၁၈ - ၉ - ၁၉၈၈
လွန်ခဲ့တဲ့ ၃၃ နှစ် ကနေ့လို စက်တင်ဘာ ၁၈ ရက်နေ့မှာ
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အခြေအနေတွေကြောင့် စစ်တပ်က
အာဏာသိမ်းခဲ့တယ်
ပြချင်တိုင်း ပြနေတဲ့ နာမည်မျိုးစုံနဲ့ သမဂ္ဂ သပိတ်တွေ
ယူချင်တိုင်း ယူနေတဲ့ ဂိုဒေါင်ဖောက်ပွဲတွေ
ရက်စက်ချင်တိုင်း ရက်စက်နေတဲ့ ခေါင်းဖြတ်လူသတ်ပွဲတွေ . . .
အားလုံး ရပ်သွားတယ်
သတ္တိရှိရင် ထွက်လေ လူစုစုမြင်တာနဲ့ ပစ်တာပဲ !
ရန်ကုန်အတွက် နာမည်ကျော်ကတော့ တပ်မ ၂၂ ပေါ့
နောက်တော့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ လုပ်ပေးမယ်
ပါတီတွေ ဖွဲ့နိူင်ပါတယ်လည်းဆိုရော
ဖွဲ့လိုက်ကြတဲ့ပါတီတွေ ရာကျော်သွားပါပကောလား 😁
ဘာတဲ့ ပါတီထောင်ရင် အဲ့ပါတီအတွက် ကြိုးဖုန်းချပေးမယ်
ဘာညာ အခွင့်အရေးသံတွေ ညံနေတာကိုး
မှတ်မိသေးတယ် ရပ်ကွက်ထဲက လူကြီးတစ်ယောက်
သူ့ပါတီနာမည်တော့ မမှတ်မိတော့ဘူး
ဥက္ကဌက သူ ! သူ့မိန်းမက အတွင်းရေးမှုး ! သူ့သား သမီး နဲ့
မိတ်ဆွေ ၃ ယောက်က အလုပ်အမှုဆောင် အဖွဲ့ဝင် တဲ့ 🤣
ကိုယ်နဲ့ သဘောထားခြင်းတူသူတွေ စုပြီး အင်အားကြီးတဲ့
ပါတီဖြစ်လာရေးထက် ဥက္ကဌရောဂါ ထ နေကြတာကိုး
အစိုးရရုံးတွေ ဘယ်နေ့ပြန်ဖွင့်မယ် ဆိုတော့
သူသူ ကိုယ်ကိုယ် အလျှိုလျှို ရုံးပြန်တက်ကြတာပါပဲ
ဘာ CDM ဘာ SP မှ မကြားဖူးဘူး
တိုင်းမှုးတွေက ကိုယ့်တိုင်း ငြိမ်ဖို့ ကိုယ့်တာဝန်ပဲ
အဲ့သမှာ နာမည်ကြီးတာက ကချင် နဲ့ မန္တလေးပေါ့
အင်းးး ပြန်စဉ်းစားရင် မနေ့တစ်နေ့ကလိုလို ဘာလိုလိုနဲ့
၃၃ နှစ် ရှိခဲ့ပြီပဲ
ကြုံခဲ့တာတွေသာ ပြန်ပြောနေရရင်
တစ်ထောင့်တစ်ညပုံပြင် လို ဆုံးမယ် မထင်ပါဘူးလေ !
#Credit