Wednesday, September 29, 2021

#နကစ အထူးသတိထားစရာ မြင်းဆေး ခေါ် ရာဘ ခေါ် ယာမ


   ၎င်းစိတ်ကြွဆေးများသည် နာမည် ပေါင်း များစွာရှိသည်။ အများသိသောနာမည်များမှာ မြင်းဆေး ၊ ယာမ၊ wy စသဖြင့်ဖြစ်သည်။

         ၂၀၁၁ ခန့်က မြဝတီမြို့တွင် ပဲကြီးလှော်ဝယ်သလို ဝယ်သလို ဝယ်လို့ရသည်။ သို့သော်စျေးကြီးသည်။ အရည်အသွေးပေါ်မူတည်ပြီး wy ဆို လျှင် ၇၀၀၀ ခန့်ရှိသည် ။ တစ်ခြား yw. ww. y စသောဆေးများသည် အရည်အသွေးအနိမ့်ဆုံးပင်လျှင် 
၂၀၁၁ ခန့်က ၃၅၀၀ ကျပ်ခန့်ဖြစ်သည်။ ( ဖားအံ ကျော်လျင် ထိုထက်ပိုစျေးကြီးသည် )

၎င်းဆေး၏ အာနိသင်မှာ အလုပ် လုပ်ချင်စိတ်များလာခြင်းဖြစ်သည်။ ဦးနှောက်အတွင်းရှိ ဒိုပါမင့် အား ပြင်းထန်စွာ လှုန့်ဆော်သဖြင့်  ၎င်းဆေး စားခြင်း ၊ ရှူ ခြင်းပြုလုပ်ပြီးပါက ပျော်ရွှင်လာခြင်း မနိုင်ဝန်များအား အသာအယာ ပြုလုပ်နိုင်ခြင်း ဆေးအရှိန်မပျယ်သရွေ့မအိပ်ခြင်း များအပြင် တစ်ခုခု လုပ်ချင်နေတတ်သည်။လုပ်စရာမရှိလျင် မိမိလက်သည်းအားကိုက်ခြင်း
တံမျက်စည်း ထလှည်းခြင်း များလုပ်တတ်သည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသော မြန်မာလုပ်သားများအား အစွန်းကုန်အလုပ် လုပ်စေရန် တရားမဝင် တွင်တွင်ကျယ်ကျယ်အသုံးပြုသည်။ 

     မြန်မာနိုင်ငံတွင် ယခင်က စျေးကြီးကြီး ပေးဝယ်ရသော၎င်းးဆေးများသည် ဖေဖော်ဝါရီ အာနာထိမ်းပြီးနောက်ပိုင်တွင် ချီးပေါ သေးပေါ ပေါကာ ၁၀ လုံး
ပါ ပိုက်တစ်ချောင်းလျှင် တစ်သောင်းကျော်သာ ရှိတော့သည်။တစ်ကယ်ဆိုရင် ပိုပြီးစျေးကြီးရမည်မဟုပ်လား။
         ယခု ပြစ်မှူ များကြူးလွန်နေသူများသည် ၎င်းဆေး၏လွမ်းမိုးမှူ ( လုပ်ရဲကိုင်ရဲလာခြင်း)  ၉၀ % ပါသည်။ ၁၀ ယောက်ဖမ်းမိ ၈ ယောက်က ဆေးချထားသည်။ မှူယစ်ဆေးဝါးများ တန်ဘိုး ဘီလျံနှင့်ချီ၍မိနေသည်။ မမိသည်များလည်းရှိ မည်မှာအမှန်။
        နစက အနေဖြင့် အကြမ်းဖတ် မှူများကို အား
ထည့်ပြီးထိန်းချူပ်နေခြင်းသကဲ့သို့ မူးယစ်ဆေးဝါး အထူးသဖြင့် မြင်းဆေးများသည် ယခင်အစိုးရများထက်ပင် ချီးပေါ သေးပေါ ဖြစ်နေသည် ကို အထူးသတိပြုစေလိုပါသည်။    

