Thursday, September 30, 2021

▪️G-Z တို့ဖတ်ရန်▪️


▪️အစိုးရတစ်ရပ်ဆိုတာ ၁၀၀%နှစ်သက်ခံရရိုး
     ထုံးစံမရှိတာသိတယ်။
     အစိုးရတစ်ရပ်ကို ဖြုတ်ချဖို့ကြိုးစားခွင့်ရှိတယ်။
     ငါတို့လည်းကြိုးစားဖူးလို့သေချာသိတယ်။
     ဒီစိတ်ကို စာနာတယ်။

▪️အိုကေ

▪️အစိုးရတစ်ရပ်ကို ဖြုတ်ချတယ်ဆိုတာ
     ကြီးမားသောတာဝန်။
     အခန့်မသင့်ရင် ထောင်ကျမယ်။ ဘဝသေမယ်။
     အသက်သေမယ်။
     ဒီတော့ ပြေးပေါက်ဆိုတာကြိုရှာထားရတယ်။

▪️လွန်ခဲ့တဲ့ငါးနှစ်က NLD ကိုဖြုတ်ချတယ်။
     ငါတို့ပြေးပေါက်က စစ်တပ်။

▪️အခုမင်းတို့က စစ်တပ်ကိုဖြုတ်ချတယ်ဆိုရင်
     မင်းတို့ပြေးပေါက်က ဘာလဲ?
     ဒါကိုကြိုတင်ပြင်ဆင်ထားပြီးပြီလား။
     ငါတွေးပေးမယ်နော်။ မင်းတို့ဘက်မှာက
     စေတနာမှန်တဲ့ သုံးသပ်သူမရှိလို့ ငါဝင်တွေးပေးတာ။

▪️နိုင်ကိုနိုင်ရမယ်လို့ တရားသေတွေးနေရင်တော့
     ငါ့သုံးသပ်ချက်ကို မဖတ်လည်းရတယ်နော်။
     ဆက် run လို့ရတယ်။ ကိုယ့်အသက်နဲ့ကိုယ်
     ကိုယ့်ဘဝနဲ့ကိုယ် မင်းတောင်မနှမြောတာ
     ငါကဘာလို့နှမြောပေးနေရမှာလဲ။

▪️မင်းတို့မှာ ပြေးပေါက်သုံးခုရှိမယ်။

▪️ပထမပြေးပေါက် NUG▪️ 

▪️လေလှိုင်းပေါ်က သူတို့ခိုင်းတာလိုက်လုပ်နေတဲ့
     မင်းတို့အတွက် သူ့ရဲ့တာဝန်ခံမှုကဘာလဲ?
     အခုဆို အချိန်ကာလတစ်ခုရှိလာပြီ
     NUG လမ်းစဉ်ကိုလိုက်ပြီးပြေးမိလို့
     ထောင်ကျသူ သေကြေသူ 
     CDM ကြောင့်ဘဝပျက်သူတွေအတွက်
     NUG ရဲ့တာဝန်ယူမှုကို မင်းတို့ရှာစမ်း။
     ဘာတွေ့လဲ။
     သူအာဏာဖြန့်ကျက်နိုင်တဲ့ နယ်မြေကိုပြ။
     ဘယ်မှာလဲ?

▪️D Day ထအော်တယ် ဘယ်မှာလည်းလက်နက်
     လူသူအင်အား ထောက်ပံ့စားရိတ်။
     မင်းတို့အသေတိုက်ပေးလို့ အာဏာပြန်ရရင်တောင်
     ထောင်ကျတဲ့မင်းတို့ရဲ့ ပုဒ်မတိုင်းကို
     သူတို့ကဖြေလျော့ပေးနိုင်မယ်လို့
     မင်းတို့တကယ်ထင်နေတာလား?

