Saturday, September 25, 2021

သမိုင်းအမှောင်မှ ဖယောင်းတိုင်တို


မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကို ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့လို့ အများသိနေကြတယ်။ တကယ်တော့ နု-အက်တလီစာချုပ် ချုပ်ဆိုတဲ့ ၁၉၄၇ အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက လွတ်လပ်ရေး ရတယ်လို့ ဗြိတိသျှလွှတ်တော်စာကြည့်တိုက်မှာ မှတ်တမ်းတင်ထားကြတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အရေးကြီးသော စာချုပ် ၃ ခုကို ချုပ်ဆိုခဲ့ကြပါတယ်။
အဲဒီစာချုပ်တွေကတော့ 
၁။ အောင်ဆန်း - အက်တလီစာချုပ်၊ 
၂။ လင်္ကျာ - ဖရီးမင်း စာချုပ်နှင့် 
၃။ နု - အက်တလီစာချုပ်တို့ ဖြစ်ကြပါတယ်။ 

အောင်းဆန်း-အက်တလီစာချုပ်ကို ၁၉၄၇ ခုနှ ဇန်နဝါရီလ ၂၇ မှာ ချုပ်ဆိုခဲ့ကြပါတယ်။ 
ဒီစာချုပ်အရ မြန်မာအစိုးရက ဗြိတိသျှအစိုးရကို ပေးရန် ကြွေးဟာ ရွှေဒင်္ဂါး ၁၄၀ သန်း တင်ရှိခဲ့တယ်။ 
ဒီငွေတွေက ၁၉၄၅ အောက်တိုဘာလမှ ၁၉၄၆ ခု၊ 
စက်တင်ဘာလ အထိ မြန်မာ နိုင်ငံတော် ဘဏ္ဍာရေး နှစ်အတွင်း ဘက်ဂျက်အတွက် ရွှေဒင်္ဂါး သန်း ၈၀ နှင့်  ၁၉၄၆ ခု၊ အောက်တိုဘာ လမှ စ၍ ၁၉၄၇ ခု၊ စက်တင်ဘာလ အထိ ဘဏ္ဍာရေး နှစ်အတွင်း ဘက်ဂျက်အတွက် ရွှေဒင်္ဂါး ၇၅ သန်း တို့ဖြစ်ပါတယ်။ 
ဒီအထဲမှာ ရွှေဒင်္ဂါး ၁၅ သန်းကို ထောက်ပံ့ကြေးအဖြစ် သတ်မှတ်ပြီး ကျန်ငွေတွေကို အတိုးမဲ့ ချေးငွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းတို့ ၁၉၄၇ ဇူလိုင် ၁၉ မှာ လုပ်ကြံခံပြီးနောက် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့မှာ လင်္ကျာ - ဖရီးမင်းစာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။ ဒီစာချုပ်ကို မြန်မာ - ဗြိတိသျှ ကာကွယ်ရေးဆိုင်ရာ၊ တပ်မတော်ဆိုင်ရာ စာချုပ်လို့ မှတ်တမ်းတင်ထားကြပါတယ်။  ဒီစာချုပ်အရ ကြည်းတပ်ဆိုင်ရာ အဆောက်အအုံးများအတွက် ကာလတန်ဖိုးငွေ၏ ၂၅% ဖြစ်သော ပေါင်သန်း ၂၀၀၊ ရေတပ်ဆိုင်ရာအဆောက်အအုံများအတွက် ကာလတန်ဖိုး၏ ၂၅% ဖြစ်သော ပေါင်သန်း ၇၀၊ မင်္ဂလာဒုံလေယာဉ်ကွင်းအတွက် ကာလတန်ဖိုးငွေ၏ တဝက်ဖြစ်သော ပေါင် သန်း ၂၀၊ စစ်တွေနှင့် မြိတ်မြို့ လေယာဉ်ကွင်းများအတွက် ပေါင် ၄၀၀၀၀ နှုန်းဖြင့် လွတ်လပ်ရေးရယူပြီး ၃ နှစ် အထိ ငွေကို နှစ်စဉ်တိုင်း ပေးရန် သဘောတူခဲ့ပါတယ်။ 
၁၉၄၇ အောက်တိုဘာ ၁၇ မှာ နု - အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။ ဒီစာချုပ်ကို မြန်မာနိုင်ငံလွတ်လပ်ရေးစာချုပ်ကြီးအဖြစ် ဗြိတိသျှတို့ မှတ်တမ်းတင်ထားပါတယ်။ ဒီစာချုပ်မှာ မြန်မာနိုင်ငံကို လုံးဝလွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒါကြောင့် ၁၉၄၇ အောက်တို့ဘာ ၁၇ ကို မြန်မာနိုင်ငံလွတ်လပ်ရေးနေ့လို့ ဗြိတိသျှတို့ သတ်မှတ်လက်ခံထားခြင်း ဖြစ်ပါတယ်။ ဒီစာချုပ်ရဲ့ အချက် ၅ မှာ ဒီလိုပါရှိတာ တွေ့ရပါတယ်။  
"၅။ ဤစာချုပ် အတည် ဖြစ်လာသော နေ့ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန်မှ တပါး အခြား နိုင်ငံများတွင် အိုးအိမ် အခြေ အမြတ် တည်ရှိသော ဗြိတိသျှ လက်အောက်ခံ ဖြစ်သူများအား ပင်ရှင်များ၊ အချိုးကျ ပင်ရှင်များ၊ ဆုငွေများ၊ မိသားစု ဆိုင်ရာ ပင်စင် ရန်ပုံငွေများမှ၎င်း၊ အိုမင်းစာ ရန်ပုံငွေများ၎င်း၊ ပေးစရာ ရှိသည်များနှင့် ထောက်ပံ့ငွေများ၊ ခွင့်လစာ များနှင့် မြန်မာနိုင်ငံ အစိုးရ ဘဏ္ဍာတော်မှ ဖြစ်စေ၊ မြန်မာနိုင်ငံ အုပ်ချုပ်မှု အခွင့်အာဏာ အောက်တွင် ထားရှိသော အခြားရန်ပုံငွေများမှ ဖြစ်စေ၊ ပေးသင့်ပေးထိုက်သော ငွေများကို ဤစာချုပ် အာဏာမတည်မီက ထမ်းရွက်ခဲ့သော အလုပ်သက် အားလုံးအတွက် ဤစာချုပ် အာဏာတည်အံ့ဆဲဆဲ ကာလက အသုံးပြုခဲ့သော နည်းဥပဒေများအရ ပေးရန်၊ မြန်မာနိုင်ငံ ယာယီ အစိုးရသည် မိမိ၌ တာဝန်ရှိသည်ဟု ထပ်မံ၍ ဝန်ခံ ပြုသည်။" 

