▪️ဒီလူဟာ ဒလန်ဆိုတာသေချာသလား?
သေဒဏ်ဆိုတာ အရက်စက်ဆုံး
နောက်ဆုံးစည်းမျဉ်းတစ်ခု။
ဒီစည်းမျဉ်းကို ခုံရုံးမရှိ၊ ချေပခွင့်မပါ၊
တရားသူကြီးမရှိ၊ ရှေ့နေမသိ၊ သက်သေမရှိနဲ့
ကိုယ့်စိတ်ထင်သူဟာ ဒလန်ဆိုပြီး
သတ်ကြသတဲ့လား။
▪️နှစ်ရှည်လများစီရင်ရတဲ့ အမှုတွေမှာတောင်
အဘက်ဘက်က မှားယွင်းစီရင်မှုတွေ
ရှိတတ်ကြသေးတာ။
မင်းတို့က နတ်မျက်စိပိုင်တဲ့ဥပဒေပညာရှင်တွေမို့
သူတစ်ပါးကို ဒလန်ဆိုတာနဲ့ပဲ
သတ်ဖို့စေခိုင်းသတဲ့လား။
▪️ငါတို့စွပ်စွဲလိုက်သူသာ ဒလန်မဟုတ်ခဲ့ရင်။
ငါတို့သတ်ခိုင်းလိုက်သူက ဒလန်မစစ်ခဲ့ရင်။
ဒလန်သေတယ်ဆိုပြီး
ငါတို့ပျော်ခဲ့ကြသူတွေသာ မှားပျော်မိတာဖြစ်ခဲ့ရင်
ဘယ်လိုလုပ်ကြမလဲလို့
တစ်ချက်တောင်တွေးမိရဲ့လား?
▪️ဝဋ်ကြွေးတွေယူကြတယ်နော်။
ခံရတဲ့အခါ ခံပျော်ကြပါစေ။
#SniperSu