▪️NUG ကမင်းတို့ကိုခိုင်းထားတာ
     လူထုကြားဗုံးခွဲ ပြည်သူချင်းသတ်ဗျူဟာပဲရှိတာ။
     အဲ့ဒီဗျူဟာကြောင့်လည်း လူတွေက
     မင်းတို့ကိုရွံနေကြပြီဆိုတာ သိရဲ့လား။
    
▪️ရိုင်းရိုင်းပဲပြောမယ် ဟိုဝှာလည်းခံရတယ်။
     ဆီလည်းစိုက်ရမယ့်အထာနဲ့
     မင်းတို့ကိုခိုင်းစားနေတဲ့ NUG ကို
     မင်းတို့က ကိုးကွယ်နေတာလား။
     အဲ့ဒီလောက်ထိ မင်းတို့ တုံးအသလား။

▪️သူများခိုင်းတာလျှောက်လုပ်ဖို့ မင်းတို့အသက်ကို
     မင်းတို့မိဘကပေးထားတာမဟုတ်ဘူးနော်။
     NUG မင်းတို့ကို ဘာတာဝန်ယူနိုင်လဲဆိုတာ
     သေချာသွားမေးသင့်ပြီ။
     ခံယူချက်တွေ သိပ်ပြင်းထန်ရူးသွပ်နေရင်လည်း
     NUG လမ်းစဉ်အတိုင်းဆက်သာတိုက်ကြ
     မတားဘူး။ မင်းတို့ပဲဘဝပျက်မှာ ငါတို့ကအေးဆေး။

▪️ဒုတိယပြေးပေါက် နိုင်ငံခြား

▪️ဒီပြေးပေါက်ကတော့ မင်းတို့ထက်လည်တဲ့
     မင်းတို့ရဲ့ ဆရာ့ဆရာမကြီးတွေက မင်းတို့လှူတဲ့‌
     ငွေတွေသုံးပြီး ပြေးနှင့်ပြီဆိုတာမင်းတို့သိပါတယ်။
     သူတို့ပြေးပြီးရင် ပုံတွေတင်ကြလို့
     မင်းတို့တောင် မုဒိတာသွားပွားလိုက်ကြသေးတယ်မို့လား။🤣

▪️မြန်မာပြည်မှာ လွတ်မြောက်နယ်မြေဆိုတာရှိတယ်။
     အဲ့ဒီနယ်မြေမှာ ပိတ်မိနေသူတွေ အပုံလိုက်ကြီး။
     အဲ့ဒီနယ်မြေကို စစ်တပ်ကလက်လှမ်းမမှီဘူး။
     နိုင်မယ်သေချာတယ်လို့ ပြောသွားသူတွေက
     လွတ်မြောက်နယ်မြေမှာ မနေဘဲ
     နိုင်ငံခြားထိမိသားစုလိုက်ပြေးကြတာ ဘာလို့လဲ?
     လွတ်မြောက်နယ်မြေမှာ အင်တာနက်မရလို့လား🤣
     အစတွေထုတ်ပြနေတယ်နော် မြင်လား။😏

▪️နိုင်ငံခြားပြေးပေါက်ကို မင်းတို့ရောပြေးဖို့
     ငွေ၊ အစွမ်းအစ၊ အချိတ်အဆက် ဘာရှိလဲ?
     မင်းတို့အားကိုးလို့ရတဲ့ ဘက်တော်သားဘယ်သူရှိလဲ
     အဲ့ဒါတွေရော တွက်ဆထားလား ပြန်တွေးကြည့်။
     ကိုယ့်အတွက် ကိုယ့်မိသားစုအတွက်
     Plan B မရှိဘဲ သူများခိုင်းတာကိုလျှောက်လုပ်ပြီး
     အသေခံတိုက်နေတာဆိုရင်တော့ 
     ကျွတ် ကျွတ် ကျွတ် ပါပဲလို့။🥴

▪️တတိယပြေးပေါက် အလင်းဝင်ခြင်း

▪️ဒီပြေးပေါက်ကို မင်းတို့ဘယ်သူမှမကြိုက်တာငါသိတယ်။
     ဒါကြောင့် နောက်ဆုံးမှာတမင်ထားထားပေးတာ။
     ဒါပေမယ့် ဒီပြေးပေါက်က မင်းတို့အတွက်
     တစ်နေ့မှာလိုကိုလိုလာမယ့် တံခါးပေါက်ကြီးတစ်ခုပဲ။
     