ဒီအချက်အရ မြန်မာအစိုးရသစ်ဟာ ဗြိတိသျှစစ်ဘက်/အရပ်ဘက်ဝန်ထမ်းများရဲ့ ပင်စင်လစာ အပါအဝင် အထက်အပိုဒ်ပါအတိုင်း ကြွေးနွန်မှာ အနှစ်ခံလိုက်ရပါတယ်။
 
အချက် ၆ ။ ။ အောက်ပါ ပြဋ္ဌာန်းချက် များသည် ဤအချက်တွင် ပါဝင်သော ငွေရေး ကြေးရေး ပြဿနာများ အတွက် အပြီးသတ် ဖြေရှင်းမှု ဖြစ်ကြောင်းကို စာချုပ် ချုပ်ဆို ကြသော အစိုးရတို့က သဘော တူကြသည်။

ဒီစာချုပ်ရဲ့ အချက် ၆ အပုဒ်ခွဲ ၁ မှာ " မြန်မာနိုင်ငံ ယာယီ အစိုးရသည် သိုလှောင်ထားသော စစ်တပ်များဆိုင်ရာ ပစ္စည်းရောင်းရငွေများကို အပြည့်ပေးရန် သဘောတူကြောင်း ထပ်မံ၍ခံဝန်ပြုသည်။ 
ထိုပစ္စည်းများတွင် စစ်ဘက် လက်အောက်ခံ မြန်မာနိုင်ငံ မြို့ပြဆိုင်ရာ အုပ်ချုပ်ရေး ဆိုင်ရာ ပစ္စည်းများ ပါဝင်သည်။
 မြို့ပြအုပ်ချုပ်ရေးအတွက် ကုန်ကျသော စရိတ်များကို ဗြိတိသျှနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံ ယာယီ အစိုးရထံမှ မတောင်းဆိုတော့ပါဟု သဘောတူသည်။" လို့ ပါရှိပါတယ်။ 
ဒီအချက်ဟာ ကြည်းရေလေ တပ်ပိုင်းဆိုင်ရာ အဆောက်အအုံတွေကို ကာလတန်ဖိုးသင့်ပြီး ချေးငွေကြွေးအဖြစ် လက်ခံခဲ့ရပြန်ပါတယ်။ 

