Wednesday, September 22, 2021

ဝန်းသိုမြို့ရှိ ကျောင်းထိုင်ဆရာတော်သည် ဒလန်ဟု စွပ်စွဲခံရပြီးနောက် လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီး ပျံလွန် တော်မူ


စစ်ကိုင်း၊ စက်တင်ဘာ ၂၂ (People Media)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ အလယ်ခုံကျောင်းကျောင်းထိုင် ဆရာ တော် ဘဒ္ဒန္တတေဇိန္တသည် ဒလန်ဟု စွပ်စွဲခံရပြီးနောက် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီ အချိန်မှာ လူတစ်စုက ဆရာတော်ကို လုပ်ကြံသတ်ဖြတ်သွားခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်နဲ့ နီးစပ်သူတွေက People Media သို့ ပြောဆိုသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်၌ အမည်မသိသူ (၇) ဦးခန့်က တူမီး သေနတ်၊ ဓါးများကိုင်ဆောင်ကာ အလယ်ခုံဘုန်းတော်ကြီးကျောင်းထဲကို ဝင်ရောက်လာခဲ့ပြီး ဆရာတော် ဘဒ္ဒန္တတေဇိန္တကို ဓါးနဲ့ ထိုးသွင်းခဲ့သည်။

ဆရာတော်၏ ဖြစ်စဉ်အပေါ် ဆေးကုသမှုရရှိရန် ကျေးရွာသူ/သားများက ဝန်းသိုမြို့ ပြည်သူ့ဆေးရုံကို ပို့ ဆောင်ခဲ့ပေးခဲ့သော်လည်း ဒဏ်ရာတွေကြောင့် ပျံလွန်တော်မူခဲ့သည်။

ဆရာတော် ဘဒ္ဒန္တတေဇိန္တ ပျံလွန်တော်မူချိန်မှာတော့ သက်တော် ၄၈ နှစ်၊ ဝါတော် ၂၇ ဝါရှိပြီဖြစ်သည်။

#PeopleMedia #ဝန်းသိုမြို့


Related Posts:

  • တိုင်းပြည်ကိုဖျက် အရက်အဆင့်သို့           ကျနော်တို့ တိုင်းပြည်ဟာ အင်မတန် အံ့သြစရာတွေ များတဲ့တိုင်းပြည်ပါပဲ ။ ကျနော်တို့ငယ်စဥ် ကျနော်တို့မြို့မှာ ပွဲရုံလုပ်ငန်း ၊ ဆီစက်လုပ်ငန်း နဲ့ ဆေးလိပ်ခုံလုပ်ငန်းတွေ အလွန်များပြားခဲ့ပြီး အလ… Read More
  • Hot News        မနက်က ကြည့်မြင်တိုင် သပိတ်ကိစ္စမှာ အရမ်းလူသားဆန်ပြနေသူ ဘောမအချို့လည်း တွေ့ရပါတယ် ။         ကျနော်ကတော့ ရက်စက်တယ်ပဲ ဆိုချင်ဆိုပါစေ ၊ ဒီလို ဖမ်းဆီး နှိပ်ကွပ်တာ ကြိုက်တယ် ။ လု… Read More
  • သံလျှက်ဒါးသွား နှစ်ဖက်သွေးဖို့        သံလျှက်ဒါး ဆိုတာ ဘုရင်တို့ရဲ့ မင်းမြှောက်တန်ဆာ ငါးပါးထဲက အရေးကြီးတဲ့ အသုံးအဆောင်ပါ ပဲ ။         သူ့ကို ပုံစံ နှစ်မျိုးနဲ့ တွေ့ရလေ့ရှိပါတယ် ။ အဖျားသွယ်တဲ့ သံလျှက်ဒါးကို မင်း… Read More
  • ကမ်းကုန်အောင်ရက်စက်သည်။ယနေ့နံနက်ဆယ်နာရီခန့်တွင် မြောက်ဥက္ကလာ၌ ကိုယ်ဝန်(၇)လရှိ အမျိုးသမီးအား သေနတ်သမားနှစ်ဦးက ပစ်--တ်ခဲ့သည်။ငါးမင်းဆွေ၆-၁၂-၂၀၂၁ … Read More
  • ဥပဒေ နဲ့ ပရိယာယ်         နေ့ခင်ပိုင်းက ဒေါ်စုကြည် နဲ့ ဦးဝင်းမြင့် တို့ကို ဥပဒေအရ နှစ်မှုပေါင်း အမြင့်ဆုံး ပြစ်ဒဏ် ၅ နှစ်ချလို့ရပေမယ့် ၄ နှစ်စီ ချမှတ်ခဲ့တယ် ။          နီပိတ်အုပ်စုကလွဲရင… Read More