- မိတ္ထီလာမှာ
ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးကို
အရှင်လတ်လတ် မီးရှို့သတ်တော့လည်း
သူတို့တတွေမနာကြဘူး။
- ဘာသာစောင့်ရှောက်ရေးအဖွဲ့ကို
မတရား အာဏာသုံးပြီးဖျက်သိမ်းတော့လည်း
သူတို့တတွေမနာကြဘူး။
- ဗုဒ္ဓဘာသာရဟန်းတစ်ပါးပုံကို
ကိုဗစ်ဖြန့်ဖြူးသူလိုပုံဖော်ပြီး
ပန်းချီ ဆွဲပြတော့လည်း သူတို့မနာကြဘူး။
- မြန်မာပြည်ရဲ့
အထင်ကရ သီတဂူဆရာတော်ကို
ဆဲကြတော့လည်း သူတို့မနာကြဘူး။
- ဆရာတော်ဦးဆေကိန္ဒကို
ရစရာမရှိအောင် ဆဲပြတာလည်း
သူတို့မနာကြဘူး။
- မနာကြဘူး၊ မနာကြဘူး၊
ဘာသာ သာသနာစော်ကားတဲ့
လုပ်ရပ်များစွာအတွက် သူတို့တတွေ
လုံးဝမနာကြဘူး။
- ဘာသာကို စော်ကားပြလည်း
သူတို့မနာဘူး။
သာသနာကိုစော်ကားပြလည်း
သူတို့မနာဘူး။
လူမျိုးကိုစော်ကားပြလည်း သူတို့မနာကြဘူး။
- တကယ်တော့ သူတို့တတွေရဲ့ရင်ထဲမှာ
ဘာသာတွေ သာသနာတွေ လူမျိုးတွေဆိုတာ
မသိမသာနဲ့ ပျောက်ကွယ်နေကြပါပြီ။
- သူတို့အတွက်က
ဘုရားလည်း အရေးမကြီးဘူး။
တရားလည်း အရေးမကြီးဘူး။
သံဃာလည်း အရေးမကြီးဘူး။
ကြိုက်တဲ့သူစော်ကား၊ နှုတ်ဆိတ်နေမှာ။
- ဒါပေမယ့် သူတို့ပါတီကိုတော့
သွားမစော်ကားနဲ့၊
သူတို့ခေါင်းဆောင်ကိုတော့
သွားမစော်ကားနဲ့။
ချက်ချင်းတုန့်ပြန်ခံရလိမ့်မယ်။
ချက်ချင်းရန်ပြုခံရလိမ့်မယ်။
ချက်ချင်း အဆဲခံရလိမ့်မယ်။
- ပါတီကို ထိတာနဲ့
အိပ်နေသူတွေ နိုးလာလိမ့်မယ်၊
ငြိမ်နေသူတွေ လှုပ်လာလိမ့်မယ်၊
ပျောက်နေသူတွေ ပေါ်လာလိမ့်မယ်။
- သူတို့ပါတီက
ဘာသာ သာသနာထက် အရေးကြီးတယ်။
သူတို့ခေါင်းဆောင်က ဘုရားထက် အရေးပါတယ်။
ဒါကြောင့် လာမထိနဲ့၊ ထိတာနဲ့ မီးပွင့်သွားမယ်။
- ဒါ သူတို့လက်ခံထားတဲ့ ဒီမိုကေရစီပဲ။
Credit