■ အပ်တိုတစ်ချောင်းတောင်
ကိုယ့်ပြည်တွင်းမှာ မလုပ်နိုင်တဲ့နိုင်ငံအတွက်
နိုင်ငံခြားငွေလိုအပ်ချက်ဆိုတာ
ပြည်ပသုံးကုန်တွေကို သုံးစွဲမှုများလေလေ
လိုအပ်ချက် ပိုများလေလေပါပဲ။
ဒါကြောင့်လည်း ဝန်ကြီးချုပ်က
ကိုယ်ပိုင်ကားတွေ အစား busကားတွေစီးပါ၊
ချိုးခြံချွေတာကြပါဆိုပြီးပြောခဲ့တာပါ…..
ဒါပေမဲ့ ဒီစေတနာစကားဟာ
ငွေကြေးချမ်းသာသူတွေနဲ့
မဖြစ်မနေလုပ်ငန်းသုံးယာဉ်တွေအတွက်တော့
Effect ရှိမှာမဟုတ်ပါဘူး….
■ လက်ရှိနိုင်ငံကို
အများဆုံးတင်သွင်းနေတာကလည်း
စားအုန်းဆီနဲ့ စက်သုံးဆီအများစုပါပဲ…။
စားအုန်းဆီကလည်း အခြေခံစားကုန်ဖြစ်သလို
စက်သုံးဆီကလည်း မော်တော်ယာဉ်ကအစ
ရွှေတူးတဲ့ နေရာတွေမှာအဆုံး သုံးစွဲရတာဖြစ်လို့
လိုအပ်ချက်များနေဦးမှာပါပဲ….
■ ဗဟိုဘဏ်ကနေ
အရစ်ကျ ပြန်ရောင်းပေးတဲ့ဒေါ်လာကလည်း
ဆင်ပါးစပ်ကို နှမ်းပက်သလိုပါပဲ
OIC လိုမျိုး နောက်ကွယ်အဖွဲ့အစည်းတစ်ခုရဲ့
ဝယ်နေခြင်းကိုခံရသလား?
လက်သင့်ရာ နေရာတွေကိုပဲ ရောက်နေသလား?
ဒါတွေလည်း စိစစ်ရမှာဖြစ်ပါတယ်….
■ ဒေါ်လာဈေးဒီလောက်တက်နေတာက
သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုမဟုတ်ပါဘူး
မထိမ်းသိမ်းနိုင်အောင်၊ ဈေးကွက်ပျက်သွားအောင်
ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြတာပါ….
ဒေါ်လာနဲ့ရွှေဈေးတက်တယ်ဆိုပေမဲ့
အခြေခံစားကုန်တွေလည်းတက်ကုန်တာမို့
သာမန်လက်လုပ်လက်စားပြည်သူတွေပါ
ထိခိုက်ကုန်ကြပါတယ်…..
မထိမ်းနိုင်ရင်တော့
လူထုအုံကြွမှုတွေထိဖြစ်လာအောင်
ကြံရွယ်ထားတဲ့ ယုတ်မာမှုတွေဖြစ်ပါတယ်…
■ တကယ်တော့
မထိမ်းချုပ်နိုင်တဲ့နည်းဆိုတာမရှိပါဘူး…
ကြားပြည်သူတွေ ထိခိုက်ကုန်မှာစိုးလို့
ကြောင့်သာဖြစ်မှာပါ….
အရင် မဆလ ခေတ်တုန်းကလည်း
တနိုင်ငံလုံးကို အစိုးရဈေးနဲ့
ဆန်/ဆီတွေရောင်းပေးတာရှိသလို….
တစ်ရက်ကို ဘယ်နှစ်ဂါလံပဲရမယ်ဆိုတဲ့
အစိုးရ ရောင်းတဲ့ ဆီဆိုင်တွေ ရှိခဲ့တာပဲလေ….
■ ဆယ်စုနှစ် ကျော်ထိအောင်
စီးပွားရေးတွေပိတ်ဆို့ခဲ့ကြ၊
မဆလ ၊ နဝတ ခေတ်မှာတောင်
ဖြေရှင်းနိုင်ခဲ့ကြသေးတာ…..
အိမ့်စောင့်အစိုးရ လက်ထက်မှာ
ဒေါ်လာ၊ရွှေဈေးတက်လို့ တိုင်းပြည်ပျက်မယ်ဆိုတာ
အယုံအကြည်မရှိပါဘူး….
အနည်းဆုံးတော့ ခုခေတ်လူငယ်တွေမမြင်ဖူးတဲ့
FEC တွေ ပြန်တွေ့လာနိုင်တာပဲမဟုတ်လား?
လူထုအုံကြွမှုဖြစ်အောင်ရည်ရွယ်တဲ့
နိုင်ငံရေး ကစားကွက်ကို
နစက အချိန်မီဖြေရှင်းနိုင်မယ်လို့
ယုံကြည်နေဆဲပါပဲ......
#ဖိုးစီ