..............................................................
၂၀၂၁ ၊ စက်တင်ဘာ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို Dusit Patra Hotal တွင် စပိန်လူမျိုး လက်နက်ကုန်သည် Mr.Notorious Dutch ကို ထိုင်းတော်ဝင်ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ထိုင်းနိုင်ငံနှင့် ဩစတြေးလျနိုင်ငံသို့ ကူးသန်းနေသူ အဆိုပါစပိန်လက်နက်ပွဲစား သည် မြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန်တစ်ဦးနှင့် ချိတ်ဆက်ကာ NUG အကြမ်းဖက်သမားများထံသို့
၁၀ ရာခိုင်နှုန်းပွဲခယူကာ တင်ပို့ပေးလျက်ရှိကြောင်း ထိုင်းထောက်လှမ်းရေးအေဂျင်စီက ဖော်ထုတ်နိုင်ခဲ့သည်။
စပိန်လူမျိုးလက်နက်ပွဲစား၏ ဖုန်းထဲတွင် "Daniel Berrio" ဟု အမည်ဝှက်ပေးထားသော မြန်မာပြည်တွင်းမှ စပိန်ဧည့်လမ်းညွှန်နှင့် ဆက်သွယ်ထားမှုများ၊ ငွေကြေးလွှဲပြောင်းထားမှုများနှင့် ဓာတ်ပုံအထောက်အထားများ ရရှိခဲ့သည်။
ထိုမြန်မာနိုင်ငံသား စပိန်ဧည့်လမ်းညွှန်မှာ ပြည်တွင်း PDF များထံသို့ လက်နက်တိုက်ရိုက်ပို့ပေးသည့်လမ်းကြောင်းကိုတာဝန်ယူထားကြောင်း၊ ၎င်း ကို စပိန်စကားကျွမ်းကျင်သည့်အတွက် NUG မှ မိမိနှင့် ချိတ်ဆက်ရန် သီးခြားလျှို့ဝှက်ငှားရမ်းထားခြင်းဖြစ်ကြောင်း၊ ထိုသူ၏ အမည်မှန်ကို မသိရှိရပဲ Mr Daniel ဟုသာ စကားဝှက်ထားကြောင်း၊ ဩစတြေးလျနိုင်ငံတွင် တွေ့ဆုံစဉ် ရိုက်ကူးပေးထားသည့် ၎င်း၏ ဓာတ်ပုံတပုံ နှင့် လက်နက်လမ်းကြောင်းချိတ်ဆက်ပေးသည့် ၎င်း၏တပည့် ဧည့်လမ်းညွှန်အချို့ပုံကို ပြသသည့်အနေဖြင့် ပို့ထားသည့်ဓာတ်ပုံသာရှိကြောင်း Mr.Notorious Dutch က ထွက်ဆိုထားသည်။
မြန်မာအစိုးရသို့ အချက်အလက်များလွှဲပေးထားပြီး မြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန်အား ဖမ်းစီးနိုင်ရေး ဆောင်ရွက်ထားပြီဖြစ်ကြောင်း ထိုင်းတော်ဝင်ထောက်လှမ်းရေးဌာန၊ ညွှန်ကြားရေးမှူး Prawut Nati က ဘန်ကောက်ပို့စ်သတင်းစာသို့ပြောကြားသည်။
#Credit