တကယ်တော့ဦးသိန်းထွန်းဟာလူရိုးလူကောင်းပါ။
ကုန်သွယ်ရေးဝန်ထမ်းအငြိမ်းစား။
နာမည်ပျက်မရှိဘူး။အေးအေးနေတတ်တဲ့သူ။
ပြောရရင်တော့ဒေါ်စုအမာခံပရိတ်သတ်ပါ။
ရပ်ကွက်ထဲအုပ်ကြီးလုပ်မယ့်သူမရှိတော့
အနီအစိမ်းနှစ်ဘက်လုံးကတိုက်တွန်းကြတယ်။
ရပ်ကွက်ကလည်းအုပ်ကြီးမရှိတော့မွေးစာရင်းသေစရင်း
ထောက်ခံစာ၊နယ်ကျော်ကဒ် ကစခက်ခဲလာတယ်။
ဦးသိန်းထွန်းကလည်းအစကငြင်းရှာပါတယ်။
မလုပ်ချင်ဘူး။အန္တရာယ်ရှိတယ်ပေါ့။
အနီစည်ရုံးရေးမှူးက
ကျနော်တို့ရှိပါတယ်။ဘာအန္တရယ်မှမဖြစ်စေရ
ပါဘူးဆိုတော့ဦးသိန်းထွန်းစိတ်ပါသွားပုံရရဲ့။
ဟုတ်တယ်လေ။
မြို့ထဲရွာထဲရမ်းကားသောင်းကျန်းနေတာသူတို့ NLDတွေပဲဟာ။
လူရမ်းကားတွေစကားနားထောင်ယုံစားမိတာသူ့
အမှားပဲလား။
အုပ်ကြီးသက်တမ်းသုံးပတ်မြောက်မှာပဲ
အိမ်ရှေ့ကပန်းပင်တွေရေလောင်းနေတုံးအနီးကပ်
အပစ်ခံလိုက်ရရှာတယ်။
ဒလံဆိုတဲ့ခေါင်းစဉ်နဲ့ပါပဲ။
တကယ်တမ်းတော့ ဦးသိန်းထွန်းဟာ
ဘာဒလံမှမဟုတ်ဘူး။
လုပ်ကြံတဲ့PDFဆိုတဲ့ကောင်ရဲ့အဖေ
မြို့နယ်NLD CECနဲ့ငွေရေးကြေးရေးအကြောင်းပြုပြီး
ကတောက်ကဆဖြစ်ဖူးတာပဲရှိတယ်။
NLDအီးစီကသူ့ဆီကပိုက်ဆံချေးပြီး
ပြန်မပေးပဲရှောင်နေရာကပြသနာစတာပါ။
နာရေးချတော့သူ့သမီးအကြီးမက
အော်အော်ပြီးငိုတယ်။
့....အဖေရေ.....အဖေထောက်ခံတဲ့ဒေါ်စုရဲ့
လက်ပါးစေတွေကပဲ အဖေ့ကိုခုလိုရက်ရက်စက်စက်
လုပ်သွားသတော့.......တဲ့။
တရပ်ကွက်လုံးစုတ်တသက်သက်။
တောက်တခေါက်ခေါက်နဲ့။
Crd (@u SOE pain