     ယခင် ယစ်မျိုးရဲ များ လိုင်းကျေးယူ၍ မသိချင်ယောင် ဆောင်နေသော မြင်းဆေးရောင်းအိမ်များအား ထိထိရောက်ရောက်  ထိမ်းချုပ်ရန်အမှန်တစ်ကယ်ပင် လ်ိုအပ်လာပြီဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

အဲမွန် ဒယာ
၂၆.၉.၂၀၂၁


Related Posts:

  • #ဆင်းကဒ်ဈေးတက်တာကောင်းတာပေါ့ဒီနေ့ ၈ ရက်နေ့ကစပြီး ဆင်းကဒ်သစ်ဝယ်သူတွေ အခွန်ပေးရမှာပါ။ မတ်လအထိ (၃လ အတွင်း) လို့သိရတယ်။ အရင်ဝယ်ထားတဲ့ ဆင်းကဒ်တွေအခွန် ပေးစရာမလိုဘူး။ ဆင်းကဒ်ဈေး ၁၅၀၀ကျပ် နဲ့ အခွန် ၂၀၀၀၀ကျပ်။ ဆင်းကဒ်တစ်ခု ၂၁၅၀၀ကျပ် ဖြစ်သွားတာ ပြည်သူကိုမထိ… Read More
  • ဂန့်ဂေါဗုံးလာထောင်သူ(၂)ဦး၊(၁)ဦးအရှင်မိကျန် (၁)ဦး ဒဏ်ရာများဖြင့်ထွက်ပြေးဂန့်ဂေါမြို့မြောက်ဘက်၊စိုင်ဒူတံတားဗုံးလာထောင်တဲ့ ခနပ ဂန့်ဂေါPDF၂ဦး နယ်မြေလှည့်ကင်းနဲ့တိုးရာမှ အရှင်၁ဦး ဖမ်းဆီးရမိ။#kk … Read More
  • ဝင်ချင်အုံးဟဲ့ NATOUS နဲ့ UK က သံရုံးမိသားစုတွေပြန်ခေါ်သွားပြီ။ယူကရိန်းကို လက်နက်တော့ပေးတယ်။လူမပေးဘူး။နယ်စပ်မှာတော့ စစ်သား၅၀၀၀၀လောက်ဖြန့်ချဘို့ ဆွေးနွေးဆဲလို့ ပြောတယ်။ဂျာမဏီကလည်း ဆေးရုံတော့ပေးမယ်။လက်နက်မပေးဘူးတဲ့။ရည်ရွယ်ချက်က ယူကရိန်း - ရုရှားစ… Read More
  • အများပြည်သူလူထုသိရှိစေရန်သတင်းထုတ်ပြန်ချက်နေပြည်တော်၊ ဇန်နဝါရီ - ၂၅ယခုအခါ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH NUGနှင့် ယင်းတို့လက်အောက်ခံအဖွဲ့အစည်းများ၊ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များ၏ Facebook Accountများမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြ… Read More
  • 🌺 #ယူကရိမ်းအကြပ်အတည်းဆွေးနွေးယူကရိမ်းအကြပ်အတည်းကိုဖြေရှင်းဖို့ရုရှား-အမေရိကန် (၃) ကြိမ်ဆွေးနွေးခဲ့ပြီးဘာရလဒ်မှ မယ်မယ်ရရ ထွက်မလာခဲ့ပါဘူး၊ဒီတကြိမ်ဆွေးနွေးပွဲမှာတော့အမေရိကန်မပါဝင်တော့ပဲ"ရုရှား-ယူကရိမ်း-ဂျမဏီ-ပြင်သစ်"(၄) ဦးဖြစ်လာတယ်၊2014 ယူကရိမ်းအကြပ်အတည်းမှ… Read More