Saturday, September 25, 2021

👉 စစ်အစိုးရခေတ်ရဲ့👈


နိမ့်ကျတဲ့ပညာရေးအောက် မှာ 
ပညာသင္ခဲ့ ရတဲ့ငါတို့က
လမ်းမှာတွေ့ရင်လက်ပိုက်နှုတ်ဆက်တတ်ကြပြီး
အခုထိဆရာကိုဆရာမှန်းသိတယ်

ဒီမိုကရေစီခေတ်ရဲ့
မြင့်မားလှပါတယ်ဆိုတဲ့ပညာရေးအောက် မှာ
ပညာသင်နေရတဲ့နင်တို့က
အမြင်မတူရန်သူဆိုပြီး
ဆရာကိုတောင်ပုခုံးချင်းယှဉ်တိုက်ဖို့ဝန်မလေးကြဘူး

နိမ့်ကျတဲ့ပညာရေးအောက် မှာ
ကျောင်းဆရာဆရာမတွေဟာ
စစ်သားသားသမီးအရပ်သားသားသမီးဆိုပြီး
မခွဲခြားသလို
ဝါဒမှိုင်းလည်းရိုက် မသွင်းခဲ့ကြဘူး
တပည့်မရှားတစ်ပြားမရှိ
ပီတိကိုစားအားရှိတဲ့ဆရာဆရာမတွေအဖြစ်
ပီပြင်ခဲ့ကြတယ်

အခုတော့ မြေဖြူကိုင်တဲ့လက်နဲ့
ပညာတတ်တွေမွေးထုတ်ပေးရမယ့်
ဆရာဆရာမတွေကိုယ်တိုင်က
အမြင်မတူရန်သူလုပ်
သားတပည့်တွေကိုတောင်
စစ်သားသားသမီးဆိုမသင်ဘူးတို့
စစ်ခွေးတွေကိုမုန်းအောင်ဝါဒမှိုင်းသွင်းမယ်တို့ထိ
ပြောဆိုတတ်လာကြပြီ
ဘယ်သူတွေလဲမမေးပါနဲ့
တစ်ချို့သော ဆရာ ဆရာမတွေပါ
ဆရာဆရာမတွေကိုယ်တိုင်ကိုက
ကိုယ့်ဘက်လိုက်ရင်ထောက်ခံသူ
တပ်ဘက်လိုက်ရင်၅၀၀၀စားလို့ဟားတိုက်နေကြပြီ
မယုံမရှိနဲ့ ကိုယ့်Friထဲတောင်ရှိတယ်

ခများတို့သင်ခဲ့ကြတဲ့ပညာတွေ
သိခဲ့ကြတဲ့အသိတွေက
သားတပည့်ခွဲခြားဖို့လား
ဆရာဆိုတဲ့ဂုဏ်နဲ့ညီအောင်နေဖို့
ခများတို့ရဲ့ပညာရေးကျောင်းတွေကနေ
သင်ပေးလိုက်မယ်လို့တော့ယုံကြည်ပါတယ်
ကိုယ် ကိုယ်တိုင်လဲဆရာ/ဆရာမမို့လို့
သင်ပေးတာကိုခံယူခဲ့ရပါတယ်
ဆရာဆရာမတွေဖြစ်လို့ သူများတွေလို
အကြမ်းပတမ်းစကားလုံးတွေမသုံးချင်ဘူး
ဆရာဆိုရင်ဆရာဂုဏ်နဲ့ညီအောင်နေပါပြောပါ
တွေးပါကြံဆပါအမှားအမှန်ခွဲခြားပါ
စစ်အုပ်ချုပ်ရေးအောက်မှာဆရာ ဆရာမ မလုပ်နိုင်ရင်
တန်ဖိုးရှိရှိထွက်ခွင့်တင်ပါ
Fbတစ်ခွင်ပြဲ ပြဲစင်အောင် 
ကိုယ်ရှိတာကိုလှန်ပုတ်ပြတယ်ဆိုပြီး 
Fbပေါ်တင်ပြီးဆဲနေတဲ့ ဆရာမတွေလဲရှက်တတ်ရင်
ဒီစာဖတ်နေချိန်အဲ့နေရာတင်သေလို့ရနေပြီနော် 

ကိုယ်ကိုယ်တိုင်ကဆဲနေမှတော့
ကလေးတွေကိုဘယ်လိုသင်ပြပေးကြမှာလဲ
ရင်လေးမိတယ်ဝေ့
အဖြူရောင်နုနယ်တဲ့ကလေးတွေကို
ခများတို့ရဲမကျေနပ်မှုတွေကိုအသုံးချပြီး
ကလေးတွေကိုဝါဒမှိုင်းမတိုက်ပါနဲ့
မြေဖြူကိုင်တဲ့လက်ကမြေဖြူပဲကိုင်ပါ
သွေးချောင်းစီးမယ့်သံလျက်ကိုမကိုင်ပါနဲ့
အသိပညာတွေဝေမျှပေးမယ့်ဦးနှောက်တွေက
အသိပညာပဲဝေမျှပါ  ဝါဒမှိုင်းတွေရိုက်မသွင်းပါနဲ့
ကိုယ့်ကိုယ်ကိုဥယျာဉ်မှူးလို့သတ်မှတ်ရင်
ပန်းလေးတွေကိုပြုစုပျိုးထောင်ပါ
အဆိပ်ကျွေးပြီး ပန်းလေးတွေသေအောင်မလုပ်ပါနဲ့
အဖြူအစိမ်းဝတ်တဲ့ခများတို့က
အဖြူအစိမ်းဝတ်တဲ့ကလေးတွေကို
အဖြူရောင်လိုဖြူစင်ပြီး
အစိမ်းရောင်လို ဘဝလေးတွေ ရှင်သန်နိုးကြားလာအောင်
ပြုစုပျိုးထောင်ပါ
ဆရာဆိုရင်ဆရာလိုတွေးပါ
သူပုန်လိုမတွေးမိပါစေနဲ့
အေးချမ်းပါစေ မြန်မာပြည်လို့သာ အခါခါ 
ဆုတောင်း နေမိတော့တယ်🙏🙏🙏

#MaMaZaw
#Credit


Related Posts: