▪️၂၁ တော်လှန်ရေးစတုန်းက ကိုယ်ဟာ
လူငယ်တွေကို သနားတာမို့နိုင်ငံရေးအခြေအနေနဲ့
စစ်တပ်ရဲ့ သဘောထားကို
ရိပ်ဖမ်းသံဖမ်းရေးပြခဲ့တယ်။
▪️ရှုံးနိုင်ခြေတွေကို ထုတ်ပြဖို့ကြိုးစားခဲ့တယ်။
အဲ့ဒီကတည်းက ကိုယ့်ကိုဆဲလိုက်ကြတာ အခုထိပဲ။
ဆဲသာဝင်ဆဲကြတာ ကိုယ်ဘယ်သူဆိုတာ
သူတို့မသိကြဘူး။
ကိုယ်တို့ဆိုသည်မှာက ဝေဖန်ရင်
အဖမ်းကြမ်းတဲ့ နီပေါအစိုးရလက်ထက်မှာတောင်
၆၆ (ဃ)လွတ်အောင် ရေးနိုင်နေနိုင်သူတွေ။
ပါးပါးလှပ်လှပ်လေး နေတတ်စားတတ်ရေးတတ်သူတွေ။
▪️အစိုးရတစ်ရပ်ရဲ့ အားနည်းချက်ကို
ရှာထုတ်တတ်လွန်းပြီး
ဒီအစိုးရကို မနှစ်သက်သူတွေဆီကို
အစိုးရအားနည်းချက် ချက်ကောင်းကို
အရောက်ပို့နိုင်သူတွေ။
▪️ဒီလိုလူတွေကို မင်းတို့ကဆဲတယ် ပုတ်ခတ်တယ်။
ငါတို့ဘာမှ မလှုပ်ရှားရသေးဘဲ စော်ကားတယ်။
အရှက်ခွဲတယ်။
မင်းတို့ဘက်ပါအောင် မဆွယ်ခဲ့ဘူး။
ကိုယ်လည်း Social Punishment မိအဆဲခံရ
အကောင့်ရီပို့ထုခံရတော့
အမြင်ကပ်ပုဒ်မနဲ့ ရှုံးနိုင်ခြေတွေကိုသိပေမယ့်
ရေးမပြတော့ဘဲ ပစ်ထားလိုက်တယ် အေးရော။🙄
▪️ကိုယ့်လိုလူကို ရန်သူမလုပ်ရင်တောင်
မင်းတို့တစ်အားတိုးနိုင်သေးတယ်။😏
▪️အခုတော့ စေတနာနည်းနည်းရှိတုန်းလေး
တော်လှန်ရေး ကျဆုံးရခြင်း
အကြောင်းရင်းများစွာထဲတစ်ခုကိုဆွဲထုတ်ပြမယ်။
▪️အခုထုတ်ပြတာကလည်း ဒီအချက်ကို
မင်းတို့ပြန်ပြင်လို့မရတော့လို့ ထုတ်ပြတာ။
ပြန်ပြင်နိုင်တာတွေရှိသေးတယ်။
ဒါတွေကိုတော့မပြောပြဘူး ဥထားဦးမယ်။😏
▪️အကြောင်းရင်းကတော့ စစ်မျက်နှာများခြင်းပဲ။
▪️စတိုက်ကတည်းက စစ်တပ်ကိုတိုက်မယ်ဆိုရင်
ပစ်မှတ်ကစစ်တပ်တစ်ခုတည်းတိုက်သင့်တာ။
ငါသာမင်းတို့ကို ဦးဆောင်သူဆိုရင်
စစ်တပ်ကိုပဲ တည်တိုက်မယ်။
ဘေးကို မထိတော့ စစ်တပ်လည်းအထိနာမယ်။
ကိုယ့်လူတွေအထိနာရင်လည်း
ဘေးကသနားကြမယ်။ဖေးမကြမယ် ကူကြတယ်။
စစ်မျက်နှာက တစ်ခုတည်းမို့ အေးဆေးတိုက်လို့ရတယ်။
▪️မင်းတို့ကတော့ နီပေါ ငပိန်းတွေ ငပိန်းမတွေကို
ဆရာတင်တော့စစ်မျက်နှာဖွင့်တာ အရမ်းများခဲ့ရတယ်။
နီပေါတွေကနေစတဲ့ Social Punishment ဆိုတဲ့
လမ်းစဉ်ကနေ တပ်မိသားစု၊ ကြားနေပြည်သူ၊
ဘောမ၊ စစ်မှုထမ်းဟောင်း၊
တပ်ပြင်နေတပ်ထောက်ခံသူ
စတဲ့စစ်မျက်နှာပြင်တွေ အကုန်ပွင့်သွားတယ်။
▪️အခုမင်းတို့ဖွင့်ထားတဲ့ ဘယ်စစ်မျက်နှာကို
အပြုတ်တိုက်နိုင်ပြီလဲ တွေးစမ်း။
စစ်တပ်ပျက်ပြီလား?