ဒီစာချုပ်ရဲ့ အချက် ၆ အပုဒ်ခွဲ ၃ မှာ " ပေးဆပ်ရန် ကျန်ရှိသေးသော ကြွေးမြီးများကို ၁၉၅၂ ခုနှစ် အေပြီလ ၁ ရက်နေ့ထက် နောက်မကျသော နေ့မှ အစ ပြု၍ အနှစ် နှစ်ဆယ်မျှ နှစ်စဉ် နှစ်တိုင်း အချိုးကျ အရစ်ကျ မြန်မာနိုင်ငံ ယာယီ အစိုးရက ပေးဆပ်ရမည်။" လို့ ပါရှိခဲ့ပါတယ်။ 
ဒါဟာ ချေးငွေသတ်မှတ်ခံထားရတဲ့ ငွေတွေကို ပြန်ဆပ်ရမယ့် ကာလ သတ်မှတ်ချက်ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ချုပ်ဆိုခဲ့ရသော စာချုပ် ၃ ရပ်အရ မြန်မာအစိုးရသည် လွတ်လပ်ရေး မရမီကပင် အကြွေးနွန်နစ်နေခဲ့ပြီးဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ 
အောင်ဆန်း - အက်တလီစာချုပ်အရ ကြွေး ရွှေဒင်္ဂါး သန်း ၁၄၀၊ 
လင်္ကျာ - ဖရီးမင်း စာချုပ်အရ ပေါင်သန်း ၂၉၀ နှင့် ပေါင် ၁၆၀၀၀၀၊ 
နု - အက်တလီစာချုပ်အရ ဗြိတိသျှအမှုထမ်းများအတွက် ပင်စင် တနှစ်လျှင် ပေါင် ၁၅ သန်းနှုန်းဖြင့် နှစ် ၃၀ အတွက် ပေါင် ၄၅၀ သန်း တို့ အကြွေးတင်ခဲ့ရပါတယ်။ 
ဒီကြွေးတွေကို ၁၉၅၂ မှ နှစ် ၂၀ အတွင်း အကြေအပြေပေးအပ်ရန် ဆိုထားတဲ့အတွက် ၁၉၇၂ မှာ အချိန်စေ့ရောက်ခဲ့ပါတယ်။

 အိမ်စောင့်အစိုးရကာလ(၁၉၅၈-၁၉၆၀) ၂ နှစ်၊ တော်လှန်ရေးကောင်စီကာလ (၁၉၆၂-၁၉၇၄) ကာလ ၁၂ နှစ်၊ ပေါင်း ၁၄ နှစ်ကို ကာလလျော့ သတ်မှတ်လိုက်တဲ့အတွက် ၁၉၈၆ မှာ အချိန်စေ့ရောက်ခဲ့ပါတယ်။
 
ဒီအချိန်သည် လမ်းစဉ်ပါတီအစိုးရလက်ထက်ဖြစ်ပါတယ်။ ပါတီဥက္ကဌကြီးအနေဖြင့် မိမိတို့ မြန်မာအမျိုးသားအစိုးရ၏ အသုံးစရိတ်များ မဟုတ်ခြင်း၊ စစ်ဖက်အဆောက်အအုံများမှာ မြန်မာ့မြေပေါ်တွင် တည်ရှိခြင်းနှင့် ဗြိတိသျှစစ်ဖက်ဝန်ထမ်းများကို မြန်မာအစိုးရမှ ပင်စင်ထောက်ပံ့ကြေးပေးရန် အကြောင်းမဆီလျော်ခြင်းတို့ကြောင့် ၁၉၈၅ မှာ စတာလင်ပေါင်ငွေကြေးနိုင်ငံများ အဖွဲ့မှ နှုတ်ထွက်ခဲ့ပါတယ်။

