Saturday, September 18, 2021

"မေ့မယ်ထင်နေလား "


တီးတိန် တပ်ရင်း က စစ်သည်တွေ
၄၆ယောက် တပြိုင်နက် မိုင်းဆွဲခံရပြီး
ကျဆုံးချိန်တုန်းက ကျွန်တော်က ဘော်စဲခိုမှာ
Gota ကဖုန်း သတင်းကို အံကြိတ်ရင်း
စောင့်နေခဲ့တဲ့ တပ်ရင်းမှူး နဲ့အရာရှိစစ်သည်တွေ
ရဲ့မျက်ဝန်းတွေကို အခုထိ မြင်ယောင်နေသေးတယ်။

ဒီအချိန်မှာ ပါတီ ကြီးတစ်ခုက ဝမ်းနည်းကြောင်း
ဖော်ပြဖို့နေနေသာသာ သူ့ပါတီကို
ထောက်ခံသူတွေက ရယ်ပွဲဖွဲ့ မြူးထူးနေခဲ့ကြတာကို
ဒီကာယကံရှင် စစ်သည်မိသားစုတွေ
မေ့မယ်ထင်နေလား....

မြစ်ကြီးနား က ခလရ ၂၁ နောက်တန်းပြန်အဝင်မှာ
Vehicles Ambush လုပ်ခံရလို့ လူနာတွေရော
စစ်သည်တွေ ပါ မီးလောင်သေဆုံးကြ
အော်ဟစ်ငိုယိုနေကြချိန်မှာ ဝမ်းနည်းကြောင်း
ဖော်ထုတ်ဖို့နေနေသာသာ KIA က
သူပုန်လောင်းတွေ လက်နက်ကြီးမှန်သေတာကို
ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တာကို
ဒီကာယကံရှင်စစ်သည်မိသားစုတွေ
မေ့သွားကြပြီထင်နေတာလား....

လောက်ကိုင်မှာ တိုက်ပွဲတွေဖြစ်နေချိန်တုန်းက
Facebook မှာ နေဝန်းနီ ပရိုဖိုင်တွေချိန်းပြီး
ဂုဏ်ပြုခဲ့ကြတာကို ဘဲဥကြော်လို့
လှောင်ပြောင်ရယ်မောခဲ့ကြတာကို
ဒီကာယကံရှင်မိသားစုတွေ
မေ့မယ်ထင်နေလား....

ဗိုလ်ဇော်မျိုးထက်ကို အပိုင်းပိုင်းအပြတ်ပြတ်
ဖြတ်ပြီး ခေါင်းကိုဖြတ် အူကိုထုတ်ပြီး
Videoတင်တဲ့အောက်မှာ
စစ်ခွေးသေတာကို ဝမ်းသာတယ်ဆိုတဲ့
ကောမန့်တွေကို မြင်ခဲ့ကြရတာ
မေ့မယ်ထင်နေလား

မုံကိုးမှာ တစ်ဗျူဟာ ထဲကို အင်အားများများနဲ့
ဝိုင်းပါတ်တိုက်ခိုက်တုန်းက
တပ်မတော် က စစ်ရေးစွမ်းရည်နည်းနေပါပြီလို့
အော်နေခဲ့ကြတာ ဒီစစ်သည်တွေ မေ့မယ်
ထင်နေတာလား...

မူဆယ် မှာ သူပုန်တွေ ဝင်ပစ်တုန်းက
အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ဖို့ မဲခွဲ
ဆုံးဖြတ်ကြတော့ မဲရူံးပြီး
သူပုန်ကို သူပုန်တွေ လို့ခေါ်ခွင့်မရတာကို
ဒီကာယကံရှင်စစ်သည်တွေ
မေ့မယ်ထင်နေလား

တနှစ်က နေပြည်တော် နားမှာ
Crew လေယာဉ်ပျက်ကျပြီး ပိုင်းလော့တွေ
သေနေချိန်မှာ တရုတ်လုပ်တွေသုံးပြီး
မောင်းတာ အသုံးမကြလို့ဆိုပြီး
ရယ်ပွဲဖွဲ့ ခဲ့ကြတာကို ဒီကာယကံရှင်တွေ
မေ့မယ်ထင်နေလား...။

စစ်ခွေးလို့ ရက်ရက်စက်စက်
ခေါ်ခဲ့တာကို မေ့မယ်ထင်နေလား

ရှိသေးတယ်.. ဒီလိုဖြစ်စဉ်တွေ...
အများကြီး...အများကြီးပါ

ဘယ်မေ့မလည်း..သူတို့လည်းသွေးနဲ့ကိုယ်
သားနဲ့ကိုယ်ပဲ....မှတ်ထားကြမှာပေါ့..

Y8လေယာဉ်အတွက် သူတို့နဲ့အတူ
တစ်နိူင်ငံလုံး က မိဘပြည်သူတွေ ငိုကြွေးနေချိန်မှာ
စစ်ခွေးသေတာဝမ်းသာတယ်..
ပြည်သူ့ဘဏ္ဍာတွေ ဖြုန်းတီးပြီး
အကုသိုလ် များလို့သေတာလို့
ပြောထွက်တဲ့ ပါးစပ်တွေကို
ဒီကာယကံရှင်တွေ မေ့မယ်ထင်နေလား..

