Wednesday, September 29, 2021

🇲🇲မြန်မာတွေ မအကြပါနဲ့🇲🇲


ဒီကနေ့ကမ္ဘာကြီးရဲ့ စစ်ရေးချိန်ခွင်လျှာနဲ့
မြန်မာနိုင်ငံအရေးဆိုတာဟာ လုံးဝ ကို
အတိမ်းအစောင်းမခံတဲ့ အချိန်မှာရှိနေပါတယ်

ကျနော်တို့ ပိုပြီး သတိထားသင့်တာက 
တချိန်ကစစ်ရေးခွင်တွေဟာ မြန်မာပြည်မြေပုံရဲ့
မိုင်ပေါင်း ၆၀၀၀ ကျော်အကွာမှာ ဖြစ်နေကြတာ
အဲ့ဒီလောက် အကွာအဝေးဆိုတာဟာ
တကယ်တွက်ကြည့်ရင် အဆင့်မြှင့် ဒုံးပျံ
Advanced Rocket တွေရဲ့ Target Areaတွေနဲ့
လေးငါးပြန်လောက်သာ လှမ်းနေခဲ့တယ်ပေါ့

ကောင်းပီ ဒီကနေ့မှာ 
ကိုယ့်နိုင်ငံရဲ့ အနားကို ရောက်လာပီ
ဘယ်လိုကြောင့်လည်း? ??
ရှင်းပါတယ် တဟုန်ထိုးတိုးတက်လာတဲ့
အိမ်နီးချင်း တရုပ်နိုင်ငံကြောင့်ပါပဲ
မြန်မာနိုင်ငံနဲ့ နယ်နမိတ်ထိစပ်မျဉ်း
Boundary line ကပ်လျက်ဖြစ်နေလို့ပါဘဲ

ကမ္ဘာတဝှမ်းလုံးရဲ့ Super power ဖြစ်တဲ့
အမေရိကန်ဟာ ဒီကနေ့အချိန်မှာတော့
လူမလေးခွေးမခန့် အဆင့်ဖြစ်နေတဲ့အချိန်
စီးပွားရေး က ကျဆင်း လာတာနဲ့အမျှ
စစ်ရေးမှာ ဆုံးရှုံးမှုများပြားလာတယ်

အဓိကအချက်ကတော့
Basic draft for military creation for the economy.   á€œá€­á€Żá€ˇá€á€ąá€Ťá€şá€á€˛á€ˇ
စီးပွားရေးအတွက် စစ်ရေးဖန်တီးမှု
အခြေခံမူကြမ်း လို့ ခေါ်တဲ့
အင်အားကြီး နိုင်ငံတစ်ခုရဲ့ Influence
လွမ်းမိုးမှုအာဏာ ကြဆင်းလာတာဘဲ ဖြစ်ပါတယ်
နောက်တစ်ခုကတော့ Basic resources
လို့ ပြောရမဲ့ အခြေခံသယံဇာတ မရနိုင်တဲ့
နယ်မြေတွေ ဖြစ်လာတာလည်း ပါဝင်ပါတယ်

ဆိုတော့
ပေါက်ကောင် ဖွင့် ရရင် " မြန်မာ " ဆိုတာ
သူတို့အတွက် မျက်စိကျစရာ ဖြစ်လာတယ်
လူမျိူးရေး ပဋိပက္ခ နိုင်ငံရေး စီးပွားရေး
နယ်ပါယ်စိုးမိုးမှု အခြေခံစတဲ့
အချက်တွေဟာလည်း လက်ရှိအချိန်မှာ
မြန်မာဟာ ဆွပေးရင် ဆွပေးသလောက်
ထိရောက်မှု သက်ရောက်မှု ရှိတဲ့ နိုင်ငံပါ

အမေရိကန် + ဆိုဗီယက် လက်ထက်
အီရန် အီရတ် စစ်ပွဲ တွေ
အမေရိကန် သမ္မတ ရော်နယ်ရေဂင် လက်ထက်
Star war စစ်အေးတိုက်ပွဲ ခေတ်
ဆိုဗီယက် ယူနီယံကြီးကို အစိတ်စိတ်အမွှာမွှာ 
ကွဲထွက်သွားအောင် လုပ်ပစ်ခဲ့ကြတာ လက်တွေ့ပါပဲ

ဆိုဗီယက်လို အင်အားကြီး နိုင်ငံကြီး
ပြိုကွဲ သွားခဲ့ရတယ် ဆိုမှတော့
မြန်မာဆိုတာ သိပ်လွယ်လွန်းနေလိမ့်မယ်
ဒါကို ကြိုတွေးကြိမြင် လို့
တပ်မတော်က ကြိုတင်ကာကွယ်ခဲ့ရတာ
ဒီကနေ့လို အခြေအနေ အထိပေါ့ဗျာ