 ကြွေးတွေ ပြန်မဆပ်ရဖို့ အဲဒီအချိန်က တခုတည်းသော နည်းလမ်းအဖြစ် 
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(LDC) စာရင်းဝင်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ 
ဒီအချက်တွေကို ဘာကြောင့် ပြောပြနေရတာလဲ ဆိုရင်တော့ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ထိပ်သီးနိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံအဖြစ် ဦးနေဝင်းခေါင်းဆောင်တဲ့ မဆလပါတီကြောင့်လို့ သမိုင်းမသိ၊ အထိုးခံရတာ မသိဘဲ အရူးမီးဝိုင်းအော်နေကြတဲ့ ငပိန်းတွေ သိစေဖို့နဲ့ ပြည်သူတွေ သမိုင်းအမှန်ကို သိရှိနားလည်ဖို့ဖြစ်ပါတယ်။ 

ဒီထက်ပိုကောရရင် 
တချိန်တုန်းက အာရှမှာ အချမ်းသာဆုံးဆိုတဲ့ ဂျင်း ကို အခုချိန်ထိ ပြောကောင်းနေဆဲပါ ။ 
လွတ်လပ်ရေးရပြီးစမှာ ဒုက္ခရောက်လွန်းလို့ ဆင်းရဲသွားပြီး 1949 ဖေဖေါ်ဝါရီမှာ နိုင်ငံဝန်ထမ်းများရဲ့ လစာကို 15 % မှ 30 % အထိ လျော့ချခဲ့လို့ အမှုထမ်းသပိတ်ကြီး ဖြစ်ခဲ့ရပါတယ် ။ ချမ်းသာရင် လစာ လျှော့မှာ မဟုတ်တာ သေချာပါတယ်။

အဖွံ့ဖြိုးဆုံးပါလို့ ပြောခဲ့ပေမယ် 1962 ခုနှစ်ထိအောင် သံမဏိစက်ရုံ သကြားစက် ဘိလပ်မြေစက် ပန်းကန်စက် ဂုန်နီအိတ်စက်ရုံ အစရှိတဲ့ စက်ရုံ (10) ပဲ ရှိပါသေးတယ်။

ကုမ္ပဏီပေါင်း 2520 မှာ အကြီးမားဆုံး ကုမ္ပဏီ 380 ကို နိုင်ငံခြားသားတွေ ပိုင်ပါတယ် ။ လူသုံးကုန် 90% လောက် ပြည်ပက သွင်းကုန်အဖြစ် ပြန်ဝယ်ရပါတယ် ။

1953 မှာ ကိုရီးယားစစ်ဖြစ်လို့ ဆန်စျေးတက်ပြီး အရံငွေ 1260.87 သန်းထိ စုလာနိုင်ပါတယ် ။ ချီးကျူးစရာကောင်းတာက အရံငွေလည်း ရှိလာရော ပြည်တော်သာ စီမံကိန်းဆိုပြီး 7500 သန်း ကုန်မယ့် ပြည်သူ့အကျိုးပြု စီမံကိန်း ထလုပ်ရဲတာကို တွေ့ရပါတယ် ။

ဒါပေမယ့် 1955 မှာ ဆန်စျေးပြန်ကျပြီး အရံငွေ 360 သန်းပဲ ကျန်ပါတော့တယ် ။ 1957-58 ဘဏ္ဍနှစ်မှာ ပြည်ပကြွေး US $ 930 သန်း တင်နေပါပြီ ။

ဦးနုအစိုးရရဲ့ ပြည်တော်သာစီမံကိန်း ချေးငွေ ပေါင် သန်း ၃၈၀၊ အာရှဖွံဖြိုးရေးဘဏ်မှ  ချေးငွေဒေါ်လာ သန်း ၂၃၅ တွေ ပြန်ဆပ်ဖို့အထိ အကြပ်ရိုက်ခဲ့တဲ့ လမ်းစဉ်ပါတီရဲ့ သမိုင်းအနစ်ခံပြီး ဘဝတွေ စတေးသွားကြတဲ့သူတွေအတွက် အမှန်တရားကို ဖော်ပြခြင်းသာ ဖြစ်ပါတယ်။
(သမိုင်း မသိတဲ့ အကြီးစွဲများ အလင်းရကြပါစေ။ သမိုင်းဆိုတာ  မ အ အောင်လို့ သင်ရတာလို့ ဒေါက်တာသန်းထွန်းက ဆိုခဲ့တယ်။ စာ မဖတ်၊ စာ မတတ် တွေက နားယောင်ကြားနဲ့ လေပွားနေကြပြန်တော့ မြန်မာ့အနာဂတ်ဟာ မှောင်ချင်တိုင်း မှောင်နေပါလိမ့်အုံးမယ် )

မူရင်းရေးသားသော ဆရာအား  လေးစားဦးညွှန့်လျက်