Thursday, September 30, 2021

ဒေါ်လာ ရွှေစျေးကွက်က ဒီလောက်ထိုးတက်ပြီး မထိမ်းနိုင်အောင် စျေးကွက်ပျက်သွားအောင် တမင် တကာကို အကွက်ချပြီးလုပ်နေကြတာပါ ။


George Soros နဲ့
သူရဲ့လက်ခွဲပြည်တွင်းက
သစ္စာဖောက်လောက်တွေလက်ချက်ပါ။

နစက အဏာထိမ်း လို့
ဒီလိုတွေ ဖြစ်နေတာမဟုတ်ဘူး။ 
နစက က အာဏာထိမ်းပြီး ၇ လ အထိ
တည်ငြိမ်နေပြီးမှ အခုလိုဖြစ်လာတာဟာ

NLD /NUG /PDFတွေ 
စစ်ရေးအကြမ်းဖက်လမ်းစဉ် 
မအောင်မြင်တော့မှန်း သိသွားကြလို့ 

ဂျော့ဆိုးရို့စ်ငွေတွေနဲ့ 
ပြည်တွင်းက သူ့လက်ခွဲတွေက 
ဒေါ်လာရွှေ တက်အောင်ကစားနေတာပါ။

NUG PDF ခေါင်းဆောင်ကြီး
မင်းကိုနိုင်တို့တောင် ဒေါ်လာသေတ္တာကြီးပိုက်ပြီး 
US ကိုပြေးတာက NUG /PDFရှုံးပြီဆိုတာ
အကောင်းဆုံး သက်သေပါပဲ။

မစားရတော့မယ့်အမဲကို
သဲနဲ့ပက်ပြီး ထွက်ပြေးကြရင်း 
မြန်မာ့စီးပွားရေး စျေးကွက်ပျက်အောင်
နမင်သက်သက်ယုတ်မာကြတဲ့အတွက် 
ဒေါ်လာရွှေ အခုလိုဖြစ်လာရတာပါ။

အနာသိရင် ဆေးကလည်း ရှိစမြဲပါ ။

မင်းတို့က 
ဒီလိုယုတ်မာလာတဲ့အတွက်
မဆလခေတ် နဝတခေတ်က ဖြေရှင်းခဲ့တဲ့
နည်းလမ်းတွေ ပြန်စဉ်းစားဖို့ လိုလာပြီလား? 

ဆန်နဲ့ဆီအတွက် 
သမဝါယမပြည့်သူ့ဆိုင်က 
အစိုးရစျေးနှုံးနဲ့ ရောင်းပေးမယ်။ 

ဓါတ်ဆီအတွက်ကားတစီး
တပတ် ၅ ဂါလံ အစိုးရဈေးနှုံးနဲ့
ရောင်းမယ့်အစိုးရဓါတ်ဆီဆိုင်တွေပြန်လာမယ် ။

ဒေါ်လာတွေ ကို
လက်ဝယ်တွေ့ရှိရင် ဖမ်းလို့ရမယ်။ 
ဒေါ်လာစျေးကွက်မရှိတော့အောင်ဖျက်သိမ်းမယ်။ 

ဒေါ်လာအစားတရုတ်ယွမ်ငွေနဲ့
နိုင်ငံတကာကုန်သွယ်မှုကို လုပ်မယ်။

တရုတ် ထိုင်း အိန္ဒိယ နဲ့ 
ကုန်ပစ္စည်းခြင်းတိုက်ရိုက်လဲလှယ်မယ့်
ဘာတာ စံနစ်ကို ပြန်ကျင့်သုံးမယ်။ 
တဖက်က ရုရှားကြီးကလည်း ရှိနေသေးတယ်။

မြန်မာနိုင်ငံဟာ 
စိုက်ပျိုးမြေပေါများလို့
စိုက်ပျိုးရေးကိုအခြေခံထားတဲ့ နိုင်ငံ
ဆန် စပါး ကောက်ပဲသီးနှံ ထွက်ရှိတဲ့နိုင်ငံ

ဆန် ဆား ငပိ ငါးခြောက်
အသားငါး တွေ အတွက်မြစ်ကြီး ၄ စင်း 
မြစ်ငယ် တစ်ရာကျော် ပင်လယ်ပြင်ကြီးကို
ပိုင်ဆိုင်ထားတဲ့ မြန်မာမှာ အားလုံးထွက်တယ်။ 

ုမြန်မာတွေ 
ဘယ်တော့မှ ထမင်းမငတ်နိုင်ဘူး။ 
ငတ်ခဲ့ပါတယ် ဆိုတဲ့ မဆလခေတ်မှာတောင် 
တိုင်းပြည်ပျက်အောင် ဘယ်သူပုန်ကမှဖန်တီးလို့
မရခဲ့တာကိုပဲ ကြည့်တော့ပေါ့ လေ ။

နစက အိမ်စောင့်အစိုးရခေတ်မှာ 
ဒေါ်လာ ရွှေစျေးဘယ်လောက်တက်တက်
တိုင်းပြည်မပျက်နိုင်ဘူးဆိုတာ 
အကြံယုတ်နဲ့ ဖန်တီးနေတဲ့ မင်းတို့ 
CRPH'NUG' PDFတွေသဘောပေါက်ပါ။

ဒေါ်လာနဲ့ရွှေစျေးတက်နေတာ 
လူယုတ်မာတွေရဲ့ပယောဂကြောင့်ပါ ။
မိုးသက်မုန်တိုင်းဆိုတာ တိုက်ပြီး  ငြိမ်သွားစမြဲပါ ။
မကြာမီပြန်ငြိမ်သွားမှာပါ သိပ်စိတ်မပူကြပါနဲ့။

မင်းကိုနိုင်တို့ USပြေးသွားပြီ။ 
ဇော်ဝေစိုးလည်းUSပြေးဖို့ လေယာဉ်စောင့်နေပြီ။

လူယုတ်မာတွေကုန်သွားရင် 
တိုင်းပြည်ပြန်တည်ငြိမ်လာတော့မှာပါ ။

ကမ္ဘာတည်သ၍ မြန်မာတည်ရမည်။

…………………………………………
20210928:Thuya


Related Posts:

  • Hemp ဆိုတဲ့ ငွေသစ်ပင်Hemp ဆိုတဲ့ အပင်ဟာ Cannabis (ဆေးခြောက်ပင်) အနွယ်ဝင် ဖြစ်ပါတယ် ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မူးယစ်စေတဲ့ အာနိသင် (THC) 0.5 % ပါရင် မူးယစ်ဆေး အဖြစ် သတ်မှတ်ပါတယ် ။ Hemp ကတော့ (THC) 0.3 % အောက်သာ ပါဝင်လို့ ယစ်မူးစေတဲ့ အာနိသင် မရှိပါဖ… Read More
  • ဘောမတွေက သူတို့ဟာသူတို့ အရမ်းအထင်ကြီးတာဟုတ် ဟုတ် မဟုတ်ဟုတ်သတိတော့ထားရမှာဘဲ💣💣💣ဘောမတွေက သူတို့ဟာသူတို့ အရမ်းအထင်ကြီးတာ။ G-Z တွေဟာ ကလေးကလားဂိမ်းထဲက စစ်ပညာအသိလောက်ရှိပြီး ငါတို့ကို အံတုနေတာလို့။ ကိုယ်တွေရဲ့ ဖေ့စဘုတ်အကောင့်စုံ ထောက်လှမ်းရေးအရ သိထားတဲ့အချက်… Read More
  • 🟣 အဖြေတခုNUG ကခန့်အပ်ထားတဲ့ ဒုသမ္မတဆိုသူလရှီလကို ယာရီသမ္မတဆိုပြီး ခန့်အပ်လိုက်တော့ဦးဝင်းမြင့်က မေးခွန်းထုတ်စရာဖြစ်လာတယ်၊ဘယ်လိုပဲဖြစ်ဖြစ်ဦးဝင်းမြင့်က သမ္မတ၊ ဒေါ်စုက NUG ရဲ့ခေါင်းဆောင်ပါလို့ ဆာဆာကိုယ်တိုင်ထုတ်ပြောထားတာနဲ့  ဆန့်ကျင်… Read More
  • မြန်မာတချို့မိုက်လုံးကြီးလွန်းတယ်အင်္ဂလိပ်လူမျိုးတွေ နှစ်ပေါင်းရာကျော် အုပ်ချုပ်သွားတာ အပြစ်မမြင်ဘူး။တပ်က အနှစ်၂၀ကျော်အုပ်ချုပ်တာ အပြစ်မြင်တယ်။ပတ္တမြားငမောက် အပါအဝင် တန်ဖိုးဖြတ်လို့မရနိုင်တဲ့ နန်းစဉ်ရတနာတွေနဲ့ အတူမြေပေါ်မြေအောက် သယံဇာတတွေ နှစ်ပေါင်… Read More
  • “ မန္တလေးကိုချစ်လျင် ”( မန်းလေးသား တစ်ယောက်ရေးတဲ့စာ )ခုအချိန် မန်းလေးကိုတပ်ကကွက်ပြည့်နင်းထားပါတယ်သတင်းအားလုံးရထားပြီးသားပါလက်ရှိမှာ မလှုပ်သေးပါဘူး အကျွံစောင့်မှာပါပွိုင့်/Drone/လခရ/အသွင်ယူ စတာတွေနဲ့ စောင့်ကြည့်နေတာပါလှုပ်ဖို့မကြိုးစားပါနဲ့ ဒု… Read More