အဲ့ဒီ (၆) ခု စုံလို့မှ ဝိုင်းဝန်းမပြုပြင် မထိမ်းသိမ်းရင်
ဒုတိယနမိတ်ကြီး (၃) ခု ထပ်လာတယ်။
အဲဒါဆို ပျက်ဖို့သေချာသလောက်ရှိပြီ။
နောက်ဆုံး တတိယအဆင့်ဖြစ်တဲ့
နမိတ်ဆိုးကြီးတစ်ခု လာတာနဲ့တပြိုင်နက်ထဲ
အဲဒီတိုင်းနိုင်ငံဟာ ကွယ်ပျောက်သွားတယ်လို့
မှတ်သားဖူးတယ်။
ပထမပြတဲ့နမိတ်ဆိုကြီး (၆) ပါး။
================
၁။ မင်းဆိုးမင်းညစ် သာသနာညစ်စေသော
မင်းအုပ်စိုးခြင်း
၂။ အထင်ကရ ရဟန်းသံဃာတော်တို့
လူထွက်အိမ်ယာထူထောင်ခြင်း၊
ကာမေသုပြစ်မှုတို့ကျူးခြင်း။
၃။ ကလေးသူငယ်တို့ကအစ
ကာမဂုဏ်မွေ့လျော်ကျူးလွန်လာခြင်း။
၄။ တိုင်းပြည်နယ်စပ်အစုံ၌သူပုန်သူကန်ထခြင်း။
၅။ စစ်သည်တော်နှင့်သူပုန်သူကန်တို့
အဆင့်အတန်းတူမျှခြင်း။
၆။ သူတော်ကောင်းတို့ ဘေးသင့်ကြခြင်း။
ဒုတိယပြသော နမိတ်ဆိုးကြီး (၃) ပါး။
==================
၁။ အမျိုးကောင်းသမီးတို့ ပြည့်တန်ဆာကဲ့သို့
ကာမဂုဏ်၌ ပွင့်လင်းကြကုန်ခြင်းနှင့်
အမျိုးကောင်းသားတို့ ယောင်္ကျားစိတ်သွင်ပြင်ပျောက်
မိန်းမစိတ်ပေါက်သူများပေါများလာခြင်း။
၂။ သူဖုန်းတောင်းစားသူတို့နှင့်
အခြားသောလူတန်းစားတို့ အသွင်တူ
နေထိုင်ပုံတူလာခြင်း။
၃။ တစ်ပါးသော တိုင်းနိုင်ငံတို့အပေါ်တွင်
ပိုမိုချစ်ခင်ယုံကြည်အားကိုးလာခြင်း
နောက်ဆုံးပြသောနမိတ်ဆိုးကြီး
=========!========
တိုင်းနိုင်ငံ၌ သူတော်ကောင်းနှင့်ရဟန်းသံဃာတို့ မဲ့ခြင်း
-----------------------------------------------------------------------------
သူရိန်မင်းညို မူရင်းပိုင်ရှင်ကိုလေးစားပါတယ်
# Credit
#DNKK