ဒီလေယာဉ်မှာ တပ်ပြောင်းစစ်သည်တွေ
လူနာတွေ ခွင့်ပြန်ကြသူတွေ ယာယီတာဝန်နဲ့
ခရီးသွားကြသူတွေ..လေယာဉ်အမူထမ်းတွေ
ပိုင်းလော့ တွေ အများကြီးပါ

ပျော်ပွဲစား ထွက်နေတယ်ထင်နေကြတာလား

တပ်မတော် ဆိုတာကျဉ်းကျဉ်းလေး..
အခုခေတ်က အရင်လို ဖုန်းတွေမရှားတော့ဘူး
ရှေ့တန်း နောက်တန်း အင်တာနက်တွေ
မိနေတဲ့ခေတ်....ဒီလို ပျက်ရယ်ပြု
လှောင်ပြောင်နေတာတွေကို
ရှေ့တန်း ကစစ်သည်တွေ မသိဘူးထင်နေလား
မေ့သွားလိမ့်မယ်ထင်နေကြတာလား

သေချာတဲ့ အစိုင်အခဲတွေဖြစ်နေကြပြီ...

ဒီနိူင်ငံ မှာ လူတွေ ကြားမှာ
အစိုင်အခဲတွေသိပ်များနေကြပါပြီ..

လွယ်လွယ်နဲ့မေ့လို့ရမယ်ထင်နေကြတာလား

လွယ်လွယ် နဲ့စပါယ်တွေကြွေရင်
တစ်တောလုံး စပါယ်တွေ ဖုံးကုန်မှာပေါ့..

Photo.......ဂီဒွန်ကိုသိမ်းယူပြီးအမှတ်တရ

#ကပ္ပတိန်ဝန
#u kyaw gyi
Copy


Related Posts:

  • CDM ပညာရေးဝန်ထမ်း ငတုံးများ သိဖို့       ကဲ စစ်အစိုးရ နဲ့ ဦးသိန်းစိန် တို့ ဖျက်ဆီးသွားတယ် ဆိုတဲ့ ပညာရေး ပြန်ကြည့်ရအောင်ဗျာ ။ - ၁၉၈၉ မှာ စာမေးပွဲ မဖြေရ-၁၉၉၀ ကစ ပြီး အခြေခံကျောင်းတွေ ဖွင့်-တက္ကသိုလ်တွေကတော့ ဖွင့်လိုက် ပိတ်လိုက် နဲ့ တက္က… Read More
  • မာ့ခ်ဇူကာဘက်ဂျ့်ရဲ့ Meta ကုမ္ပဏီကို အစွန်းရောက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ပေးဖို့ ရုရှားအစိုးရရှေ့နေချုပ်ရုံးတောင်းဆိုရုရှားအစိုးရရှေ့နေချုပ်ရုံးက Facebook နဲ့ အင်စတာဂရမ်တို့ကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီကို အစွန်းရောက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးဖို့အတွက် တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ ဒါဟာ ရုရှားပြည်တွင်းမှာ Facebook နဲ့ အင်စတာဂရမ်ကို … Read More
  • တိုင်းရေး ပြည်ရေး       ကိုစိုးရောက်လာတော့ လက်ဖက်ရည်ဆိုင်သွားပြီး လေကန်ဝေဖန်ကြရပြန်ပါတယ် ။ "ငမျိုးရေ မင်း နိုင်ငံရေးသတင်း မရေးတာ ကြာပြီလား လို့ ''"ရေးစရာမှ ထူးထူးခြားခြား မရှိပဲလေ ''"NLD ပါတီကို ၃ နှစ်ပဲ ဆိုင်းငံ့လို့… Read More
  • သတင်းအတိအကျပေးလို့သွားဖမ်းတယ်။ကွက်တိဘဲ။အိမ်ကို ခိုးပြန်လာတဲ့ခနပ ၃ကာင်နဲ့ ၂ လက်ရတယ်။ခနပ လေးတွေခမျာ…ဘယ်သူမှမသိအောင်ပြန်လာတာကိုရောက်ရောက်ခြင်းဘဲဖမ်းခံထိလို့ အံ့သြသွားတယ်။ဒီကောင်တွေသဘောပေါက်သွားတယ်။''ကျနော်တို့ကတော်လှန်ရေးဆက်ပီးမလုပ်ချင်တော့လို့ပြန်လာတာကိုဒီက… Read More
  • အကုသိုလ်တို့ စံပျော်ရာ         အလုပ်များနေလို့ရယ် ၊ နိုင်ငံရေးကလည်း ရေးချင်စိတ်ပါးနေတာရယ်ကြောင့် မရေးဖြစ်ပဲ ညမိုးချုပ်မှ လိုင်းဖွင့်ကြည့်လိုက်တော့ အောက်က လင့် ကိုတွေ့ပြီး အံ့သြထိတ်လန့် သွားကပါတယ် ။     ကျနော… Read More