Saturday, September 18, 2021

တစ်ခါက စစ်တက္ကသိုလ်ဌာနက ကွန်ပျူ တာ ဆရာမ


ကျမ မန္တလေးကွန်ပျ ူ တာတက္ကသိုလ်ကနေ
စစ်တက္ကသိုလ်ကို ပြောင်းမိန့် ကျလာပါတယ်

အမှန်တိုင်းပြောရရင် ကျမ စိတ်ဓါတ်ကျမိပါတယ်။

ဟုတ်တယ်လေ ...
ယောကျာင်္းတွေချည်း ရှိတဲ့ နေရာ ပြီးတော့
ကြမ်းကြမ်းတမ်းတမ်း စစ်ပညာတွေ သင်နေတဲ့ကျောင်း၊

ဒီလို နေရာမျ ိုးမှာ စာသင်ရမယ်ဆိုတော့ အဆင်ပြေပါ့မလားလို့ တွေးမိပါတယ်၊

ဒီလိုနဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်ကိုရောက်တော့
စစ်တက္ကသိုလ် ရောက်တာတစ်နှစ်လောက်ကြာပြီဖြစ်တဲ့ 
ဆရာမတစ်ယောက်က ပြောတယ်

" ညီမလေးရယ် စိတ်ဓါတ်မကျပါနဲ့ တဲ့ "
" ဗိုလ်လောင်းတွေက ယဉ်ကျေးပါတယ် သူတို့မှာ အပြစ်ပြောစရာဆိုလို့ သွားရည်ကျအောင် အိပ်ငိုက်တတ်တာလေးတစ်ခုဘဲ့ရှိတယ်တဲ့ " ဆိုပြီး အရွှန်းဖောက်ပြီးဆိုပါတယ်။

ဘာဘဲဖြစ်ဖြစ်လေ 
ကျမဟာ ငယ်ငယ်ကတည်းက စစ်သားဆို သူများတကာအပြောနဲ့တင် ကြောက်မိခဲ့တာပါ။

အမျိုးထဲမှာလည်း စစ်သားဆိုတာဝေးပ ရဲ နဲ့ မီးသတ်တောင်ရှိခဲ့တာ မဟုတ်ဘူးလေ၊

ပြီးတော့ ကျွန်မသိတဲ့ စစ်သားဆ်ိုတာ စစ်မြေပြင်မှာ ရန်သူကို သူသေကိုယ်သေ သတ်ပုတ်နေတဲ့ လူကြမ်းကြီးတွေမဟုတ်လား။

ကျွန်မသင်ရမှာက ....
ဒုတိယနှစ်ဗိုလ်လောင်းတွေကို computer science paper 1 သင်ရမယ်တဲ့ လေ၊

ဘာဘဲဖြစ်ဖြစ် ဆိုပြီး
ဆရာ ပီသစွာ စေတနာ ဝါသနာ ဂရုဏာ နာ(၃)နာ နဲ့ အကောင်းဆုံးသင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။
နောက်နေ့ကျတော့
ကျမသင်ရမယ့် အတန်းကို သွားဖို့ပြင်နေတုန်း 
ဗိုလ်လောင်းနှစ်ယောက် ကျမရှေ့ကို ရောက်လာပြီး

" ဆရာမ ဒေါ်မြင့်မြင့်ကြည်လားခင်ဗျ " လို့လာမေးတယ်
ဟုတ်ပါတယ်
" ကျွန်တော်တို့ ဆရာမကို လာကြိုတာပါ " လို့ပြောပြီး အလေးပြု ကြတယ်၊ 
ကျမ ခြင်းတောင်းကို ကူဆွဲပြီး စာသင်ဆောင်ကို သွားကြ
တာပေါ့။
အင်း ......
ဒီလိုဆ်ိုတော့လည်း ဘယ်ဆိုးလို့လဲ ဆိုပြီး တွေးမိပါသေးတယ်။

နောက်ပြီး
တစ်လမ်းလုံးမှာ တွေ့သမျှ ဗိုလ်လောင်းတိုင်းက ကျမကို လက်တင်အလေးပြု ကြတော့ ကျမ မနေတတ်ဘူး၊
ဒါနဲ့ ကျမကို လာကြိုတဲ့ ဗိုလ်လောင်းကို 