တပ်မိသားစုဖြိုနိုင်ပြီလား?
ဘောမထု ပြုတ်ပြီလား?
ကြားနေပြည်သူကုန်ပြီလား?
▪️ဘယ်တစ်ခုမှအမြစ်မပြတ်သလို
စစ်မျက်နှာဖွင့်တာများသွားလို့
မင်းတို့အုပ်စုပဲ တထီးတည်းကျန်ချိန်မှာ
မင်းတို့ အဖမ်းခံရ သေကြကြေကြလို့
လူနည်းအားကုန်ချိန်မှာ
မင်းတို့ဘယ်က အကူအညီရသလဲ?
ဘယ်ဂရုကို မင်းတို့အားကိုးလို့ရသလဲ?
▪️မင်းတို့မှာ မင်းတို့ပဲကျန်တယ်။
မင်းတို့ကုန်ရင် ကိစ္စပြတ်ပြီ။
မင်းတို့မှာ မဟာမိတ်မရှိဘူး။
ရန်သူပတ်လည်ဝိုင်းနေတာပဲရှိတယ်။
မင်းတို့ကို မြှောက်ပေးတဲ့ကောင်တွေ
အမေဒီးကားပြေးပြီ။မင်းတို့မှာ ပြေးစရာမြေမရှိဘူး။
မင်းတို့ကို ဘယ်သူမှမသနားတော့သလို
ဘယ်သူမှလည်း မကယ်ချင်တော့ဘူး။
▪️ဗျူဟာကိုမသိဘဲ လျှောက်ဖွင့်ထားတဲ့
စစ်မျက်နှာတွေမှာ ဟိုပြေးတိုက် ဒီပြေးတိုက်နဲ့
မကြာခင် အမောဆို့လာလိမ့်မယ်။
ဘောမထုကို ပြေးဆဲလိုက်
ကြားနေပြည်သူကို ပြေးဆဲလိုက်
စစ်တပ်ကိုပြေးတိုက်လိုက်နဲ့ပဲ တော်လှန်ရေးဟာ
လုံးပါးပါးတော့မှာ။
▪️မြှားတစ်ချောင်းပဲရှိတာကို
ပစ်မှတ်ဆယ်ခုလောက်ပစ်ချင်ရင်တော့
မင်းတို့ရူးနေလို့ပဲ။
မြှားတစ်ချောင်းနဲ့ ပစ်မှတ်ဆယ်ခုလောက်ကို
ပစ်ခိုင်းတဲ့ သောက်ပေါတွေကိုဆရာတင်တော့
မင်းတို့ရူးခါနေအောင် ကျဆုံးတာမဆန်းပါဘူး။
▪️လောလောဆယ်တော့
သောက်ပေါတွေက နိုင်ငံခြားမှာ
မင်းတို့က စစ်မြေပြင်မှာ။
ဖွင့်ထားတဲ့စစ်မျက်နှာပြင်အားလုံးကို
ကုန်အောင်တိုက်စမ်း သားလေးတို့သမီးလေးတို့ရေ။😏
▪️ရေပတ်လည်ဝိုင်းနေသော ကုန်းမြေကို
ကျွန်းဟုခေါ်သလို
ရန်သူပတ်လည်ဝိုင်းနေသောမင်းတို့ကို
တော်လှန်ရေးတပ်သားလို့ခေါ်တယ်။😏
▪️ရန်သူပတ်လည်ဝိုင်းနေသော ကျွန်းဘဝနဲ့
မင်းတို့ကို ဖန်တီးသွားသူတွေကိုတော့
မင်းတို့ခေါ်ချင်သလိုခေါ်ကြတော့။🤣
#SniperSu