Saturday, September 18, 2021

*ကိုယ်ပိန်းတာသူများမသိစေနဲ့*


*ဒီကိစ္စ ဦးနေဝင်းလက်ထက်ကစ၏
ဦးနေဝင်းကိုဘယ်နိုင်ငံက
ဘာမှုနဲ့တရားစွဲလိုက်ပြီးကွ
အခုလာဖမ်းတော့မယ်
ခဏနေလာဖမ်းတော့မယ်
တော်ကြာလာဖမ်းတော့မည်ဟု
လော်ကြသည် အော်ကြသည်
ဦးနေဝင်းကတော့ဂေါက်ရိုက်မပျက်။

*ဦးသန်းရွှေလက်ထက်သို့ရောက်သောအခါ
ဦးသန်းရွှေကြီးကိုဘယ်နိုင်ငံက
ဘာအမှုနဲ့တရားစွဲလိုက်ပြီးကွ
အခုလာဖမ်းတော့မှာ
ခဏနေလာဖမ်းတော့မှာ
တော်ကြာလာဖမ်းတော့မှာ
လော်ကြ၏အော်ကြ၏
ဦးသန်းရွှေကြီးစာဖတ်မပျက်။

*ဦးသိန်းစိန်လက်ထက်သို့ရောက်လေပြီ
ဦးသိန်းစိန်ကိုဘယ်နိုင်ငံက
ဘာမှုနဲ့တရားစွဲလိုက်ပြီးကွ
အခုလာဖမ်းကြတော့မှာ
တော်ကြာလာဖမ်းကြတော့မှာ
ခဏနေလာဖမ်းကြတော့မှာဟု
လော်ကြသည်အော်ကြသည်
ဦးသိန်းစိန်မှာနွားနို့သောက်မပျက်။

*ယခုလဲ
တပ်ချူ ပ်ကြီးကို ဘယ်နိုင်ငံက
ဘာမှု့နဲ့တရားစွဲလိုက်ပြီးကွ
အခုလာဖမ်းတော့မှာ
ခဏနေလာဖမ်းတော့မှာ
တော်ကြာလာဖမ်းတော့မှာဟု
လော်ကြသည်အော်ကြသည်
တပ်ချူ ပ်ကြီးမှာအပြုံးမပျက်။

*ပိန်းတဲ့သူကလော်၍
ယုံတဲ့သူများပိန်းကြ၏
တချို့ငပိန်းများက
သူ့ပထွေးကိုတမ်းတ၍
U2ဖြင့်ကောင်းကင်မှဒုံးနှင့်ပစ်ရန်
ကလေးအတွေးဖြင့်လော်ကြ၏

*မြန်မာ့ပိုင်နက်ဝေဟင်ကောင်းကင်ပြင်ကို
အမြဲတမ်းကာကွယ်ပေးနေသော
24 hours auto system
အလုပ်လုပ်နေသောလေကာစနစ်
အမြဲတမ်းအသက်ဝင်နေသော
auto system ဒုံးကာစနစ်
အဆင်သင့်ဖြစ်နေသောပစ်မလွဲ
ဒုံးခွင်းဒုံးများအကြောင်းသင်သိပါက
ရူးတောင်သွားအုံးမည်

*အဆင့်မြင့်လေကာစနစ်
အဆင့်မြင်ဒုံးကာစနစ်
အဆင့်မြင့် autoဒုံးခွင်းဒုံးစနစ်များကို
အမြှော်အမြင်ကြီးမားသောစစ်ခေါင်းဆောင်များက
ငွေကြေးအကုန်အကျကြီးမားစွာ
အကုန်ခံ၍တပ်ဆင်ထားခြင်းမှာ
ပြည်ပစစ်ဖြစ်ခဲ့သော်
ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကိူ
အထိမနာစေလိုသောစေတနာကြောင့်ဖြစ်၏။

*မြန်မာတနိုင်ငံလုံးတွင်တပ်ဆင်ထားသော
ကာကွယ်ရေးစနစ်များတိုက်ခိုက်ရေးစနစ်များ
ခြေမှုန်းရေးစနစ်များ များစွာရှိလေ၏
ထိုစနစ်များ၏
ကုပ် နံပါတ်နှင့်passwords များ
စီမံခွင့်များထိန်းချူ ပ်ခွင့်များကို
နိုင်ငံတော်အပေါ် သစ္စာ စောင့်သိရန်မသေချာသော
နိုင်ငံတကာ၏သြဇာသက်ရောက်မှုရှိသော
အဖွဲ့အစည်းတစ်ခုထံသို့
အသိပေးပုံအပ်သင့်သည်ဟု
သင်ထင်မြင်ယူဆပါသလား?

*ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော
အမေရိကန်နိုင်ငံတွင်
ငြူ ကလီးယားလက်နက်တပ်ဆင်ထားသော
ဒုံးကျည်များ၏password များကို
ပင်တဂွန်မှစစ်ဦးစီးချူ ပ်ကသာ
အပြည့်အစုံသိခွင့်ရှိ၏
သမ္မတကြီးကအပြည့်အစုံသိခွင့်မရှိချေ
သမ္မတကြီးကအမိန့်ပေးခွင့်ရှိသည်
ပစ်သင့်မပစ်သင့်ကို
ပင်တဂွန်မှစစ်ဦးစီးချူ ပ်ကဆုံးဖြတ်ပြီး
ငြင်းပယ်ခွင့်ရှိလေသည်။

*အဘယ့်ကြောင့်ဆိုသော်
လေးနှစ်တွင်တကြိမ်ပြောင်းလဲနေသော
နောက်ကြောင်းရာဇဝင်ကိုတိတိကျကျမသိနိုင်သော
သမ္မတရာထူးမှအနားယူပြီးပါက
နိုင်ငံတော်အပေါ် သစ္စာ စောင့်သိရန်
မသေချာသော
အရပ်သား သမ္မတများကိုစိတ်မချ၍
သမ္မတ တစ်ယောက်ပြောင်းတိုင်း
passwords တစ်မျိုး ပြောင်းလေ၏။

*ငယ်ရွယ်စဉ်ကပင်
နိုင်ငံကိုချစ်၍စစ်မှုထမ်းခဲ့သော
တိုက်ပွဲများစွာကိုရင်ဆိုင်ကျော်ဖြတ်၍
မသေဘဲကျန်ခဲ့သော
နောက်ကြောင်းရာဇဝင်အတိအကျ ရှိ သော
နိူင်ငံတော်အပေါ် သစ္စာ စောင့်သိရန်သေချာသော
လက်ရှိအချိန်ထိတိုင်းပြည်တာဝန်ထမ်းဆောင်နေသော
ဘဝတစ်ခုလုံးစစ်တပ်ထဲတွင်မြူ ပ်နှံထားသော
ပင်တဂွန်မှစစ်ဦးစီးချူ ပ်ကြီးကိုသာ ပိုယုံကြည်၍ဖြစ်သည်။

*ပုန်းကွယ်၍သွားနေရသော
မြန်မာစစ်ခေါင်းဆောင်များတယောက်မှမရှိပါ
ကျည်ကာကားမှစီးရဲသော
စစ်ခေါင်းဆောင်များတယောက်မှမရှိပါ။

*ကိုယ့်စည်းနှင့်ကိုယ်နေ၍
ကိုယ့်စနစ်ဖြင့်ကိုယ်သွားနေသော
မြန်မာ့စစ်ခေါင်းဆောင်များကို
ကြက်ကလေးငှက်ကလေးဖမ်းသလို
ရလိမ့်မည်ဟုသင်ထင်ပါသလား?
ထင်သောသူများပိန်း၍
ပိန်းသောသူများထင်ကြပါလိမ့်မည်။ ။

                               ပဲပုတ်
copy@ Zar Ni




Related Posts:

  • ညီတော် နောင်တော်များအမှတ်ရနေစေဖို့....🙏🙏🙏၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့၏။တူရကီနိုင်ငံခြားရေး ဝန်ကြီးဟာအိုအိုင်စီရဲ့ အတွင်းရေးမှူးဖြစ်ပြီးရခိုင်ပြည်နယ်၌ ဘဂ်ါလီဒုက္ခသည်တွေကို ကူညီနိုင်ရန် မြန်မာနိုင်၌အို… Read More
  • အတိတ် ပစ္စုပ္ပန် အနာဂါတ် နဲ့ ယုံကြည်ချက်      အတိတ်ကာလက ၈၈ အရေးအခင်း ပြီးတော့ ရပ်ရွာတွေထဲမှာ အစိမ်းဝတ်ကြီးတွေနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ကြမ်းကြမ်းတမ်းတမ်း ဆုံးမနေတာတွေ တွေ့ခဲ့ရတော့ အတော် ရက်စက်တဲ့ လူတွေလို့ မြင်ခဲ့မိတယ် ။     ပစ္စုပ… Read More
  • ငွေကို ငွေနဲ့ တိုက်         အကြမ်းဖက်တဲ့ လူယုတ်မာတွေ အတော်လေး ဖမ်းမိနေပြီ ။ လွတ်မြောက်နေသူတွေလည်း အများအပြား ရှိနေအုံးမှာ သေချာပါတယ် ။ ဒီနေရာမှာ အောက်ခြေက အဓိကကျတဲ့ ရဲ ၊ SB နဲ့ စရဖ တွေ ရဲ့ အနေအထားကို ပြန်ကြည့်ကြပါစို့ ။… Read More
  • ဝေဒနာ နဲ့ စေတနာ ယှဥ်ကြည့်ကြအုံး......ရွှေပြည်သာ Q စင်တာကို ရွှေပြည်သာ ကြက်ခြေနီ လူငယ်တွေက ၂၀၂၀ ကတည်းက ကိုယ့်စားရိတ်နဲ့ကို တတ်စွမ်းရှိသရွှေ့ အပင်ပန်းခံ ဖွင့်လှစ်ပေးခဲ့ကြတယ် ။       ပရဟိတ မှန်သမျှ သူ့လက်အောက်ဝင်ရမယ်ဆိုတဲ့ ဒေါ်စုကြည်ရဲ့ လက… Read More
  • အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (23)         နာမည်ကျော် သန္တိသုခ ကျောင်းတိုက်ကြီးရဲ့ ရာဇဝင်က ဦးခင်ညွှန့်က စတာပါပဲ ။ ကမ္ဘာပတ်ပြီး သာသနာပြုနေတဲ့ ပီနန်ဆရာတော်ကြီး အတွက် ကျောင်းမြေနေရာ ဦးခင်ညွှန့် လှူပေးတယ် ။ နောက် ခရိုနီတွေဆီက အလှူခံပေးပြီ… Read More