကလပ် အကြွင်းအကျန်အပိုင်းအစကို ကောက်သူမရှိ မကောက်ခဲ့ကြလို့ စျာပနမရှိ မီးသဂြိုဟ်မူ့မရှိခဲ့လို့ အခုဆို အကြွင်းအကျန်အပ်ိုင်းအစတောင်ဘယ်ရောက်လို့ ဘယ်ပျောက်သွားမှန်းမသိရတော့ပါဘူး 
ဆရာတော့်ရဲ့အဖြစ်ဟာ အရမ်းကိုကြေကွဲ၀မ်းနည်းဖို့ကောင်းပါတယ် ရင်နင့်ရပါတယ် 
ဒီဖြစ်စဉ်ကို ထေရဝါဒဗုဒ္ဓဘာသာ၀င်တွေကို သိစေချင်ပါတယ်
ဗုဒ္ဓဘာသာသာသနာထွန်းကားစေချင်လို့  အနစ်နာခံ ဒုက္ခခံပြီး ချင်းတောင်တန်းမှာ အဆင်မပြေမူ့များစွာနဲ့ သာသနာပြုနေတဲ့ ဆရာတော်ရဟန်းတစ်ပါးရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံရမူ့ဟာ အောက်တိုဘာ ၄ ရက်နေ့ ဆို ၄ လပြည့်ပါပြီ...

Credit...
#DEFENDER®SDA