သူ့ကိုကြည့်...
မြန်မာနိုင်ငံရဲ့ခေါင်းဆောင်ကြီး
တယောက်ရဲ့သမီးမဟုတ်ဘူး..
နာမည်ကြီးနိုင်ငံ့ခေါင်းဆောင်နဲ့
ယှဉ်ရင် မြေးအရွယ်သာရှိတယ်...
ဘွဲ့တွေ
တသီတတန်းနဲ့ပညာတတ်ကြီး
မဟုတ်ဘူး။ နိုင်ငံတကာကပေးထားတဲ့
ဆုတံဆိပ် တစ်ခုမှပိုင်ဘူး...
ဆင်းရဲသားအသိုင်းအဝိုင်းမှာ
သူလည်းဆင်းရဲတယ်၊
ရုပ်ရည်ရူပကာ အသင့်အတင့်ရှိပေမယ့်
သူ့ကိုလေးစားသူတွေထဲမှာ
ကျမလည်းပါတယ်...
အင်္ဂလိပ်လို မွှတ်နေအောင်
မတတ်ပေမယ့် မြန်မာစကားကို
မြန်မာလို ပီပီပြင်ပြင်ပြောတတ်တယ်။
မြန်မာနိုင်ငံမှာမြန်မာစစ်စစ်ကမွေးပြီး
မြန်မာပြည်ကိုချစ်တယ်...
တိုင်းရင်းသားအမျိုးသားရေးစိတ်ဓာတ်
အရွယ်နဲ့မလိုက်အောင်ပြင်းထန်တယ်..
ဘာသာ သာသနာကို
အသက်တမျှ တန်ဘိုးထားတတ်တဲ့
မိန်းခလေးတယောက်ပါ...
အရွယ်နဲ့မမျှတဲ့ နိုင်ငံရေးဗဟုသုတ,
ဘာသာရေးဗဟုသုတပြည့်စုံတယ်...
အမှန်ကို မကွယ်မဝှက်
မထိမ်မချန် ပြောရဲတဲ့သတ္တိရှိတယ်။
စကားပြောရာမှာ အပိုအလိုမရှိ
သူပြောတဲ့စကားတိုင်းကို
တာဝန်ယူမှု တာဝန်ခံမှုရှိတယ်...
လူငယ်သလောက် ကလက်တက်တက်
ညက်တက်တက်မနေပဲ
တည်တံ့တဲ့နေရာမှာ
အဖွားကြီးတွေ လက်ဖျားခါရတယ်။
သူ့ဇာတိ အတိအကျမသိပေမယ့်
တောသူတယောက်လို
ရိုးသားပွင့်လင်းတယ်..
ဇာတိသွေးဇာတိမာန်ပြင်းထန်တယ်...
တန်ဘိုးမဖြတ်နိုင်တဲ့
ကျောက်ရိုင်းလေးတတုံးဖြစ်တယ်၊
အမျိုး ဘာသာ သာသနာကိုထိရင်
မချိအောင် နာတတ်တယ်...
'ပြည်သူနဲ့တသားတည်း'လို့
လူကြားကောင်း တရားနာနေသူတွေထက် နှလုံးသားက ပိုလှတယ်...
'ငါတို့က နိုင်ငံရဲ့ဒီမိုအရေးတွေမှာ
ဘယ်အခန်းကဏ္ဍက ပါခဲ့တာပါ လို့
အော်နေတဲ့အမြတ်ထုတ်နိုင်ငံရေးသမား
တွေထက် နိုင်ငံရေးဗဟုသုတရှိတယ်၊
နိုင်ငံကို ချစ်တယ်...
သူ ဘယ်သူလဲ ?
အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးသူ လူကြီးလူငယ် ချစ်ခင်အားပေးခြင်းခံနေရတဲ့ သူ့အမည် မလှပေမယ့်ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖေါ်ပြလေ့ရှိတဲ့ သူမအမည် မပုတု ပါ...
မတူရင်မတုနဲ့....'မပုတု' တဲ့...
မဟုတ်မခံ
လုပ်ကြံမပြောတဲ့...မပုတု...
သိအောင်လေ့လာပြီး
မှန်ရာကိုချပြတတ်တဲ့ မပုတု...
လော်ဘီ ငပိန်းတွေကို
ရဲရဲဝံ့ဝံ့ အမှန်ကိုပြပြီး၊
မမှည့်ခင် အကင်းဘဝမှာထဲက တဖြုတ်ဖြုတ်ခြွေချ
ပစ်နိုင်တဲ့ မပုတု...
လာဒ်လာဘမျှော် မလော်တတ်တဲ့
မ ပု တု...
အရိုင်းအစိုင်း လူ့မျက်ကန်းတွေကို
ပညာသားပါပါနဲ့
ယဉ်ကျေးစွာတုန့်ပြန်လေ့ရှိတဲ့ မပုတု...
မျက်နှာလိုမျက်နှာရ
မဖားတတ်တဲ့ မပုတု...
သဘောထားချင်းမတိုက်ဆိုင်ရင် ကျော်သွားပါ..
ကျမ လေးစား လွန်းလို့
ခွင့်မတောင်းပဲ ပုံကိုယူသုံးမိလို့ ရိုင်းတယ်မထင်ပါနဲ့ညီမရေ...
ရေးချင်တဲ့ဆန္ဒ ပြင်းပြလွန်းလို့ခွင့်မတောင်းတာ နားလည်ပေးပါလို့တောင်းပန်ပါတယ်.
လေးစားလျှက်ပါ ညီမ မပုတုရေ...💚💚💚
May Cho