Saturday, September 18, 2021

ရေးမြို့နယ်က Mytel တာဝါတိုင် ၁တိုင်ကို PDF အကြမ်းဖက်သမားတွေက ဖျက်ဆီးလိုက်ကြပြန်ပြီ


ရေး၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာကျေးရွာနဲ့ ကဗျာဝကျေးရွာကြားက  Mytel တာဝါတိုင် ၁  တိုင်ကို  ယနေ့ညနေ ၆ နာရီဝန်းကျင်းက NUGအကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ PDF အဖွဲ့က ဗုံးခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

ရေးမြို့နယ်အကြမ်းဖက်အဖွဲ့ YDPF က အဲဒီ Mytel တာဝါတိုင် ဗုံးထောင်ဖောက်ခွဲရတာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ထုတ်ပြန်ထားသည်။

NUGအကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အဖွဲ့များဟာ အများပြည်သူ ဆက်သွယ်ရေးအခက်အခဲဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိနဲ့ တာဝါတိုင်တွေကို လိုက်လံဖျက်ဆီးနေကြရာမှာ Mytel တာဝါတိုင် ၅တိုင်ထက်မနည်း ဖျက်ဆီးခဲ့ကြသည်။

#MyanmarNationalPost