Monday, September 20, 2021

"လုတာ..လုတာ"

~~~~~~~~~~~
လုအောင် နှင့် မမှားရ။

မြန်မာပြည်ကို အရှေ့နဲ့အနောက် လုကြတာ အခုမှမဟုတ်ဘူးဗျ။ဟ်ိုး..ရှေးရှေးကတည်းကနေ အခုထိကို လုနေကြတာဗျ။

နောက်ပိုင်း အိုအိုင်စီတို့ပါ ပါလာလေတော့ လုပွဲကြီးက ပိုတောင် ပွဲဆူနေပါပြီ။ 
                             Zayya Aung
             ~~~~~~~~~~~
လွန်ခဲ့သော ၆၃ နှစ်ကတည်းက..
မြန်မာပြည်မှာ လာပြီးအားပြိုင်ကြ...
ရုရှ နားရွက်ပဲ့...အမေရိကန် နှုတ်ခမ်းကွဲ...

ချမ်းမြသာစည်...လွမ်းရပါသည်...

ကြေးမုံ
The Mirror
၁၃၀၉ ခု တန်ခူးလဆန်း ၉ ရက် သောကြာနေ့ (28-3-58) အမှတ် ၃၄၀

လေဆိပ်ကို လုဆင်းကြရာမှ
လေယာဉ်ပျံကြီး ၂စင်း တိုက်မိကြခြင်း

မန္တလေး မတ် ၂၇

မန္တလေးမြို့ နိုင်ငံပေါင်းစုံလေဆိပ်ကြီးတွင် ရုရှပြည်သွား တီယူ၁၁၄ ခရီးသည်တင်လေယာဉ်ပျံကြီးနှင့် အမေရိကန်ပြည်မှ ဒေါက်ဂလပ်စ်ခရီးသည်တင်လေယာဉ်ပျံကြီးတို့ တိုက်မိကြရာတွင် လေယာဉ်ပျံနှစ်စင်းလုံး တောင်ပန်ကြိုးသွားလေသည်။

မန်းလေဆိပ်မီးသတ်အဖွဲ့က အချိန်မှီရောက်ရှိသဖြင့် မီးတောက်လောင်မှု မဖြစ်ပွားချေ။

ရုရှလေယာဉ်ပျံမှ ခရီးသည်တဦး နားရွက်ပဲ့သွားပြီး အမေရိကန်လေယာဉ်ပျံမှ ခရီးသည်တဦး နှုတ်ခမ်းကွဲသွားသည်မှအပ...အထိအခိုက် မရှိပေ။

မန်းလေဆိပ်သည် ကမ္ဘာ့လေဆိပ်ကြီးများနှင့်တန်းတူ လေယာဉ်အဆင်းအတက် လမ်းရှစ်ခုရှိကြောင်း၊ ရုရှလေယာဉ်နှင့် အမေရိကန်လေယာဉ်တို့ တိုက်ခိုက်မှုမှာ ထိုလေယာဉ်မောင်းသူတို့ နေရာလုသက်ဆင်း၍ ဖြစ်ကြောင်း၊ လေဆိပ်၏ ချို့ယွင်းမှုမဟုတ်ကြောင်းနှင့် လေဆိပ်မန်နေဂျာက ထုတ်ဖေါ်ပြောပြလေသည်။

(ကြေးမုံသတင်းစာ photo credit: Min Lwin Pilot )
Crdး Ronnie Nyein




Related Posts: