Thursday, September 30, 2021

တပ်မတော် က အာဏာမထိန်းမီ နောက်ဆုံး NLD အစိုးရ လက်ထဲတွင်ရှိနေသည့် တိုင်းပြည်၏ အရံငွေကြေးမှာ အမေရိကန်ဒေါ်လာ ၆.၅ ဘီလျံ ရှိတယ်လို့ဆိုကြပါတယ်။


နစက အာဏာရယူပြီးနောက် 
ကျွန်ုပ်တို့သိရှိလာရတဲ့ အကြောင်းအရာ 
တစ်ခုက NLD အစိုးရက အမေရိကန်ဘဏ်တွေမှာ 
အမေရိကန်ဒေါ်လာ သန်း တစ်ထောင်( $1 bln ) 
အပ်နှံထားခြင်းပါပဲ။ 

ဒါကို အမေရိကန်သမ္မတ
ဂျိူးဘိုက်ဒင် ထုတ်ဖေါ်ပြောမှ
ကျွန်ုပ်တို့ပြည်သူတွေသိရတာပါ။

တကယ်တော့ ဒီငွေတွေဟာ
ကျွန်ုပ်တို့ပြည်သူတွေရဲ့ ချွေးနဲစာတွေပါ။ 
ကျွန်ုပ်တို့ပြည်သူတွေဆီက 
ကောက်ခံထားတဲ့ အခွန်တွေပါ။ 

NLD အစိုးရက
ဒီငွေတွေကို ဘာကြောင့်
အမေရိကန်ဘဏ်တွေမှာ 
အပ်နှံရသလဲဆိုတဲ့ မေးခွန်းဟာ
ကျွန်ုပ်တို့ပြည်သူတွေကြား
စဉ်းစားစရာတွေဖြစ်လို့နေပါတယ်။

ကျွန်ုပ်အနေနဲ့စဉ်းစားမိတာက
NLD အစိုးရရဲ့မရိုးသားမှုလို့မြင်မိပါတယ်။ 
အဲဒိမရိုးသားမှုအခြေခံအားနဲ့ 
မြန်မာပိုင်ငွေ အမေရိကန်ဒေါ်လာ 
၁ ဘီလျံ ကို အမေရိကန်ဘဏ်တွေမှာ
အပ်နှံခြင်းဖြစ်ပါလိမ့်မယ်။ 

အနာဂတ်
တောက်လျှောက်ဆက်တိုက် 
NLD အာဏာရရှိရေး ရည်ရွယ်ထားဟန်ရှိပါတယ်။

ဒါအပြင် 
အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကိုလည်း
စင်္ကာပူဘဏ်တွေမှာပြောင်းရွှေ့အပ်နှံတယ်လို့
သတင်းတွေကလည်း ပြန်နှံ့နေပြန်ပါသေးတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ 
အရံနိုင်ငံခြားငွေ ၆.၅ ဘီလျံကို
နစကတက်စမှာ ပြည်ပဘဏ်တွေဆီရောက်နေပါပြီ။ 

ဒါကြောင့် နစကအစိုးရဆီမှာ
ဝန်ထမ်းတွေကိုတောင် ပေးဖို့ငွေမရှိတော့ဘူးလို့ 
NLD ခေါင်းဆောင်ပိုင်းက အတိအလင်း
ဆိုလာခြင်း ဖြစ်နိုင်ပါတယ်။ 

နိုင်ငံရဲ့ ရှိသမျှ
အရံငွေကြေး အကုန်လုံးဟာ 
မြန်မာနိုင်ငံဗဟိုဘဏ်မှာ မရှိတော့ဘူးလို့
သူတို့ ယုံကြည်နေကြလို့ပါပဲ။

နစကကို စင်္ကာပူအစိုးရက
အသိအမှတ်ပြုကြောင်း၊စီးပွားရေးပိတ်ဆို့ရန်
အကြောင်းမရှိကြောင်း ပြောလာတဲ့အခါ
NLD တွေဟာ စိုးရိမ်ကြီးလာပြီး 
ဆန္ဒပြသမားတွေနဲ့ စင်္ကာပူသံရုံးရှေ့
ဆန္ဒပြတာကို သတိထားမိကြမှာပါ။ 

စင်္ကာပူဘဏ်တွေမှာရှိတဲ့
NLD အစိုးရအပ်နှံထားတဲ့ ငွေများ
နစကအစိုးရဆီ ပြန်လည်လွှဲပြောင်းမပေးရေး 
အဓိကရည်ရွယ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက
အမေရိကန်လွှတ်တော်မှာ
မြန်မာနိုင်ငံအပ်ငွေနဲ့ပတ်သက်ပြီး
ဆွေးနွေးကြတဲ့အခါမှာတော့
ကုလသမဂ္ဂမြန်မာသံအမတ်ကြီးဟောင်းက 
Vedio call မှတဆင့် US $ 1 bln ကို
သူတို့ရဲ့ NUG ကိုလွှဲပြောင်းပေးဖို့
တောင်းဆိုသံကြားလိုက်ရပါတယ်။ 

ဒါပေမယ့် 
အဲဒီတောင်းဆိုမှုကိုလည်း
ပယ်ချလိုက်တယ်လို့လည်း သိလိုက်ရပါတယ်။

တကယ်တော့
ဒီငွေကြေးတွေဟာ 
NLD အာဏာရေရှည်ရရှိရေးနဲ့
ခိုင်မြဲရေးအတွက်သာရည်ရွယ်ခြင်းဖြစ်ပုံရပါတယ်။ 
နိုင်ငံတော်ပိုင်ငွေကြေးကို ပါတီအကျို းအတွက် 
သုံးစွဲမည်မှာ သံသယဖြစ်စရာများရှိနေပါတယ်။ 

၂၀၀၈ ခုနှစ်၊ 
ဖွဲ့စည်းပုံအခြေခံဥပဒေအရ
တပ်မတော်ဟာ လိုအပ်ရင် နိုင်ငံတော်အာဏာကို 
ရယူထိန်းသိမ်းခွင့်ရှိနေပါတယ်။ 

ဒါကို သိနေတဲ့
NLD ဟာ တကယ်လို့သာ
တပ်မတော်က အာဏာရယူခဲ့လျင်
လိုအပ်သလို တုန့်ပြန်ဖို့ Planဆွဲခဲ့ပါတယ်။ 
နိုင်ငံရဲ့အရံငွေကြေးများကို
ပြည်ပဘဏ်များတွင် ထားရှိခြင်းဟာလည်း 
၄င်းရဲ့ Plan တွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။

တရားမဝင် NUG ဟာ
အမေရိကန်ဘဏ်တွေမှာရှိနေတဲ့
US$ 1 bln ကိုအလွန်ထုတ်ယူချင်နေပါတယ်။

ဒါကြောင့်နိုင်ငံတကာက
အသိအမှတ်ပြုရေးအတွက် 
ဝန်ထမ်းထုတစ်ရပ်လုံး CDM လုပ်ရန်
အလွန်လိုလားနေတာ ဖြစ်ပါတယ်။ 

CDM ဟာ သူတို့ရဲ့ 
အသက်ဝိဥာဉ်ပမာဖြစ်လို့နေပါတယ်။ 
ဒါပေမယ့် သူတို့လိုလားသလို CDM မအောင်မြင်ပါ။ 
နိုင်ငံတကာကလည်းအသိအမှတ်မပြုပါ။ 

ဒါကြောင့် 
အရူးမီးဝိုင်းသည့်ပမာ
နိုင်ငံတကာက လက်မခံတဲ့
အကြမ်းဖက်လမ်းကြောင်းပေါ်ကို
ရောက်ရှိသွားခြင်းဖြစ်ပါတယ်။ 

ဒါကလည်း 
နောက်ဆုံး ကောက်ရိုးမျှင်လေးကို 
ဆုတ်ကိုင်ဖို့ မျှော်လင့်နေခြင်းပါပဲ ။
ဘာလို့ဆို လွတ်မြောက်နယ်မြေ ရခဲ့ရင်
အစိုးရတစ်ရပ်ဖွဲ့ခွင့်ရဖို့နဲ့ ရရှိလိုက်တာနဲ့ 
အဲဒီ ငွေတွေကို ထုတ်ယူရရှိရေး 
ဒီအတွက် ဖြစ်ပါတယ်။

အကြမ်းဖက်လမ်းက
မထူးဇာတ်ခင်းတာဖြစ်လို့
အထက်ကဆိုခဲ့အတိုင်း ရခဲ့ရင် အမြတ်
ရှုံးခဲ့ရင်ကတော့ ………
အခုအခြေအနေအရဆို
ရှုံးဖို့က သေချာနေပြီး ဖြစ်တဲ့အတွက်
ဒါဟာ NUG ရဲ့ကျဆုံးခန်းလို့ ဆိုရပါလိမ့်မယ်။

အမေရိကန်ဒေါ်လာ 
သန်း၁၀၀၀ သာ NUG လက်ထဲ
အမှန်သာ ရှိနေခဲ့မယ်ဆိုရင်ပေါ့လေ 
မြန်မာနိုင်ငံအခြေအနေဟာ
ယနေ့ဖြစ်နေတဲ့ အနေအထားထက်
အဆများစွာဆိုးဝါး သွားစေနိုင်ပါတယ်။

Failstate အဆင့်ထက်ကျော်လွန်ပြီး 
Collapse-state အဖြစ်တစ်စစီဖြစ်သွားနိုင်ပါတယ်။ 

တပ်မတော်ကသာ
အာဏာသိမ်းမှု၂ နာရီလောက်သာ 
နောက်ထပ် နောက်ကျပင်လျှင် တိုင်းပြည်ဟာ
ယခုဖြစ်ပေါ်နေအခြေအနေထက် 
များစွာ များစွာ ပိုမိုဆိုးဝါးသွားနိုင်ပါတယ်။

နစက ကနေပြီး
အာဏာရယူထိန်းသိမ်းကာစက 
ရိုက်တာသတင်းတစ်ပုဒ်ကို ဖတ်မိလိုက်ပါတယ်။ 
မဲ မသမာမှုကိစ္စနဲ့ပတ်သက်ပြီး 
NLD အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်
ဒုတိယဗိုလ်ချု ပ်ကြီးရာပြည့်တို့ ညှိနှိုင်း
ဆွေးနွေးကြတဲ့အခါဒေါ်စုကြည်က 
တပ်မတော်ရဲ့ တောင်းဆိုချက်ကို 
မလိုက်လျောနိုင်ကြောင်းနှင့် 

တပ်ကအာဏာသိမ်းရင် 
တစ်နိုင်ငံလုံး သူ့ရဲ့အင်အားနဲ့ 
Utter devestation လုပ်ပစ်မယ်ဆိုတဲ့
လေသံမျိုးပြောခဲ့ကြောင်း၊ 

ဒုဗိုလ်ချုပ်ကြီးရာပြည့်က
ခင်ဗျားတို့အတော် မိုက်ရိုင်းလှချီလား လို့
ပြန်လည် ပြောကြောင်းနှင့် 

ဒေါက်တာတင်မျိုးဝင်းကိုယ်တိုင်
ဗိုလ်ချူပ်ရာပြည့်တို့ကို အားနာနေကြောင်း
ဒီအကြောင်းတွေကို ဖတ်လိုက်ရတော့ … 

ဒေါ်စုဟာ 
သူ့ Plan တွေအပေါ်မှာ
အတော်ယုံကြည်ပုံရနေတယ်ဆိုတာ 
အလွန်ပဲ သိသာနိုင်ပါတယ်။

ဒါပေမယ့် စစ်ရေးအမြင်၊
စစ်ရေးသတိ အမြဲရှိနေတတ်တဲ့
တပ်မတော်ဟာ ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ 
အလားအလာတွေသည် မဲမသမာမှု ကိစ္စ
သက်သက်လောက်ပဲဟု ယူဆလို့မရတော့ဘဲ၊ 

နိုင်ငံအရေး၊
တပ်မတော်အရေး တွေနဲ့
သက်ဆိုင်နေပြီ သုံးသပ်မိတဲ့အတွက်
နိုင်ငံအာဏာကို ရယူထိန်းသိမ်း
လိုက်ရခြင်းသာဖြစ်ပါတယ်။ 

စနစ်ကျတဲ့ တပ်မတော်ရဲ့
ဗျူ ဟာအခင်းအကျင်းကြောင့် 
NLD ခေါင်းဆောင်ပိုင်းတစ်ဖွဲ့လုံး 
သူတို့ ဆွဲထားကြတဲ့ Plan တွေကိုတော့ 
အကောင်အထည်ဖေါ်နိုင်စွမ်းမရှိတော့ပါဘူး။ 

အားလုံးက 
ထိန်းသိမ်းရေးစခန်းများဆီကို
ရောက်သွားကြတာ သိကြပြီးဖြစ်ပါတယ်။
 
ယခုတော့ NLD ဟာ 
ခေါင်းဖြတ်ထားတဲ့ မြွေတစ်ကောင်ရဲ့ 
ခန္ဓာက်ိုယ်အကြောဆွဲတွန့်ခါနေသလို 
ရမ်းကားနေခြင်းသာဖြစ်ပါတယ်။ 

မကြာမီ အကြောများသေသွားပြီး
ငြိမ်ကျ အသက်ထွက်သွားတော့မှာဖြစ်ပါတယ်။

နောက်ဆုံး 
ပြောချင်တာကတော့ …

တပ်မတော်က
အာဏာရယူထိန်းသိမ်းနိုင်ခြင်းဟာ
ဗုဒ္ဓသာသနာတော်ကြီး ပြန်လည်လန်းဆန်း
လာတယ်ဆိုတာကလည်း ဘယ်သူမှ မငြင်းနိုင်ပါ ။

20210925:Thuya'AW