ဆရာမကို အရာရှိမဟုတ်ဘဲ ဘာလို့ အလေးပြု ကြ တာလဲလို့ မေးကြည့်လိုက်တော့

" ရိုသေလေးစားသမှု ကိုပြသတဲ့သဘောပါ " တဲ့
"ကျွန်တော်တို့ စစ်တက္ကသိုလ်မှာ ဆရာ ဆရာမ တွေကို ကိုယ့်အထက်အရာရှိလို တလေးတစားဆက်ဆံဖို့နဲ့ လမ်းမှာတွေ့ရင်လည်း စနစ်တကျ အလေးပြုဖို့ အမိန့်ထုတ်ထားပါတယ် " တဲ့

ကျမစိတ်ထဲမှာ ကျိတ်ပြီး သက်ပြင်းချမိတယ်
တော်သေးတာပေါ့ 
ငါ့က်ို သူတ်ို့ အထက်အရာရှိလိုသဘောထားတယ်ဆိုတော့ ရိုင်းရ်ိုင်းစိုင်းစိုင်းတော့ မဆက်ဆံလောက်ပါဘူး

ဒါနဲ့ စာသင်ခန်းထဲဝင်တာနဲ့ အပေါက်ဝမှာရှိတဲ့ဗိုလ်လောင်းက 

"ရှေ့ကြည့် "လို့အော်လိုက်တော့
တစ်ခန်းလုံး အပ်ကျသံတောင်မကြားအောင်
တိတ်ဆိတ် သွားပြီး ဗိုလ်လောင်းတွေအားလုံး ကျောက်ရုပ်တွေလို မလှုပ်မယှက်ငြိမ်သက်သွားကြတယ်၊

ကျမ စာသင်ခန်းထဲက စားပွဲရှေ့မှာ မတ်တပ်ရပ်ပြီး ကြောင်အန်းအန်းဖြစ်နေမိတာပေါ့
အဲ့ဒီအချိန်မှာ တာဝန်ကျဗိုလ်လောင်းက ရှေ့ထွက်လာပြီး

ကျမကို အလေးပြုပြီးစာသင်ခန်းဘက်လှည့်ကာ
တန်းထ လို့ အော်လိုက်တော့

ကျန်တဲ့ဗိုလ်လောင်းတွေအားလုံး မတ်တပ်ရပ်ပြီး သတိဆွဲထားကြတယ်

ပြီးတော့ ကျမရှေ့မှာ 

အမှတ်စဉ် (၅၃)ဗိုလ်လောင်းသင်တန်း ကွန်ပျူ တာသိပ္ပံ အထူးပြု တန်းခွဲ(ည)
ရှိရင်း ၂၀ယောက်
တန်းစီ ၂၀ယောက် 
ပျက်ကွက်မရှိ 
သင်ခန်းစာပို့ချမှု နာခံရန်သင့်လို့အော်ပြီး
တန်းစီးဇယား လာပေးတော့
တော်တော်စည်းကမ်းစနစ်တကျရှိပါလားလို့ 
စိတ်ထဲကနေ ချီးကျ ူ းမိပါတယ်။

 " ဆရာမ ထိုင်ခိုင်းလိုက်ရတော့မလား " မေးတော့မှ

အေးအေး ဗိုလ်လောင်း ထိုင်ပါထိုင်ပါ လို့ မှင်သက်သက်
နဲ့ ကဗျာကရာဘဲ့ ဖြေလိုက်တော့

"တန်းထိုင် " လို့ ပြောလိုက်မှ ထိုင်ကြတာတွေ့တော့
အော် တကယ်ကို စည်းကမ်းပြည့်ဝတာကိုး လို့
ပီတိဖြစ်ရပြန်ပါတယ်။

အဲ့ဒီနေ့က ကျမ စာသင်တဲ့တစ်ချိန်လုံးမှာ ဆရာကို စော်ကားတဲ့အပြုမူမျ ိုး လုပ်ကြဖို့ ဆိုတာဝေးစွ အိမ်သာသွားချင်ရင်တောင် ကျမဆီမှာ ခွင့်တောင်းပြီး ကျမ ခွင့်ပြုမှ သွားကြတယ်။