သိပ်နောက်ကျသွားတယ်လို့ ပြောလို့ရပေမယ့်
သို့သော် အချိန်မှီကလေး ဆိုယုံလည်း ပြောရမယ်
အခုတော့ ထွက်နေသမျှ အစတွေလိုက်သိမ်းပြီး
ဆောင်ရွက်နေရတာ ဒီကနေ့ အခြေအနေပါဘဲ

NLD နဲ့ ဒေါ်စုကြည် ဟာ
တကယ်တော့အကြီးမားဆုံး မီးပွားကြီးပေါ့
သူတို့ရဲ့လမ်းကြောင်းက သိပ်တူတယ်
ဆိုဗီယက်က မီခေးဂေါ်ဗာချော့ ကို
နိုဘယ်ဆုကြီးပေးလိုက်တယ် အသားလွတ်ကြီးပါ
အဲ့ဒီအချိန်က ဆိုဗီယက်မှာ ဆရာကြနေတာက
လက်ရှိသမ္မတ ပူတင်ရဲ့ဆရာ ယဲ့ဆင် ကြီးပေါ့
ဂေါ်ဗာချော့ကို သူတို့ ဖြုတ်ချပေ မဲ့
ဂေါ်ဗာချော့က ဆိုဗီယက်ကို ဖြိူခွဲလိုက်ပြီ
လုံးဝအချိန် မမှီ ခဲ့ကြတော့ဘူး

ကျနော်တို့မြန်မာနိုင်ငံ
ဒေါ်စုကို နိုဘယ်ဆု ပေးလိုက်တယ် 
ဒါပေမဲ့ ကွာခြားသွားတာက
ဆိုဗီယက် တပ်မတော်ကြီးက
ဂေါ်ဗာချော့ကို အာဏာမသိမ်းခဲ့ကြဘူး 
မြန်မာ့တပ်မတော်ကတော့ ရှင်းတယ်
နောက်ဆုံးမှာ အခုလို လှောင်ချိူင့်ထဲ
ထိန်းသိမ်း ထည့်ပစ်ခဲ့ တာပေါ့ ဗျာ

သထိထားမိကြပါသလား?
ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေ
ဒီကနေ့ ဒေါ်စုကြည်အတွက် 
ဘာများပြောတာ ကြားမိကြပါသလည်း???
သူတို့ဒီကနေ့ အမွှန်းတင်ပြောနေတာ
ဒေါ်စုဆိုတာ မဟုတ်တော့ သလို
မြန်မာ့ တပ်မတော်ဆိုတာဟာလည်း
ပြတ်ပြတ်သားသား လုပ်ကိုင်တတ်တဲ့
ခေါင်မာတဲ့သူတွေဆိုတာ သူတို့သိလိုက်ရတယ်

သူတို့ တွက်ကိန်း မှားသွားတယ်
ဒေါ်စုကို ခေါက်ပလိုက်တယ် နားတော့ပေါ့
အခုစလာတဲ့တိုက်ကွက်က ရှင်းတယ်
လူမျိူးရေးပဋိပက္ခ နဲ့ ဒီမိုကရေစီလူ့အခွင့်အရေး
ဒီခေါင်းစဉ် နဲ့ တိုက်စစ်ဆင်ကြတယ်

ပြည်တည် လောက်ထိုးနေတဲ့ အနာကြီးကို
ကျနော်တို့တပ်မတော်က အခုမှ ခွဲတန်တာ ခွဲ
ညှစ်ထုတ်စရာ ရှိတာ ညှစ်ထုတ်
ဖြတ်စရာရှိတာဖြတ် လုပ်နေရတဲ့ ဘဝမျိူး
တွေးဆ ချင့်ချိန်ကြပါ
စဉ်းစား ဝေဖန် ဆင်ချင် ကြပါ
မအ ကြပါနဲ့ မှိုင်းမိမနေကြပါနဲ့

ပြီးတော့
ခင်ဗျားတို့ကျနော်တို့သိတဲ့ နိုင်ငံရေးဆိုတာ
Fbပေါ်မှာ ဖွမယ်လော်မယ် ဆဲမယ်ဆိုမယ် ဒီလောက်ပဲ
နိုင်ငံတကာ သံတမန်ရေးရာ ကိစ္စရပ်တွေ
နယ်စပ် ကုန်သွယ်မှုရေးရာ ကိစ္စတွေ
နိုင်ငံတကာ လူ့ဘောင်စည်းမျဥ်းစည်းကမ်းတွေ
ဒီမိုကရေစီစံနှုန်းစံထားတွေ အစရှိသဖြင့်
ကျနော်တို့ခင်ဗျားတို့ဦးနှောက်နဲ့ လိုက်မမှီနိုင်တဲ့
ကိစ္စရပ်တွေ ပြသာနာတွေ အများကြီးရှိသေးတယ်