▪️၈၈ ကာလမှာ တောခိုတယ်အလင်းဝင်တယ်ဆိုရင်
     စစ်တပ်က လက်မှတ်ထိုးခိုင်းတယ်။
     ကျောင်းသားအရွယ်ဆို သက်ညှာတာ။
     အဲ့ဒီလက်မှတ်ကိုထိုးရင် ထောင်ကလွတ်တယ် 
     ကျောင်းပြန်တက်လို့ရတယ်။
     မထိုးသူတွေကတော့ နှစ်ရှည်ထောင်ကျတယ်။
     အဲ့ဒါ ပကတိအမှန်တရားတစ်ခုပဲ။
     မင်းတို့နားမှာ ၈၈ တုန်းက တောခိုဖူးသူရှိရင်
     မေးကြည့်လိုက်။

▪️ဒီပြေးပေါက်က မင်းတို့မာနကိုထိခိုက်ပေမယ့်
     မင်းတို့ဘဝကိုကယ်တင်လိမ့်မယ်။
     အခု စစ်တပ်က ငါးလရပ်ပေးထားတယ်။
     မင်းတို့ကိုပြေးပေါက်တမင်ပေးတာလို့နားလည်ထား။

▪️ဒီပြေးပေါက်ကို မဝင်ဖို့ မင်းတို့ဖက်က
     NUG နဲ့တကွ လော်ဘီအပေါင်းမသူတော်အပေါင်းက
     ကျားကန်ကာ ဆွဲထားလိမ့်မယ်။
     ဘာကြောင့်လဲဆိုတော့ သူတို့အာဏာပြန်ရဖို့
     မင်းတို့အသက် မင်းတို့ဘဝ မင်းတို့ရဲ့ငွေနဲ့
     တိုက်နေရတာကိုး။

▪️သဘောတရားကတော့ မင်းတို့မျက်ခွက်နဲ့
     သူတို့က အငှားအထိုးခံနေရတာဆိုတော့
     မင်းတို့မျက်ခွက်လေးကို သူတို့ကလိုတယ်လေ။🥴

▪️အသိမကြွယ် လူငယ်တို့ရေ
     ငါလည်းမင်းတို့သတ်မှာကြောက်လို့ ပြေးနေရသူပါပဲ။
     ဒါကြောင့် စစ်တပ်ဖမ်းမှာကြောက်လို့
     ပြေးနေရတဲ့ မင်းတို့ကိုစာနာပါရဲ့။

▪️နိုင်ငံရေးလောကမှာ သုံးနေကျစကားဖြစ်တဲ့
     အာဏာရှင်ကိုတွန်းလှန်တာတို့
     အမှန်တရားဘက်တော်သားတို့
     ငါတို့မျိုးဆက်အတွက် ဘာညာသာလကာတို့ဆိုတာကို
     ဖီးတက်နေရင်တော့နေမြဲတိုင်း ဆက်မိုက်နေလိုက်။🙃

▪️မင်းတို့ကငါ့ထက်ငယ်တာမို့
     ငါက တထစ်လျော့ကာ ဆုံးမပဲ့ပြင်ကြည့်တာပဲ။
     ငါပုန်းတဲ့နေရာက လုံတယ်။
     ငါအားကိုးတဲ့ အရာကြီးက အင်အားကြီးတယ်။
     မင်းတို့ပုန်းနေတဲ့နေရာကရော လုံရဲ့လား
     မင်းတို့အားကိုးတဲ့အရာကြီးကရော
     ခိုင်မာရဲ့လား သေချာသုံးသပ်ကြဦး။

▪️ငါရေးတဲ့စာလေးက ဖြူစင်သော ဆားတစ်ပွင့်ပါ။
     မင်းတို့အနာပေါ်ဖြူးရင် စပ်မယ်။
     ဟင်းချက်မယ်ဆိုရင်တော့ 
     အရသာပြည့်ဝတဲ့ဟင်းတစ်ခွက်ရမယ်နော်။

▪️လိုသလိုသုံးနိုင်တယ် မောင်ညီမလေးတို့။

မင်းတို့ရဲ့ အစ်မ
#SniperSu