ကျမရဲ့ တပည့်ဗိုလ်လောင်းတွေအားလုံးဟာ ကျမ ထင်ထားသလိုကြမ်းကြမ်းတမ်းတမ်း တွေမဟုတ်ဘဲ အရမ်းကို စည်းကမ်းစနစ်ကျတဲ့ ကျောင်းသားလေးတွေဖြစ်နေတာ အံ့သြမိပြန်တယ်။

ဒါပေမယ့် 
ဗိုလ်လောင်းတွေအားလုံး
ကလေးတွေလို သွားရည်တမြားမြား ကျအောင်အိပ်ငိုက်တတ်ကြပါတယ်၊

အဲ့လို အိပ်ငိုက်တဲ့အချိန်ဆို 
နားရွက်လိမ်ဆွဲပြီး နိုးလိုက်တဲ့အခါ 
ကျမကို စိတ်မဆိုးတဲ့အပြင် စပ်ဖြဲဖြဲ မျက်နှာပေးနဲ့ 
နောက်ကို မငိုက်စေရပါဘူး ဆရာမ ဆ်ိုပြီး ပြောတတ်ကြပါသေးတယ်။

စစ်တက္ကသိုလ်ဆိုတာ လူသတ်ဖို့ ပညာသင်ပေးတဲ့ကျောင်း မဟုတ်ဘူး ဆိုတာ
ကျမ ကောင်းကောင်းကြီး သိလိုက်ရပါတယ်။

နောက်ပြီး
လူကြမ်း စိတ်ကြမ်း လူသတ်ကောင် စစ်သားတွေမွေးထုတ်ပေးတဲ့ ကျောင်းလုံးဝ
မဟုတ်ပါလားလို့ မှတ်ချက်ပေးလိုက်တယ်။

တကယ်တော့
သူတို့ဟာ သာမန်ကျောင်းသားတွေလို 
သိမ်မွေ့တဲ့ ဆယ်ကျော်သက်အရွယ် တက္ကသိုလ်ကျောင်းသားလေးတွေပါဘဲ့။

အပြင်တက္ကသိုလ်တွေနဲ့ 
မတူတာတစ်ခုက စာပေပညာရပ်တွေအပြင်
တစ်ချိန်မှာ တိုင်းပြည်ကာကွယ်ဖို့ စစ်ပညာတွေကိုပါ ပူးတွဲသင်နေကြတဲ့ နောင်တစ်ခေတ်၏ အောင်စစ်သည် များသာ ဖြစ်တယ်ဆိုတာ ကျမ ကောင်းကောင်း 
နားလည် သဘောပေါက်မိပါတော့တယ်။

ကဲ .... ဗိုလ်လောင်းတို့ ဆရာမ ဒီနေ့ သင်တဲ့ သင်ခန်းစာတွေ နားလည်ကြလား

" နားလည်ပါတယ်ဆရာမ "

ဒါဆို ဆရာမ ပြန်တော့မယ် 
မနက်ဖြန် ဆရာမ အချိန်ကျမှ 
ကျန်တဲ့ စာတွေဆက်ရှင်းပြတော့မယ်
ပြောတော့ တာဝန်ကျ ဗိုလ်လောင်းရှေ့ထွက်လာပြီး

 " တန်းဖြုတ်ခွင့်ပြုပါ " ဆရာမ 
ဆက်လုပ်ပါ ဗိုလ်လောင်း။

ကျမရဲ့ အပြန်ခြေလှမ်းတွေဟာ 
အလာတုန်းကလို လေးလံ မနေတော့ပါဘူး

ငါဟာ နိုင်ငံတော်ကို ကာကွယ်ပေးမယ့်
စစ်သားကောင်းတွေကို မွေးထုတ်ပေးနေတဲ့ ဆရာမ တစ်ယောက်ပါလား ဆိုတဲ့ အသိဟာ ကျမရဲ့ ခြေလှမ်းတွေကို တက်ကြွစေခဲ့ပါလေပြီ ရှင်။

Credit........ ရဲရင့်လင်း 
Share from : Sit Mhan Hone
                        Aye Minn Aung