အခုချိန်ဟာ 
လက်ညိုး ကွေးနိုင်သူတိုင်း
မြန်မာဆိုတဲ့ မျိူးချစ်စိတ်ဓာတ် ရှိရမဲ့အချိန်ပါ
လ ကမ္ဘာပေါ် ခြေမချနိုင်သေးတဲ့ အချိန်က
မီးပေါက် သေနတ် ခေတ်မှာ မြန်မာတွေ 
အ ခဲ့ကြလို့ အနှစ်တစ်ရာကျော် ကျွန်ခံခဲ့ရပြီ

ဒီကနေ့ ဒုံးပျံခေတ် အာကာသဆိုတာ
ပိုက်ဆံရှိရင် အလည်အပါတ်သွားနိုင်တဲ့ အချိန်
ဒီလို အချိန်မှာ ကျနော်တို့ကျွန်ဖြစ်ခဲ့ရင် 
နှစ်ပေါင်း ထောင်ချီ သွားနိုင်တယ်ဆိုတာ
စဉ်းစား မိကြပါစေလို့ တိုက်တွန်းရင်း

မြန်မာတွေ မအ" ကြပါနဲ့ လို့
သတိပေးရေးသားလိုက်ပါရစေခင်ဗျာ...။

ပြန်လည်မျှဝေသည်
Sitt Yan Naing
#WeSupportMyanmarArmy
#WeRejectNUG
#NLDHardcoreTerrorists
#NUGTerrorists
#PDFTerrorists
#GZTerrorists
#WhatHappeninginMyanmar

Related Posts:

  • အလှူခံပြီး...တာဝန်ကြတော့မခံ...     á€–á€ąâ€‹á€–á€ąá€Źá€şá€á€Ťá€›á€Ž(၁)ရက်နေ့နောက်ပိုင် NUG အတွက် အလှူခံပွဲတွေ ဆက်တိုက် အမေရိကမှာ၊ ဂျပန်မှာ၊ စင်ကာပူမှာ၊ ယိုးဒယားမှာ အလှူငွေတွေ ဒေါ်လာသိန်းချီရတယ် ဆိုပဲ အောက်ခြေ PDF တွေလက်ထဲ ဘယ်နှပြားရောက် လည်းတော့မသိဘူး။ အူကြောင်… Read More
  • ဇောက်တိ ဇောက်ထိုး နိုင်ငံရေး          Covid ကာလမှာ အိမ်တွင်းပုန်းရင်း ရောက်တတ်ရာရာတွေကို တွေးနေမိရင် ကိုယ်ကောင်းစွာ သိမှီရလိုက်တဲ့ မဆလ ခေတ်ကနေ ဒီကနေ့အထိ နိုင်ငံဖြစ်စဥ်တွေ အခင်းအကျင်းတွေကို ပြန်စဥ်းနေမိပါတယ် ။     … Read More
  • ဝေဝေနု ကိုလျှော့တွက်ထားပါသလား ? ချိန်သားကိုက်ပေါ်လာတာ အကြောင်းမဲ့ဟုထင်နေပါသလား ? ******************************ဝေဝေနု ဟားဗက် ကျောင်းဆင်း နိုင်ငံတကာဥပဒေပညာရှင်ဖြစ်***********************************ဝေဝေနု လက်ထဲ မှာယင်းတို့အလိုကျ ရေးဆွဲပြီးသား အခြေခံဥပဒေ… Read More
  • #ရွှေစွန်ညိုဘာလိုလို့ဝဲတာလဲ?မြန်မာကို သူတို့ဖြစ်စေချင်တာကဒေါ်စုပြန်လာဖို့မဟုတ်ဘူး၊ဒေါ်စုကိုလဲ သူတို့ကမယုံကြည်တော့ဘူးသူတို့ဖြစ်စေချင်တာကမြန်မာကို Collasped State ဆိုတဲ့အစိပ်စိပ်အမွှာမွှာ ပြိုကွဲပြီး၊ ပြည်တွင်းစစ်ဖြစ်စေချင်နေတာ၊တပ်မတော်ရှိနေတော့ချက်ချင်း … Read More
  • ပါးပါးလေးပါ၁၇၂ ယောက်😁😁😁#နစကမှလက်ရှိထိန်းသိမ်းထားသူများစာရင်း၁။ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်အတိုင်ပင်ခံ)၂။ ဦးဝင်းမြင့် (နိုင်ငံတော်သမ္မတ)၃။ ဦးဟင်နရီဗန်ထီးယူ (ဒု-သမ္မတ ၂)၄။ ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ)၅။ မန်းဝင်းခိုင်သန်း (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ)၆။ ဦးထွန်းထွန်းဟိန် (ပြ… Read More