Thursday, September 23, 2021

ထွက်ပြေးနေရသော ဆရာတော်


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်
မအူတောင်ရွာ မအူအလယ်အုပ်စု ၊ ရွှေခြူးမှော်ကျောင်း
ဆရာတော် ဦးသြဘာသ ( အဘ) ဟာ မကွေးတိုင်း ဓမ္မစကူးလ်ကော်မတီက
အဖွဲ့ဝင်တစ်ဦးဖြစ်သလို ၊ ပရဟိတလုပ်ငန်းများကို တက်ကြွစွာ
ဦးစီးဆောင်ရွက်နေတဲ့ ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ ဆိုရင် အောက်ဆီဂျင်လိုအပ်သည့် လူနာများ အောက်ဆီဂျင်
ရရှိရေးအတွက် ရေစကြိုကနေ မုံရွာမြို့ အထိ အောက်ဆီဂျင်များသွားရောက်
ယူဆောင်ပြီး လူနာများကို ကူညီနေတဲ့ ဆရာတော်ဖြစ်ပါတယ်။

အဲ့ဒီအပြင် မြန်မာ့တိုင်ရင်းဆေးဖြစ်တဲ့ ရွှေတံခါးဆေးတော်ကြီးကို
မြိုင်မြို့နယ် ကိုးဆောင်ကျောင်းတိုက်က ဆရာတော် ဦးကေလာသထံက
သွားရောက်ယူဆောင်ပြီး အနယ်နယ်အရပ်ရပ်မှာ ကှိုဗစ်ဖြစ်ပွားပြီး
ရွှေတံခါးဆေးလိုအပ်နေသူများကို မျှဝေပေးနေတဲ့ ဆရာတော်တစ်ပါးလည်း
ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီ ၁၅ ခန့်က ဆရာတော်ရဲ့ ကျောင်းဝန်းအတွင်းကို
အကြမ်းဖက်လိုသူတွေ ဝင်ရောက်လာပြီး နံနက်နာရီ ၁ နာရီ ၄၅ မိနစ်မှာ 
ပြန်ထွက်သွားပါတယ်။

ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလ၁၅ ရက်နေ့မှာ ဆရာတော်သီတင်းသုံးနေထိုင်တဲ့
ကျောင်းပေါ်ကို အကြမ်းဖက်အုပ်စုတက်ရောက်လာပြီး တံခါးများကို ဖျက်ဆီးကာ 
ဆရာတော်ရဲ့ အခန်းအတွင်း ဝင်ရောက်လို့ ဆရာတော်ကို လိုက်လံရှာဖွေကြတယ်လို့ 
သိရပါတယ်။

ဆရာတော်ဟာ အကြမ်းဖက်အုပ်စုရဲ့ ဘေးအန္တရာယ်ပြုမှာကို စိုးရိမ်တဲ့အတွက်
ရွှေခြူးမှော်ကျောင်းတိုက်မှာ သီတင်းမသုံးနိုင်ပဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ
ရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်သူတွေကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်
နေရတဲ့ ရဟန်းသံဃာအရေအတွက် တော်တော်များနေပါပြီ။

သက်ဆိုင်ရာ မြို့နယ်သံဃာနာယကအဖွဲ့နဲ့ သာသနာရေးဦးစီးဌာနများက
တာဝန်ရှိသူတွေဟာ ဒီအရေးကိစ္စများကို တာဝန်ယူဖြေရှင်းပေးဘို့ တာဝန်မရှိပါဘူး
လား ခင်ဗျာ။
YMBA က တာဝန်ရှိသူတွေကလည်း မဖြေရှင်းပေးနိုင်ဘူးလား ခင်ဗျာ။

ဒါကြောင့် သာသနာကို ဒုဌာဂါမဏိမင်းကြီးလို စောင့်ရှောက်ပါမယ်လို့ ပြောထားတဲ့
အဘတို့ ခင်ဗျား ၊ သာသနာမကွယ်အောင် ရဟန်းသံဃာများကို အချိန်မီ ကာကွယ်
စောင့်ရှောက်ပေးကြပါ ခင်ဗျား ။

#Credit